Skip to main content

မိုးဗြဲ ဒီမော့ဆို

 မိုးဗြဲနှင့် ဒီမော့ဆိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့(Video)

ရန်ကုန်၊ ဇွန် ၆
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ် မိုးဗြဲနှင့် ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏ နေအိမ်များကို ယနေ့ မီးတင်ရှို့ကြောင်း ဒေသခံများနှင့် မျက်မြင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မီးတင်ရှို့ခံရသည့်နေအိမ်များသည် လူမရှိဘဲ စစ်ဘေးရှောင်ထွက်ပြေးနေရသည့် အိမ်များဖြစ်ကြောင်း သိရှိရသည်။
"သူတို့ကလေ ဒီမော့ဆိုမြို့ထဲ အထိ ပစ်ခတ်ဝင်လာတယ်။ နောက်ပြီး တစ်ဖက်နဲ့ တစ်ဖက်အပြန် အလှန်ပစ်တယ်။ ဒီဘက်က ပြည်သူ့အဖွဲ့တွေ နောက်ဆုတ်ရင် သူတို့ ရှေ့တိုးလာပြီး အကာ အကွယ်ယူပြီး သူတို့ကို ပစ်ခတ်တယ်လို့ ထင်တဲ့ နေအိမ်တွေကို မီးတင်ရှို့တော့တာပဲ။ ဓာတ်ဆီပုံးတွေ သူတို့ဆီမှာ တစ်ခါတည်းပါလာတာလည်း တွေ့ရတယ်" ဟု ဒီမော့ဆိုတွင် ပြည်သူတချို့၏ နေအိမ်များ မီးရှို့ခံရမှုကိုယ်တိုင် တွေ့မြင်ရသူ ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ မိုးဗြဲတွင်လည်း ပြည်သူတချို့၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့သည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
"သူတို့လူတွေ လမ်းလျှောက် ခြေလျှင် ချီတက်လာတယ်။ အဲဒီမှာ သူတို့ စိတ်မထင်ရင် မထင်သလို လမ်းဘေးနားက အိမ်တွေကို ဝင်ရှို့သွားတာ။ ရပ်ကွက်အတွင်းထဲထိတော့ မဝင်ဘူး။ လမ်းဘေးနား အိမ်ကြီးအိမ်ကောင်းတွေကို ရှို့တာ။ အိမ်နည်းနည်းမကောင်းရင်တောင် သူတို့မရှို့ဘူး" ဟု မိုးဗြဲဒေသခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့တွင် ရပ်ကွက်၊ မြိုရွာများ၊ ပြည်သူများ၏ နေအိမ်များအတွင်းမှ အကာအကွယ်ယူ တိုက်ခိုက်နေမှုများကို တိုက်ခိုက်ချေမှုန်းမည်ဟု ကြေညာပြီးနောက် တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းနှင့် ဘုရားကျောင်းများကိုပါ မချန် ပစ်ခတ်ဖျက်ဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်လာနေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲတွင် ညအချိန်အထိ ပြည်သူနေအိမ်များကို မီးလိုက်ရှို့ ​နေပြီး ကုန်စုံဆိုင်များကို သော့ရိုက်ဖွင့်ပြီး ပစ္စည်းတွေကို ကားပေါ်တင်ခိုးယူသွား​ကြောင်း ကရင်နီလူငယ်အစည်းအရုံး UKSY က ​သတင်းထုတ်ပြန်သည်။

အလံဖြူ​ထောင်ထားသည့် ဒီ​မော့ဆို ရှိ ငြိမ်းချမ်းခြင်းသခင်မ ဘုရား​ကျောင်း​တော်ကို အကြမ်းဖက် စစ်​ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရည်ရွယ်ပစ်ခတ်၍ ဘုရား​ကျောင်း​တော်မျက်နှာစာ ပျက်စီး​နေသည်ကို ဇွန်လ ၆ ရက်​နေ့ ည​နေပိုင်းတွင်​တွေ့မြင်ရသည်။
Photo Credit-CJ



ဒီ​မော့ဆိုတွင် လူ​နေရပ်ကွက်များအတွင်းသို့ ယ​နေ့ နံနက်ပိုင်းမှစတင်၍ အကြမ်းဖက်စစ်​ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်​နေပြီး မ​ပေါက်ကွဲ​ဘဲ ရှိ​နေသည့် လက်နက်ကြီးကျည်များလည်း ရှိ​နေ​ကြောင်း သိရှိရသည်။




ကယားပြည်နယ်၊ဒီ​မော့ဆိုတွင် ယ​နေ့နံနက်ပိုင်းမှစတင်၍ အကြမ်းဖက်စစ်​​ကောင်စီတပ်က ရပ်ကွက်နှင့်လူ​နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးလျက်ရှိ​ကြောင်း PKPF တိုးတက်​သောကရင်နီပြည်သူ့အင်အားစုက သတင်းထုတ်ပြန်သည်။


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...