Skip to main content

၂၀၂၁-၀၆-၁၈ စစ်ရေး

မြင်းခြံတွင် ယာဥ်ထိန်းရဲ ၁ ဦး ​သေနတ်ပစ်ခံရပြီး ​သေ ဆုံး

ရန်ကုန်၊ ဇွန် ၁၈ 

မြင်းခြံမြို့၊ အမှတ်၁၉ စွန်းလွန်းရပ်ကွက်  ရတနာမိုးစတိုးဆိုင် အနီး  ယ​နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ယာဥ်ထိန်းရဲ တစ်ဦးသေနတ်ဖြင့်အပစ်ခံရ သေဆုံး သွား​ကြောင်း ​ဒေသသတင်းရင်းမြစ် မြင်းခြံ News ၏ သတင်း​ဖော်ပြချက်နှင့် ​​ဒေသခံများ၏သတင်း​ပေးပို့ချက်အရ သိရှိရသည်။

မြင်းခြံ Zero ​ပြောက်ကျားအဖွဲ့ကလည်း ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရ​ကြောင်း ၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ​ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေပြီး လမ်းများပိတ်ကာ ရှာဖွေစစ်ဆေးနေသည်ဟု ​ဒေသခံများ၏ ​ပြောဆိုချက်အရ သတင်းရရှိသည်။

Photo - CJ



တာမွေတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားပြီး စစ်ကားတစ်စီး မီးလောင်ပျက်စီးကာ စစ်သားတချို့ထိခိုက် သေဆုံးမှု ရှိဟု သိရ

ဇွန် ၁၈

တာမွေမြို့နယ်တွင် ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ဝန်းကျင်က ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားတချို့လည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။

၁၄၇ လမ်းအနီးရှိ ကြံ့ဖွံ့ပါတီရုံးအနီး လုံခြုံရေးယူ ထားတဲ့ စစ်ကားပေါ်မှာ ပေါက်ကွဲမှု ဖြစ်ကာ စစ်ကား မီးလောင်ပျက်စီးသွားပြီး စစ်သားတချို့လည်း ထိခိုက်‌ သေဆုံးမှု ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

မရှေးမနှောင်းမှာပဲ ၁၅၅ လမ်းမှာလည်း တက္ကစီတစ်စီးပေါ်မှာ ဗုံးပေါက်ကွဲ ခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးလက်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ စခန်း ၄၀ နားမှာလည်း ဗုံးထပ်မံ‌

ပေါက်ကွဲခဲ့ကြောင်း သိရပေမယ့် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ယာဉ်အမှတ် ၆၅၆၅ Faw ယာဉ်မှာ မီးလောင် ခဲ့ပြီး ရတဖ(၂၆) မှ ဒုရဲအုပ် ဇေယျာနှင်းဦး(သေဆုံး)၊ မင်္ဂလာဒုံတပ်နယ်မှ တကက ကိုကိုမောင် (ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တသ ဟိန်းခန့်ဇော် (ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တသ နေလင်းကိုကို(ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ)၊ တက အောင်နိုင်ထွေး (ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)နှင့် ရတဖ(၂၆)မှ ရဲတသ ဟိန်းမင်းဦး (ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)၊ ရဲဒုတက အောင်သူ(ဒဏ်ရာစိစစ်ဆဲ၊ မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း၊ ၎င်းအနီးရှိ Vitz ယာဉ်ပေါ်တွင် ပေါက်ကွဲခဲ့သဖြင့် ကျား(၁)ဦးသေဆုံး၊ ကျန် ကျား(၁)ဦး ဒဏ်ရာစိစစ်ဆဲ၊ စိုးရိမ်ရ



သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၅ လမ်းရှိ  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်၊ စစ်သား ၁ ဦးနှင့် သတင်းပေး ၂ ဦး ဒဏ်ရာရဟုဆို၊ လှိုင်သာယာတွင်လည်း ဗုံး ၅ လုံးထက်မနည်းကွဲ စစ်သား ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၈ 

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၅ လမ်းရှိ ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ညနေ ၆ နာရီ ၂၆ မိနစ်အချိန် ဗုံးပေါက်ကွဲပြီး စစ်သား ၁ ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် လာရောက်ရုံးထိုင်နေသည့် ဒလန်သတင်းပေး ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

"လူနာတင်ကားတွေနဲ့  ၃ ဦး ခေါ်သွားတယ်။ စစ်သား ၁ ဦး လဲကျနေတယ်။ ရပ်ကွက်ရုံးမှာ လာပြီးတော့ ရုံးထိုင်တဲ့ ဒလန်သတင်းပေး ၂ ဦးကတော့ ဒဏ်ရာရတယ်။ ဒါပေမယ့် မစိုးရိမ်ရလောက်ဘူး။  ၂ ဦးက လမ်းလျှောက်နိုင်သေးတယ်။ ဗုံးပေါက်သံကတော့ အူထွက်သွားတာပဲ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရှိရသည်။

အလားတူ လှိုင်သာယာမြို့နယ်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ဗုံး ၅ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး   စစ်သား ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဓာတ်ပုံ- ငမိုးရိပ် ၅ လမ်းရှိ ငမိုးရိပ် ရပ်ကွက်ရုံးဗုံးပေါက်ကွဲစဉ်။ 


Photo Credit- CJ

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...