Skip to main content

၂၀၂၁-၀၆-၀၈ စစ်ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်စီးနင်းခဲ့ရာ ရွာသားများက ဝိုင်းဝန်းခုခံကြသဖြင့် တစ်နာရီကျော်ကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

“ဦးဇင်းကျောင်းရဲ့ အနောက်ဘက်မှာ သင်တန်းပေးတယ်လို့ သတင်းရလို့ ဝင်လာတာလို့ ပြောတယ်။ စစ်သင်တန်းပေးတယ်ဆိုပြီး အကြောင်းပြတာပေါ့။ ဦးဇင်းတို့မှတ်ပုံတင်တွေရော၊ စာရွက်စာတမ်းတွေ အကုန်သိမ်းသွားတယ်။ စားစရာတွေလည်း အကုန်စားသောက်သွားတာ။ လက်ဖက်ခြောက်ကအစ မချန်ခဲ့ဘူး” ဟု ကျောင်းထိုင်ဆရာတော် ဦးသုဇာတက မိန့်သည်။

ယနေ့ (ဇွန် ၈ ) နံနက် ၇ နာရီအချိန်က ဒီပဲယင်းမြို့နယ်တောင်ဘက် ၁၀ မိုင်အကွာရှိ ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က အင်အား၃၀ ခန့်ဖြင့် ပစ်ခတ်စီးနင်းမှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း - PDF) က ဒေသလက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့၍ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ပစ်တာတွေက ဦးဇင်းကျောင်းထဲမှာပဲ။ ရွာသားတွေက ကျောင်းထဲမှာရှိတဲ့ စစ်သားတွေကို လှမ်းပစ်တာ။ သူတို့တွေက လက်နက်ကြီးနဲ့ပစ်တော့ ကလေးတွေက ရှေ့မတိုးရဲဘူး။ လက်နက်ကြီးနှစ်လုံးသုံးတယ်။ တိုက်ပွဲဖြစ်နေချိန်ပစ်တာတွေက သစ်ပင်တွေပဲမှန်တာ။ ရွာသားတွေက မခံနိုင်လို့ တိုက်ပွဲဖြစ်တယ်။ တစ်နယ်လုံးမှာရှိတဲ့ PDF တွေက လာကူကြတယ်”ဟု ဦးသုဇာတက မိန့်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဘုန်ကြီးကျောင်းနှင့် နှစ်မိုင်ကျော်အကွာတွင် စစ်ကားသုံးစီးကို ရပ်ခဲ့ကာ လယ်ကွင်းများကို ခြေလျင်ဖြတ်၍ ဝင်လာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။ 

ဒေသခံများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြန်လည်မဆုတ်ခွာမီ စစ်ကောင်စီတပ်က ကျောင်းတိုက် ပြတင်းပေါက်မှန်တံခါးများ၊ အခန်းများကို ရိုက်ခွဲဖျက်ဆီးခဲ့သည့်အပြင် ဆိုင်ကယ်လေးစီးနှင့် ငွေကျပ် ၁၅ သိန်းကို ယူဆောင်သွားခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

“ဒီပဲယင်းမြို့နယ်အကုန်လုံးက ဝိုင်းတိုက်ကြမယ်ဆိုပြီး အသံလွှင့်လာတော့ သူတို့က တွေ့ရာ ရမ်းပစ်သွားတာ။ တိုက်ပွဲက ဟိုဘက်(စစ်တပ်) ဒီဘက်(ရွာသား) ထိခိုက်မှုတော့ မရှိပါဘူး။ ကျောင်းကိုတော့ အတော်ဖျက်ဆီးခဲ့ပါတယ်"ဟု ဆရာတော် ဦးသုဇာတက ပြောသည်။  

ယနေ့တိုက်ပွဲအတွင်း ရွာသားများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း လမ်း၌တွေ့သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အရာတော်ဘက်သို့ ချီတက်သွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာ၌လည်း လက်နက်ပြုလုပ်နေသည်ဟု စွပ်စွဲ၍ စစ်တပ်က နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားသုံးဦးကို ဖမ်းဆီးသွားသည်ဟု ဒေသခံအချို့က ပြောသည်။ 

“အိမ်တစ်အိမ်ကို ဖျက်ပစ်လိုက်တယ်။ သစ်သားအိမ်၊ ဝါးကပ်ကာပေါ့ဗျာ။ ရိုက်ဖျက်ပစ်တာ။ သူတို့ (စစ်တပ်) က ရွာထဲကို ဝင်လာကတည်းက သေနတ်ဖောက်ပြီး ဝင်လာကြတာ”ဟု စစ်တပ်၏ စီးနင်းမှုကို ကြုံတွေ့ရသည့် အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်လုပ်တူမီးသေနတ်ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မေ ၂၇ တွင်လည်း အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်ကတော့ အိမ်မှာမရှိဘူး။ အဖေ့ကို ခေါ်သွားတယ်။ ကျွန်တော့်အိမ်အရှေ့ဘက်က ဝက်သားခုတ် (ဝက်သတ်နေ) နေတဲ့သူကိုလည်း ခေါ်သွားတယ်။ လောလောဆယ်တော့ ရွာသားတွေက ရှောင်နေကြတာတွေလည်းရှိတယ်" ဟု ၎င်းက ပြောသည်။

ကင်မွန်းတော်ရှိ နေအိမ်သုံးလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် အဖိုးတန်ပစ္စည်းများကို ယူဆောင်၍ ဆိုင်ကယ်၊ ဗီဒီယိုများကို ရိုက်ခွဲဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံအချို့က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြန်လည်ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ချောင်းဦး၊ ဒီပဲယင်းမြို့နယ်များအတွင်း စစ်ကောင်စီက လက်နက်ရှာဖွေမည်ဟု အကြောင်းပြ၍ ဇွန်လဆန်းပိုင်းမှစ၍ တစ်ရွာပြီး တစ်ရွာ ဝင်ရောက်စီးနင်းလျက်ရှိရာ ဒေသခံများကလည်း လက်လုပ်သေနတ်များဖြင့် ပြန်လည်ခုခံလျက်ရှိသည်။ 

ယဉ်ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ကင်းမွန်းတော်ရွာ ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီထံ စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။

မင်းတပ်မြို့နယ်တိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး 

မင်းတပ်မြို့နယ်မှာ ဒီမနက်မိုးလင်းချိန်ကစပြီး လက်နက်ကြီးပစ်ခတ်သံကြားရပြီး  စစ်မျက်နှာ သုံးခုလုံးမှာ CDF က အပြင်းအထန် ခုခံနေရတယ်လို့ ဒေသခံတွေထံမှ ကနဦးသတင်းရရှိပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အာဏာလုစစ်ကောင်စီတပ်နဲ့ CDFတို့ ယနေ့ (ဇွန် ၈) တိုက်ပွဲ တွင် CDF တပ်ဖွဲ့ဘက်က အသက် ၁၈ နှစ်အရွယ် ဆလိုင်းလိန်းယောအွမ်ကျဆုံးသွားပါတယ်။

ယနေ့နံနက်ပိုင်းက မင်းတပ်မြို့နဲ့ ၁၀ မိုင်အကွာဘုရားစခန်းကျေးရွာနဲ့ ယှက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ အဓိကအသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခုချိန်ထိ CDF မင်းတပ်တပ်ဖွဲ့ဝင် ၂၂ ဦးက တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စတေးကြပါပြီ။



ထန်တလန်တွင် စစ်ကား၄ စီး မအလတပ်တွေထပ်ရောက်

ဟားခါးဘက်ကနေ ထန်တလန်မြို့ကို စစ်ကား ၄ စီးအပြည့်တင်ထားတဲ့ မအလတပ်တွေ ဒီနေ့ ညနေပိုင်း ထပ်ရောက်လာတယ်လို့ ကနဦးသတင်းရရှိပါတယ်။ 

ဒီမနက်ပိုင်းမှာလည်း ထန်တလန်ကနေ ရိနယ်စပ်ဘက်သွားတဲ့လမ်းမှာ စစ်သား ၅၀ လောက် ခြေလျင်နဲ့ သွားနေကြတယ်။ CNF နဲ့ NUG တို့ပူးပေါင်းပြီးနောက် မအလတပ်တွေက CNF ဌာနချုပ်ရှိရာ ထန်တလန်တွင် စစ်အင်အားဖြည့်တင်းနေတာဖြစ်တယ်။

ထန်တလန်ကနေ ရိဘက်ကို စစ်ကောင်စီတပ် ၅၀ လောက်ခြေလျင်နဲ့သွားနေ။ ဟားခါးမြို့က စစ်ကောင်စီတပ် ၅၀ လောက်ဟာ ဒီမနက်ထန်တလန်ဘက်သို့သွားပြီး ရိနယ်စပ်ဘက်သွားတဲ့လမ်းဘက်ကို ခြေလျင်နဲ့ ဆက်သွားကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဲ့ဒီလမ်းဟာ CNFတပ်တွေ ပြည်မဘက်ဝင်လာမယ့် လမ်းကြောင်းလည်းဖြစ်ပါတယ်။

တိုက်ပွဲကြောင့် CDF-Mindat ဘက်က အာဇာနည် သူရဲကောင်း ၂၁ ဦးကျဆုံးပြီ

မင်းတပ်မြို့နယ်တွင် အကြမ်းဖက် စကစတပ်များနှင့် ဒေသခံ Chin Defense Force - CDF (Mindat) တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကျဆုံးခဲ့သော CDF- Mindat အာဇာနည် တော်လှန်ရေးရဲဘော်များ။

၁။ ဆလိုင်း ထန်းဟုန်းထန်း (မေ ၁၃၊ဂေါက်ကွင်းတိုက်ပွဲ)

၂။ ဆလိုင်း မာန်ကီးထန်း (ဂေါက်ကွင်းတိုက်ပွဲ)

၃။ ဆလိုင်း ဟုန်းအွမ်ဟုန်း (ဂေါက်ကွင်းတိုက်ပွဲ)

၄။ ဆလိုင်း ထန်းပက် (ဂေါက်ကွင်းတိုက်ပွဲ)

၅။ ဆလိုင်း ခွီရှိန်းနင် (မေ ၁၄၊ ဂေါက်ကွင်းတိုက်ပွဲ)

၆။ ဆလိုင်း ဟာခွီရှိန်း (ဂေါက်ကွင်းတိုက်ပွဲ)

၇။ ဆလိုင်း ကီးတမ် (မေ ၁၃၊ ၃၅ မိုင် တိုက်ပွဲ)

၈။ ဆလိုင်း ကီးရှိန်း (အနောက် ၃၈ မိုင်တိုက်ပွဲ၊ မေ ၁၇)

၉။ ဆလိုင်း လိန်းကီး (အနောက်တိုက်ပွဲ)

၁၀။ ဆလိုင်း လိန်းရွှီ (အနောက်တိုက်ပွဲ)

၁၁။ ဆလိုင်း ထန်းနိုင်း (ပူကွန်းတိုက်ပွဲ ၂၁.၅.၂၀၂၁)

၁၂။ ဆလိုင်း တမ်လိန်း (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)

၁၃။ ဆလိုင်း ဒါဝိတ် (ပူကွန်းတိုက်ပွဲ ဗုံးထိ - ၂၆.၅.၂၁)

၁၄။  ဆလိုင်းထန်းလိန်း (ခွဲလုံသာတိုက်ပွဲ - ၃၀.၅.၂၁)

၁၅။ ဆလိုင်း ချွဲလိန်း (ခ) ရှောင်လင် (ဇွန် ၄၊ ရွှေအောင်သာတိုက်ပွဲ)

၁၆။ ဆလိုင်း ရှိန်းအောင်ထန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)

၁၇။ ဆလိုင်း ထန်းလိန်း (ဇွန် ၄၊ မယ်လယ်ကုန်းတိုက်ပွဲ)

၁၈။ ဆလိုင်းငိုင်းရှိန်းမာန် (ဇွန် ၆၊ ယှက်တိုက်ပွဲ)

၁၉။ ဆလိုင်းထန်းမာန် (ဇွန် ၆ ချောင်းဆုံတိုက်ပွဲ)

၂၀။ ဆလိုင်းဟာဖေ (ဇွန် ၆၊ ချောင်းဆုံတိုက်ပွဲ)

၂၁။ ဆလိုင်းလင်နိုင်း (ဇွန် ၇၊ ယှက်တိုက်ပွဲ - ရွာထဲတွင် ထမင်းစားနားစဥ် လက်နက်ကြီးထိမှန်ကျဆုံး)

Crd : မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး - သတင်းအဖွဲ့

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...