Skip to main content

၂၀၂၁-၀၆-၁၈ အထွေထွေ



မြန်မာစစ်အာဏာသိမ်းမှု ရှုတ်ချပြီး  ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဖမ်းဆီးထားသူအားလုံး လွှတ်ရန်နှင့် လက်နက်စီးဆင်းမှု တားဆီးရန် ကုလညီလာခံက ဆုံးဖြတ်ချက်ချ၊

ဇွန်လ ၁၈ ရက်နေ့ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လက်နက်စီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံခု၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။ 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၁၉ ခုက မြန်မာ့အရေးဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး ဘယ်လာရုစ်က ကန့်ကွက်မဲပေးကြောင်း၊ တရုတ်၊ ရုရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်းအပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ နေကြကြောင်း သိရှိရသည်။


တောင်းဆိုချက်များတွင်  အဓိကအားဖြင့် ထိမ်းသိမ်းခံထားရသူများအားလုံး ချက်ချင်းပြန်လွှတ်ရန်၊ လူသားချင်းစာနာသည့် အကူအညီများ လိုအပ်နေသည့် သူများထံသို့ လုံခြုံအနှောက်အယှက်ကင်းစွာရောက်ရန်၊ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုများ တားဆီးရန်၊ မြန်မာ စစ်တပ်အနေဖြင့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားရန် တို့ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင်  ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုများ ရပ်တန့်ရန်၊ အင်တာနက်နှင့်ဆိုရှယ် မီဒီယာများကို ကန့်သတ်ချုပ်ခြယ်မှုများ ရပ်တန့်ရန်လည်း တောင်းဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်သည်  မဖြစ်မနေ လုံး၀ လိုက်နာရမည့် ဆုံး ဖြတ်ချက်မျိုး မဟုတ်သော်လည်း မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဆုံးဖြတ်ချက် ဖြစ်သဖြင့် နိုင်ငံရေးအရ အရေးပါလှသည်။ 

အလားတူ ဇွန်လ ၁၈ ရက်နေ့ အစောပိုင်းပြုလုပ်သည့်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ညီလာခံတွင်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ်စတင်း ဘာဂနာ နှင့် အာဆီယံ ဥက္ကဌ ဘရူနိုင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတို့ တက်ရောက် အမှာစကား ပြောကြားခဲ့သော်လည်း တစ်စုံတစ်ရာ ကြေညာချက် ထုတ်ပြန်ခြင်းမရှိပေ။

ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်သည် အကြမ်းဖက်မြန်မာစစ်ကောင်စီအတွက် နိုင်ငံတကာ အလယ်တွင် ကြီးမားသော သံတမန်ရေး ဆုံးရှုံးမှု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုထားသည်။

Source : KhiyThit



မြင်းခြံတွင် ယာဥ်ထိန်းရဲ ၁ ဦး ​သေနတ်ပစ်ခံရပြီး ​သေ ဆုံး

ရန်ကုန်၊ ဇွန် ၁၈ 

မြင်းခြံမြို့၊ အမှတ်၁၉ စွန်းလွန်းရပ်ကွက်  ရတနာမိုးစတိုးဆိုင် အနီး  ယ​နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ယာဥ်ထိန်းရဲ တစ်ဦးသေနတ်ဖြင့်အပစ်ခံရ သေဆုံး သွား​ကြောင်း ​ဒေသသတင်းရင်းမြစ် မြင်းခြံ News ၏ သတင်း​ဖော်ပြချက်နှင့် ​​ဒေသခံများ၏သတင်း​ပေးပို့ချက်အရ သိရှိရသည်။

မြင်းခြံ Zero ​ပြောက်ကျားအဖွဲ့ကလည်း ယာဥ်ထိန်းရဲ ၁ ဦး ပစ်ခတ်ခံရ​ကြောင်း ၄င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ​ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေပြီး လမ်းများပိတ်ကာ ရှာဖွေစစ်ဆေးနေသည်ဟု ​ဒေသခံများ၏ ​ပြောဆိုချက်အရ သတင်းရရှိသည်။

Photo - CJ





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...