Skip to main content

မိုးဗြဲ

 မိုးဗြဲတွင် ဒုတိယ​နေ့အဖြစ် ပြည်သူပိုင် ​နေအိမ်များကို အကြမ်းဖက်စစ်​ကောင်စီတပ်များက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၇

ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် နယ်စပ်၊ မိုးဗြဲတွင် ဒုတိယ​နေ့အဖြစ် အကြမ်းဖက်စစ်​​ကောင်စီတပ်က ပြည်သူ​နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ လက်နက် ကြီး များဖြင့် ပစ်ခတ် ဖျက်ဆီးခြင်းများ ​ဆောင်ရွက်ခဲ့​ကြောင်း ​ဒေသခံပြည်သူများက ​ပြောဆိုသည်။ 

အကြမ်းဖက်စစ်​ကောင်စီတပ်များသည် ​ဇွန်လ ၆ ရက်​နေ့ နံနက်ပိုင်းမှစတင်ပြီး ပြည်သူပိုင်အိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူပိုင်များ လုယူ ခိုးယူခြင်းများကို ပထမ​နေ့အဖြစ် ​ဆောင်ရွက်ခဲ့​ကြောင်း ​ဒေသခံများက ဆိုကြသည်။

အကြမ်းဖက်စစ်​ကောင်စီက မြို့ရွာ ​နေအိမ်များ၊ ရပ်ကွက် များကို အကာအကွယ်ယူ တိုက်ခိုက်​နေမှုများကို ​ချေမှုန်းမည်ဖြစ်​ကြောင်း ဇွန်လ ၄ ရက်​နေ့တွင် တရားဝင်ထုတ်ပြန်​ကြေညာခဲ့ပြီးဖြစ်သည်။

Source Khit Thit





Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။