Skip to main content

၂၀၂၁-၀၆-၀၆ စစ်ရေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာနှင့် အောင်မင်္ဂလာရွာကြား မှန်တောင်တွင် ဒေသခံများနှင့် စစ်ကောင်စီလက်နက်ကိုင်တပ်များ ယနေ့ (မေ ၆ ) မနက်ပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားတစ်စီး မိုင်းထိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်တိုင် ၁၈ ဝန်းကျင်ရှိ မှန်တောင်အနီးတွင် ဖြတ်သန်းသွားသည့် စစ်ကားမှာ မိုင်းထိပြီး မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ဖြစ်တဲ့နေရာက ချောင်းမအနောက်ဘက် နှစ်မိုင်လောက်ဝေးတယ်။ အောင်မင်္ဂလာရွာရဲ့အရှေ့ဘက် တစ်မိုင်လောက်ဝေးတဲ့နေရာမှာ ဖြစ်တာ။ မနက်က မိုင်းထိတဲ့ကားက မီးခိုးလုံးကြီး ဒီအတိုင်းမြင်ရတယ်။ နေ့ခင်းတုန်းကဆို ပေါက်ကွဲသံတွေ တစ်ဝုန်းဝုန်းနဲ့ ကြားတယ်။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်။ အချက် ၅၀ လောက်ရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ထို့နောက် ယင်းမာပင်မြို့နယ် ကပိုင်ရွာနှင့် သီးကုန်းရွာအနီး တပ်စွဲထားသည့် စစ်တပ်မှ ယင်းနေရာသို့ တပ်ကူရောက်လာရာ ယနေ့ညနေပိုင်းထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်မှာ ဧပြီ ၂၅ ကတည်းက ယင်းမာပင်မြို့နယ် ကပိုင်ရွာတွင် အထိုင်ချ တပ်စွဲထားပြီး အနီးအနားကျေးရွာများကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေသည်ဟု ဒေသခံများက ဆိုသည်။ 

ယနေ့ပစ်ခတ်မှုအတွင်း ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ကာ စစ်တပ်လက်နက်ကိုင်များဘက်မှ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီလက်နက်ကိုင်တပ်များ ထိခိုက်ဒဏ်ရာရှိမှုအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် ဧပြီလကတည်းက စစ်တပ်က အထိုင်ချတပ်စွဲ၍ ရွာအတွင်း ဝင်ရောက်ဖျက်ဆီးကာ ကြက်၊ ဝက်များကို ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။ 

“သူတို့က ရွာတွေထဲဝင်ပြီး အမြဲတမ်းဒုက္ခပေးတယ်။ မနေ့တုန်းကဆို မြစ်ကြောင်းဘက်က ရွာတွေကို ဝင်မွှေတယ်။ ရွာထဲမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကိုပါ ရိုက်နှက်တာမျိုးတွေအထိ ရှိလာတယ်။ အဲ့လိုမျိုး ရွာထဲကိုဝင်ပြီး မွှေချင်သလို မွှေနေတာ၊ လုပ်ချင်တိုင်း လုပ်နေတာကို တစ်နယ်လုံးက မခံမရပ်နိုင်ဖြစ်တာကနေ လူထုက တွန်းလှန်ကြတာ” ဟု ကနီမြို့နယ်မှ အခြားဒေသခံတစ်ဦးက ပြောသည်။ 

ယင်းမာပင်နှင့် ကနီမြို့နယ်မှ ကျေးရွာများတွင် ယခင်လများအတွင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များနှင့် ဒေသခံများ လေးကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်များက စက်သေနတ်အပါအဝင် လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့ပြီး ဒေသခံများက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ 



မနေ့က မင်းတပ်မြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်သမား ၅၀ ခန်းသေဆုံးပြီး CDF ဘက်က ၃ ဦးကျဆုံး၊ တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲ

မင်းတပ်မြို့နယ်တွင် အကြမ်းဖက်သမားတွေနဲ့ CDF မင်းတပ်တို့ဟာ မနေ့ (ဇွန် ၆)က ၃ နေရာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်သမားတွေက လက်နက်ကြီးပစ်ကူတွေ၊ ဓာတုဗုံးတွေ၊ တိုက်လေယာဉ်တွေအသုံးပြုကာ တိုက်ခိုက်ကြပါတယ်။ 

ဒါကြောင့် CDF မင်းတပ်ဘက်က ထန်းမာန် (စိချဲ့) ၊ ဟာဖေ (မရှိန်းလှော်)၊ ငိုင်းရှိန်းမာန် (ဝကောက်)တို့က တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စတေးကြပါတယ်။ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပါတယ်။ 

မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲတွင် ချောင်းဆုံတိုက်ပွဲတွင် စကစတပ်တွေဟာ မင်းတပ်မြို့ အရှေ့ပြင်မီးသတ်ကုန်း၊ ဘောင်ထဲရွာ၊ ကျောက်ထုအမြှောက်တပ်ကနေတဆင့်  လက်နက်ကြီးပစ်ကူတဲ့အပြင် လေယဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲခဲ့တယ်။  စကစတပ်တွေဟာ ဓာတုလက်နက်အသုံးပြုတယ်ဆိုတာလည်းတွေ့ရတယ်။ 

ဘုရားစခန်းရွာ အောက်ဘက် ချောင်းဆုံအနီးတဝိုက်မှာဖြစ်တဲ့တိုက်ပွဲမှာ အကြမ်းဖက်သမား စစ်ကောင်စီတပ်ဖွဲ့ ၄၀ လောက်သေဆုံးခဲ့တယ်။ 

ယှက်ရွာတိုက်ပွဲမှာလည်း တိုက်ပွဲဖြစ်တဲ့နေရာ ခင်ရိုးကို စကစတပ်က မင်းတပ်မြို့ ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့ မနားတမ်းပစ်ကူခဲ့တယ်။ စကစဘက်မှ ၁၀ ဦးလောက် သေဆုံးမယ်လို့  ခန့်မှန်းရတော့ ဒဏ်ရာရသူများလည်းရှိတယ်။

========

မင်းတပ်မြို့နယ် ၂ နေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်တို့ ဒီမနက်ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ကာ CDF မင်းတပ်ဘက်က ဓာတုဗုံးကြောင့် ၁ ဦးကျဆုံးပြီလို့ သတင်းရရှိပါတယ်။

မင်းတပ် နဲ့ ဘုရားစခန်း ကြားတိုက်ပွဲကို အရှေ့ပြင်မီးသတ်ကုန်းကနေ လက်နက်ကြီးနဲ့လှမ်းပစ်ကူနေတယ်။

မင်းတပ် နဲ့ ယှက်ရွာကြား တိုက်ပွဲကို ၂၇၄ တပ်ရင်းကနေ လက်နက်ကြီးနဲ့လှမ်းပစ်ကူနေတယ်။

 အကြမ်းဖက် စကစမှ ဓာတုဓာတ်ငွေ့ဗုံးနှင့်လက်နက်ကြီးအများ အပြားသုံးနေတယ်။ ၃ ဦး က ဓာတုဗုံးအပြင်းအထန်မိနေတယ်။ ခု လေယာဥ်ပါထပ်လာနေတယ်။ ၃၊ ၄ နေရာမှာလှည့်နေတယ်လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး အင်အား ၁၅၀ ကျော်နဲ့ တိုက်ခိုက်နေပါတယ်။




ဒီမော့ဆိုတွင် အကြမ်းဖက်စစ်တပ်က ဘုရားကျောင်းကို လက်နက်ကြီးဖြင့်ထု၊ စာသင်ကျောင်းနှင့် ဆိုင်ခန်းများကို မီးရှို့ပြီး လူနေအိမ်များကို ပစ်ခတ်နေ

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ခရစ်ယန် ဘုရားရှိခိုးကျောင်းကို လက်နက်ကြီးဖြင့်ထုခြင်း၊ စာသင် ကျောင်းနှင့် ဆိုင်ခန်းများကို မီးရှို့ခြင်းနှင့် လူနေအိမ်များကို ပစ်ခတ်ခြင်းများ လုပ်ဆောင် နေကြောင်း ဒေသခံများက ပြောဆိုသည်။ 
ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိနေပြီး  ဒေါငံခါး ရပ်ကွက် (၄) နှင့် မန်နာပလော့ တွင် နေရာယူပြီး ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ကြောင်း၊ အလားတူ လွိုင်ကော်မှ ဒီမော့ဆိုမြို့နယ်၊ ဒေါင်းငံခါးသို့ လက်နက်ကြီး အမြှောက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိကြောင်း  သိရှိရသည်။ 

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ် ဒေါငံခါးဘုရားကျောင်း ဒီနေ့ လက်နက်ကြီးနဲ့ထုခံရတဲ့ အခြေအနေ


ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်တွေအစားအသောက်နဲ့ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါး နဲ့ အနီးနားရွာတွေဟာ မေလနှောင်းပိုင်းက တိုက်ပွဲ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြပြီး အစားအသောက်နဲ့ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ အနီးနားကရွာတွေဟာ ယနေ့အထိနေရပ်မပြန်နိုင်ကြသေးပါ။
မကွေးတိုင်း နှမ်းခါး ရဲလှ ကျေးရွာက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံတွေဖြစ်ပါတယ်။
ဟားခါးမြို့နယ် ကျေးရွာ ၇ ရွာပြည်သူ ၆၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရ ဟားခါးမြို့နယ် ဟားခါး-မတူပီ လမ်းပေါ်က ကျေးရွာ ၇ ရွာက ပြည်သူတွေဟာ အကြမ်းဖက်သမားတွေက ရွာထဲမှာ သေနတ်ပစ်ဖောက်လို့ ပြည်သူ ၆၀၀၀ ခန့်ဟာ ဇွန်၁ရက်ကစပြီး တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ကျေးရွာတွေကတော့ Surkhua myo (ဆူရ်ခွာမြို့)မှ ပြည်သူ ၂၀၀၀၊ Lungkhin (လုံးခင်းရွာ)မှ ပြည်သူ ၆၀၀၊ Phaizawng (ဖိုင်ဇောင်)ရွာမှပြည်သူ ၅၀၀၊ Aikah (အိုင်က)ရွာမှ ပြည်သူ ၈၀၀၊ Siatlai (ရှာတလိုင်)ရွာမှ ပြည်သူ ၅၀၀၊ Lungrang (လုံးရမ်း)ရွာမှ ပြည်သူ ၇၀၀၊ Loklung (လောက်လုံး)ရွာမှ ပြည်သူ ၈၀၀ စုစုပေါင်းပြည်သူ ၅၉၀၀ ကျော်ရှိပါတယ်။ ရွာထဲတွင် သက်ကြီးရွယ်အိုတွေသာ ကျန်ထားခဲ့တယ်လို့သိကပ်တယ်။ မေ ၃၁ ရက်တွင် ဆူရ်ခွာမြို့အနီးမှာ အကြမ်းဖက်သမားတွေနဲ့ ပြည်သူ့တပ်တွေပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...