Skip to main content

၂၀၂၁-၀၆-၀၅ စစ်ရေး

ကျုံပျော်လှေဆွဲကျေးရွာတွင် ကလေး၊ အမျိုးသမီးအပါအဝင် ပြည်သူ ၁၇ ဦးကို အစုလိုက်အပြုံလိုက် စစ်ကောင်စီတပ်က သတ်ဖြတ်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာတွင် ယနေ့(ဇွန် ၅) နံနက် ၃ နာရီခွဲဝန်းကျင်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာသို့ ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများနှင့်ပဋိပက္ခဖြစ်ရာ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၂ ဦး အပါအဝင် ပြည်သူ ၁၇ ဦးကို သတ် ဖြတ်လိုက်ပြီး ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုသည်။ 

ကျောင်းဆရာမ၏ လက်နက်သတင်းမှားပေးမှုမှ စတင်

ကျုံပျော်မြို့နယ်၊ လှေဆွဲကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းတက်သူ ကျောင်းသား၊ ကျောင်းသူတစ်ဦးမှ မရှိရာ ယင်းမရှိမှု အပေါ် ကျောင်းဆရာမနှင့်ကျေးရွာအကြား အခြေတင်ဖြစ်ပေါ်သည်။ ယင်းနောက် ကျောင်းဆရာမက လှေဆွဲကျေးရွာတွင် လက်နက်များ ဖွက်ထားပါသည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်ထံသို့ သတင်းမှားပေးခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၅ ရက်နေ့ နံနက် ၃ နာရီခွဲဝန်းကျင်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်နက်များကို ရှာဖွေပြီး ကျေးရွာသားများကို ရိုက်နှက် ဖမ်းဆီးမှု များလုပ်ဆောင်သည်။ ယင်းသို့ ကျေးရွာအပေါ် မတရား ဖိနှိပ်မှုများကို ကျေးရွာသားများက မခံမရပ်နိုင်ဖြစ်ရာ ကျေးရွာသားများက ရရလက်နက်များဖြင့် ပြန်လည် ခုခံကြသည်။ 

PDF မဟုတ်ဘဲ ရွာသားများက ကျောက်ခဲ၊ လေးခွများဖြင့် ခုခံ ပစ်ခတ်

အကြမ်းဖက်စစ်ကောင်စီတပ်များက လှေဆွဲကျေးရွာသားများအပေါ် ဖိနှိပ်လွန်းသဖြင့် ကျေးရွာသားများက လောက်လေးခွများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးခံ ရွာသားများ လွတ်မြောက်ရေး စတင်ကြိုးစားကြသည်။ နံနက် ၇ နာရီခွဲကျော်မှစတင်၍ ရွာသားများက ပြန်လည် ခုခံခြင်းဖြစ်ပြီး  ၎င်းတို့၏ အဓိက လက်နက်မှာ လောက်လေးခွဖြင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်သည်။ 

စနိုက်ပါ လက်နက်ကြီးများဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို သတ်ဖြတ်

အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့်​ လှေဆွဲကျေးရွာကို ၀ိုင်းလိုက်ပြီး မည်းမည်းမြင်ရာကို စနိုက်ပါ ၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သည် ။ ယင်းသို့ ပစ်ခတ်မှုများကြောင့် လေးခွ၊ ဂတ်စ်လက်နက်တချို့ဖြင့် ခုခံသော ကျေးရွာသားများ ကျဆုံးသည့်အပြင် ကျေးရွာအတွင်းမှ ထွက်ပြေးသော ၄ နှစ်သားအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၂ ဦး ကိုပါ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့သည်။ 

ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မရှိဘဲ ကျေးရွာသားများက စစ်တပ်၏ ရက်စက် ဖိနှိပ်မှုကို မခံနိုင်ရာမှ ပြန်လည် ခုခံခြင်းဖြစ်သည်။ ယင်းကျေးရွာတွင်လည်း လက်နက်ဟူ၍ မယ်မယ်ရရ ဘာဆိုဘာမှ မရှိပေ။ 

နောက်ဆုံးအခြေအနေ

ကျေးရွာမှ ရွာသူရွာသားအားလုံး ထွက်ပြေးတိမ်းရှောင်နေကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ရွာအတွင်းတွင် တပ်စွဲထားသည်။  ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၉ ဦးမှာလည်း လက်ရှိတွင် ဆေးကုသမှု ခံယူခွင့်မရဘဲ ထွက်ပြေးနေရသည်။ 

အကြမ်းဖက်စစ်တပ်က ပစ်သတ်လိုက်သော အလောင်းများ ရှိနေဆဲဖြစ်ပြီး မည်သည့် ရွာသူရွာသားကမှ အလောင်းသွားမကောက်ရဲပေ။ လှေဆွဲကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လေးခွဖြင့်သာ ခုခံနေသော ပြည်သူများကို ရက်စက်စွာ စစ်ရာဇဝတ်မှု ကျူးလွန် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများအားလုံးက အတည်ပြုထားသည်။

Credit: ရန်ကုန်ခေတ်သစ်သတင်း


မိုးဗြဲတွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၁ ဦး ကျဆုံး

ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းမှစ၍ မိုးဗြဲတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲ PDF တစ်ဦး လက်နက်ကြီး ထိမှန် ကျဆုံးကာ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရသည်ဟု KNDF မှ သတင်းထုတ်ပြန်သည်။

ယနေ့ညနေပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ မိုးဗြဲ ၄၂၂ တပ်ရင်းနှင့် လွိုင်ကော် ၂၆၁ တပ်ရင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။




ဟားခါးမြို့နယ် ဆူရ်ခွာမြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်
ဟားခါးမြို့နဲ့ မိုင် ၅၀ ကျော်ဝေးတဲ့ ဆူရ်ခွာမြို့က ပြည်သူတွေဟာ ဇွန် ၁ ရက်ကစပြီး မြို့လုံးကျွတ် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်‌းရှောင်နေကြတယ်လို့ သိရတယ်။
ဆူရ်ခွာမြို့ဟာ ဟားခါး- မတူပီကားလမ်းမပေါ်မှာရှိပြီး လူဦးရေ ၂၀၀၀ ခန့်ရှိပါတယ်။
မေလ ၃၁ ရက်က ဆူရ်ခွာမြို့အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး ဇွန် ၁ ရက်တွင် မြို့ထဲသို့ အကြမ်းဖက်သမားတွေဝင်လာကာ သေနတ်တွေ‌ပစ်ဖောက်ကြလို့ အခုလိုထွက်ပြေးကြတာဖြစ်တယ်။
ဆူရ်ခွာမြို့ဟာ ယခင်က ဟားခါးစော်ဘွား@တိုက်သူကြီးနေထိုင်တဲ့မြို့ဖြစ်တာကြောင့် ရိုးရာအိမ်နဲ့ ရှေးဟောင်းအဖိုးတန်ပစည်းအမွေအနှစ်ထိန်းသိမ်းထားတဲ့နေရာလည်းဖြစ်ပါတယ်။

ဟားခါးဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံရ
ဒီညနေပိုင်း ဟားခါး မြို့သစ်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနီးနားအိမ်နဲ့ လမ်းသွားလမ်းလာ‌ကို စစ်ဆေးပြီး လူ ၂၀ ကျော် အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
ယင်းပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိပါတယ်။
ဒဏ်ရာရရှိတဲ့သူလည်း သိပ်မကြာခင်မှာပဲ သေဆုံးသွားပါတယ်။




Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...