Skip to main content

ဒီမော့ဆို မြို့ အခြေအနေ

ဒီမော့ဆိုမြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပုပ်ပွသေဆုံထားသော လူသေအလောင်များ ဆက်တိုက်တွေ့ရှိနေ 

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ တပ်ဆွဲထားခဲ့သော နေရာများတွင် သေဆုံး၍ ပုပ်ပွကာ ရုပ်ပျက်နေသော လူသေအလောင်းများအား ဆက်တိုက် တွေ့ရှိနေရကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များမှ တပ်ဆွဲထားခဲ့သော ဒီးမော့ဆိုမြို့ ရပ်ကွက်အချို့နှင့် ငွေတောင်ကျေးရွာတို့တွင် မည်သူမည်ဝါ ဖြစ်သည်ကိုအတည်ပြု၍ မရဘဲ ပုပ်ပွ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်ကာ သေဆုံးနေသော  လူသေအလောင်းများကို နေအိမ်များ လမ်းဘေးများတွင် တွေ့ရှိ​နေရကြောင်းသိရသည်။ 

"အခုက မနေ့ကပေါ့လေ စစ်ရှောင်တွေ ​အိမ်ပြန်ချင်တဲ့သူ ပြန်လို့ရပြီလို့ ​ပြောတော့ တစ်ချို့ ပြန်ကြည့်ကြတာပေါ့။ ကျွန်တော်လည်း တစ်ချက်ပြန်တယ်။ ရပ်ကွက်ထဲ ပတ်ကြည့်တော့ လူသေ အလောင်းတွေပေါ့ ရုပ်ပျက်ဆင်းပျက်ပါပဲ။ တစ်ချို့ကျ ပုပ်နေပြီ။ တစ်ချို့ကျ အရိုးစုပဲ ကျန်တော့တယ်။ သေတာတွေကတော့ အရပ်သားတွေပါပဲ အဝတ်အစားကို ကြည့်ရင် သိနိုင်တယ်လေ။ လူမသိ သူမသိ ဖမ်းခေါ်ပြီး ပစ်သတ်ထားတာတွေလည်း ဖြစ်နိုင်တယ်။ ဘယ်သူလည်း ဆိုတာတော့ ကျွန်တော်မသိနိုင်ဘူး။ ရုပ်တွေက ​တအားပျက်နေပြီ။ တစ်ချို့ အလောင်းဆို ခွေးတွေဆွဲထားတာ တစ်ပိုင်းပဲ ကျန်တယ်။ အလောင်း နှစ်လောင်းတွေ့တဲ့ အိမ်ဆိုရင် အဲ့အိမ်မှာကို စစ်တပ်က တပ်ဆွဲတုန်းက နေသွားတာ။ သူတို့ အဲ့မှာ ဖမ်းထားတဲ့သူကို ပစ်သတ်ခဲ့တာမျိုးဖြစ်နိုင်တယ်။"ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇွန်လ(၁၅)ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယာယီတိုက်ပွဲရပ်နားရန် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ စစ်ရှောင်အချို့မှ နေရပ်ပြန်ရန် အခြေနေလာရောက် ကြည့်ရှု့စဥ် အဆိုပါ လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ 

ဒီးမော့ဆိုမြို့အတွင်း ရပ်ကွက်အချို့၏ လမ်းဘေး ရေမြောင်းများ ၊ လမ်းမဘေးများ ၊ နေအိမ်များ အနီးတွင် လူမသိ သူမသိ ပစ်သတ်ခံထား ရသော လူသေအလောင်းများကို တွေ့ရှိနေရသလို စံပြ (၆)မိုင်ကျေးရွာ နှင့် ငွေတောင်ကျေးရွာများတွင်လည်း စစ်ကောင်စီမှ တပ်ဆွဲကာ နေထိုင်ခဲ့သော နေအိမ်များထဲတွင် သေဆုံးနေသော လူသေအလောင်းများကို တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြု၍ မရသေးကြောင်း ဒေသခံများ ကပြောသည်။

"အလောင်းတွေ တွေ့တယ်ဆိုတာ သွားရင်းလာရင်းနဲ့ တွေ့တာ။ လိုက်မရှာကြည့်ရသေးဘူး။ လိုက်သာရှာရင် ထပ်ပြီးတွေ့နိုင်တယ်။ သေဆုံးသူတွေရဲ့မိသားစုတွေကလည်း မသိနိုင်ကြသေးဘူး ထင်တယ်။ စစ်ရှောင်နေကြရ​တေ့ာ အကုန် တစ်ကွဲတစ်ပြားစီဖြစ်နေကြတာ။ အခု အလောင်းတွေက အရပ်သားတွေပါ ။ လူမသိ သူမသိ ပစ်သတ်ခံထားရတာပါ။ လွတ်လွတ်လပ်လပ် ဝင်ရှာနိုင်ရင်တော့ အလောင်းတွေ ထပ်တွေ့နိုင်ပါတယ်။ ​မြေပြင်မှာ အခြေ​နေက အတော်ဆိုးပါတယ်။ ကျွန်တော်တို့ စစ်ရှောင်တွေ အိမ်မပြန်နိုင်သေးပါဘူး။ အခြေနေက ဘာမှ ပြောင်းလဲတာမရှိပါဘူး။"ဟု ဒေသခံတစ်ဦး ကပြောသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများ ယာယီ ရပ်နားကြောင်း ဇွန်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး စစ်ရှောင်များနေရပ်ပြန်နေကြရန် အသိပေးထားသော်လည်း အချို့သာလာရောက်အခြေနေကြည့်ရှု့ကြပြီး ကျေးရွာများ တွင် စစ်ကောင်စီတပ်များမှ တပ်ဆွဲ၍ သွားလာနေသောကြောင့် စစ်ရှောင်များမှာ နေရပ်ပြန်ရန် မဖြစ်နိုင်သေးပဲ  ခက်ခဲနေသေး ကြောင်းသိရသည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအတွင်း၌ တိုက်ပွဲကြောင့် သေဆုံးကာ ပုပ်ပွနေသည့် အလောင်းများအား ယနေ့ ဇွန်လ(၁၆)ရက်နေ့တွင် ဆရာတော်သံဃာတော်များက ကူညီပြီး စုပေါင်း သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။
မြို့နယ်သံဃာနာယကဆရာတော်ကြီးများ၏ ခွင့်ပြုချက်ဖြင့် ထီးပွင့်ကန်ဆရာတော်၊ ဒေါဘူးကူးဆရာတော်၊ ဒေါပိုးစီဆရာတော် နှင့် မစိုးရိမ်တိုက်သစ်ဆရာတော်များမှ ဦးဆောင်ကာ ငွေသုဿာန်တွင် စုပေါင်း သင်္ဂြိုလ်ပေးလိုက်ခြင်း ဖြစ်သည်။
သေဆုံးနေသူများ၏ ရုပ်အလောင်းများမှာ ပုပ်ပွဆွေးမြေ့နေသည်များဖြစ်နေ၍ မည်သူဆိုသည်ကိုတောင် ကောင်းစွာမသိနိုင်တော့ သိရသည်။

#TachileikNewsAgency

Photo: CJ





















ဒီးမော့ဆိုမြို့ အထက(ငွေတောင်)ကျောင်းဝန်းထဲတွင် အာဏာသိမ်းစစ်တပ်မှ ကြိုးချည်ပြီး ဖမ်းဆီး သတ်ဖြတ်ခံထားရသော ဆွေးမြေ့ရုပ်အလောင်းများ တွေ့ရှိ

https://www.tachileik.net/mm/news/26989 

**************

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေ​တောင်ကျေးရွာ (အထက) ကျောင်းဝန်းထဲတွင် ကြိုးတုတ်၍ ဖမ်းဆီး သတ်ဖြတ်ခံထားသော အရိုးစု ရုပ်အလောင်း (၄) လောင်းအား ၂၀၂၁ ခုနှစ်  ဇွန်လ (၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ဒေသခံများမှ တွေ့ရှိခဲ့ရကြောင်းသိရသည်။

" ငွေတောင် အထက ကျောင်းဝန်းထဲမှာ ကြိုးနဲ့ချည်ဖမ်းဆီး သတ်ဖြတ်ခံထားရတဲ့ အလောင်း (၄)လောင်း ရုပ်ပျက်ဆင်းပျက်နဲ့ တွေ့တယ်။ ကျောင်းဝန်းအပြင်မှာ တစ်လောင်း ။ ကျောင်းဝန်းထဲမှာက ဦးခေါင်း သုံးလုံးတွေ့တယ်။ မနေ့က သင်္ဂြိုလ်တာက သပ်သပ် ။ ဒီနေ့ဟာက မီးမရှို့ရသေးဘူး ။"ဟု ဒေသခံတစ်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ယနေ့ ဇွန်လ (၁၇)ရက်နေ့တွင် ငွေတောင်ကျေးရွာ (အထက)ကျောင်းဝန်းအတွင်း ရုပ်အလောင်း အကြွင်းကျန် (၄)လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းများမှာ အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဖမ်းဆီးထားသူများအား ကြိုးချည်၍ သတ်ဖြတ်ထားသည့် အခြေနေဖြစ်နိုင်ပြီး  အလောင်းများမှာ ရုပ်ပျက်၍ အရိုးစုသာ ကျန်ရှိတော့သည့်အတွက် အမျိုးသား အမျိုးသမီး ခွဲခြား၍ မရနိုင်ကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအတွင်း၌ တိုက်ပွဲကြောင့် သေဆုံးကာ ပုပ်ပွ၍ ရုပ်ပျက်သည့် ရုပ်အလောင်းများအား ဇွန်လ (၁၆)ရက်နေ့က ဆရာတော်သံဃာတော်များက ကူညီ၍ စုပေါင်း သင်္ဂြိုလ်ပေးခဲ့ပြီး ယနေ့ တွင် ရုပ်အလောင်း (၄)လောင်း ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် ကာလတစ်လျှောက်တွင် ဒီးမော့ဆို မြို့ပေါ်ရပ်ကွက်များ နှင့် ငွေတောင်ကျေးရွာတွင်  စစ်ကောင်စီတပ်များမှ တပ်စွဲကာ နေထိုင်ခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Photo: CJ

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...