Skip to main content

၂၀၂၁-၀၆-၃၀ အထွေထွေ

ဟားခါးမြို့နယ် အဝင်ရှိ ဘုံးဇုံး ရဲစခန်း ဝင်အတိုက်ခံရ၊ စစ်သားနှင့် ရဲ ၂၀ ခန့် သေဆုံး

ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အဝင်ရှိ လုံခြုံရေးဂိတ်တခုအနီးတွင် ရှိသည့် ဘုံးဇုံး ရဲစခန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့ များက မနေ့က မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ 

CDF(ဟားခါး)၏ သတင်းထုတ်ပြန်ချက်အရ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၅ နာရီ မိနစ် ၄၀ မှ ၁၁ နာရီ အထိ ဘုံးဇုံး ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လူ ၂၀ သေဆုံးခဲ့ပြီး CDF ဘက်မှ အကျဆုံး မရှိဘဲ မစိုးရိမ်ရသော အသေးစားဒဏ်ရာ ရရှိသူ တဦးသာ ရှိခဲ့ကြောင်း သိရသည်။ 

“ဟားခါးမြို့ မှာ အဝင်ဂိတ် ရှိတဲ့နေရာမှာ ရဲစခန်းတခု ရှိတယ်။ အဲဒီနေရာမှာ ရှိတဲ့ အဝင်ဂိတ်ကို CDF က ဝင်ဖြိုတာ။ ရဲတွေ တော်တော် ကျတယ်။ မနေ့က ပစ်တုန်းက ကျနော်တို့ သဲတွေ သွားသယ်တဲ့ ကားတွေတောင် ပိတ်မိနေသေးတယ်။ ပစ် တာလည်း တော်တော်ကြာတယ်။ တိုက်ပွဲပြီးတော့ CDF ဘက်က ပြန်ဆုတ်သွားတယ်”ဟု ဟားခါးမြို့ ခံတဦးက ပြောသည်။ 

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများက ချင်းကာကွယ်ရေးတပ်ဖွဲ့ များ ဖွဲ့စည်းပြီး စစ်ကောင်စီ လက်နက်ကိုင် တပ်များကို ရရာ လက်နက်ဖြင့် မေလမှ စတင်၍ တော်လှန်လျက်ရှိရာ နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ယနေ့အချိန်အထိ ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၅၀ ကျော် ရှိမည်ဟု ခန့်မှန်းထားရာ ယနေ့တွင် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသူ လူ ၄၁ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။ 


အင်းစိန်မြို့နယ် ပိန္နဲကုန်းနေ ဒလန်ဟုသမုတ်ခံရသူတစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း အင်းစိန်မြို့နယ်တွင်နေထိုင်သူများက ပြောသည်။

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၈ နာရီကျော်တွင်ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ ဦးမောင်မောင် (အသက် ၅၀ နှစ်) ဖြစ်သည်။

" သေနတ်နဲ့ သုံးချက်ပစ်သွားတယ်။ သူ့မြေးကို ကျောင်းသွားပို့ရင်းပြန်အလာမှာ အပစ်ခံရတာ" ဟု အင်းစိန်မြို့နယ် နေသူတစ်ဦးက ပြောကြားသည်။

အပစ်ခံရသည့်နေရာမှာ အင်းစိန်မြို့နယ် သရက်ခြံ (၃) လမ်းရှိ လမ်းဖြတ်နေရာတွင် အပစ်ခံရခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ဦးမောင်မောင်သည် ဆန္ဒပြသူများ၏ သတင်းကို စစ်ကောင်စီကို ပေးပို့ခြင်းများရှိကြောင်း ဒေသခံများက စွပ်စွဲထားကြသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားခဲ့သည့် သရက်ခြံလမ်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ထားပြီး စစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ-အခင်းဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်က စစ်ဆေးနေခြင်းဖြစ်သည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...