Skip to main content

ဒုဗိုလ် ရှေးဖဲ

ပြည်သူများကို ကယ်ထုတ်ရင်း ကျဆုံးခဲ့သူ ဒုဗိုလ် ရှေးဖဲ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရင်း ဒုဗိုလ် ရှေးရယ်( ရှေးဖဲ) ယမန်နေ့က ကျဆုံးခဲ့ရသည်။ 

ဇွန်လ ၁၁ရက်၊ မွန်းလွဲပိုင်းက ပြည်သူများကို ကယ်ထုတ်ရင်း ဒီးမော့ဆိုအရှေ့ခြမ်း ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။ 

နေရာအတိအကျဆိုလျှင် ဒေါခူလီရွာ အရှေ့ဘက် (၂)မိုင်ခန့်တွင် ၃နာရီကျော်ကြာဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကရင်နီပြည်သူများကို ကာကွယ်ရင်း ဒုဗိုလ် ရှေးဖဲ ကျဆုံးခဲ့ရခြင်းဖြစ်သည်။ 

ဒုဗိုလ် ရှေးဖဲသည် ဒီးမော့ဆိုအရှေ့ခြမ်းဇာတိဖြစ်ပြီး ကရင်နီတပ်မတော်သို့ ၂၀၁၃ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး အခြေခံစစ်ပညာ၊ အရာရှိသင်တန်း၊ စွမ်းရည်မြှင့်သင်တန်းများ တက်ရောက်ခဲ့သူဖြစ်သည်။ 

ကရင်နီတပ်မတော် အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၂)တွင် တာဝန်ထမ်းနေသူဖြစ်ပြီး လတ်တလော ကရင်နီပြည် တိုက်ပွဲပြင်းထန်နေချိန် ပြည်သူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ရေး တာဝန်ယူရသူဖြစ်သည်။ 

ဒု-ဗိုလ်ရှေးဖဲမကျဆုံးမီအထိ ၎င်းအနေနှင့် တိုက်ပွဲအတွင်း တာဝန်ထမ်းဆောင်နေစဉ် စစ်ဘေးရှောင်

ကရင်နီပြည်သူ (၁၀၀) ကျော်ကိုဘေးကင်းလုံခြုံရာ နေရာသို့ပို့ဆောင်နိုင်ခဲ့သည်။ 

ဒီးမော့ဆိုသို့တာဝန်ဖြင့် ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိပြီး ကျဆုံးချိန်တွင် အသက် (၃၀) နှစ်ရှိပြီး ဇနီးသည်နှင့် ရင်သွေးငယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ကရင်နီပြည် လူငယ်သမဂ္ဂက ဖော်ပြသည်။ 



Photo - YKSY

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...