Skip to main content

၂၀၂၁-၀၆-၁၇ စစ်ရေး

NDF အရာရှိငယ်သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်

ဝေယံမိုး - မဇ္ဈိမ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABDF) ရဲဘော်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် အမျိုးသားကာကွယ်ရေးတပ်(National Defense Force )၏အရာရှိငယ် သင်တန်း အမှတ်စဉ် (၁)၊ မြို့ပြပျောက်ကျား သင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။ 

အဆိုပါတပ်၏  တပ်မှူးအဖြစ် (ABSDF) စစ်ကော်မရှင်ကနေ ခွဲထွက်လိုက်ပြီး ပြည်ထောင်စုကာကွယ်ရေးတပ် UNRA (Union of National Resistance Army) အဖြစ် ၂၀၁၄ ခုနှစ်ကစပြီး ရပ်တည်လာခဲ့သည့် ဗိုလ်မှူးချုပ် ခင်ကျော် ဖြစ်ကြောင်း သိရသည်။ 

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်မှရမည်ဟု ယုံကြည်သောကြောင့်  နိုင်ငံတကာရောက် ABSDF ရဲဘော်များနှင့် ဆွေးနွေးညှိနှိုင်းပြီး အမျိုးသားကာကွယ်ရေးတပ် (NDF) ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း NDF ဥက္ကဠ ကိုထွန်းအောင်ကျော် (၇၄မျိုးဆက်) က ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲ သတ်ဖြတ်မှုတွေအတွက် ကြိုတင်ပြီး ပြင်ဆင်ထားဖို့ ဆက်သွယ်လာသည့် လူငယ်များအား  သင်တန်းပေးရန် စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ယခုအခါ သင်တန်းဆင်းပွဲ (၇) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။  

အမျိုးသားကာကွယ်ရေးတပ် (NDF) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးနှင့် ချိတ်ဆက်ပုံကိုလဲ NDF ဥက္ကဠက အခုလိုပြောဆိုခဲ့သည်။ 


"အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် -  PDF ဖွဲ့စည်းမည်ဟု ပြောလာတဲ့အခါ ကျနော်တို့က သူတို့နဲ့ အကျိုးတူ ပူးပေါင်းဖို့ ကမ်းလှမ်းခဲ့တယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဆွေးနွေးပြီး သူတို့ PDF အနေနဲ့ သင့်တော်တဲ့ အစီအစဉ်ဆောင်ရွက်ပြီးတဲ့အခါ ကျနော်တို့ NDF ကို PDF အသွင်ပြောင်းပေးမယ်လို့ ကတိပြုပေးခဲ့တယ်။ အခု ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က PDF အဖြစ် လက်ခံမယ်လို့ ပြောထားပေမဲ့ တပ်ကို တရားဝင် လွှဲပြောင်းပေးခြင်းတော့ မရှိသေးပါဘူး" ဟုပြောသည်။

ယခုပြုလုပ်သည့် အရာရှိငယ် သင်တန်း အမှတ်စဉ် (၁) နှင့် မြို့ပြပျောက်ကျားသင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲတွင် NDF ဥက္ကဋ္ဌအနေဖြင့်  ထွန်းအောင်ကျော် (၇၄မျိုးဆက်) ကသဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။  

အမျိုးသားညီညွတ်ရေးအစိုးရဘက်က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း သဝဏ်လွှာ ပို့ပေးခဲ့ကြောင်းသိရပြီး  ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဒီ ( ABSDF သံလွင်စခန်း တပ်ရင်း ၂၀၉ ခေါင်းဆောင်ဟောင်း) က သင်တန်းဆင်းရဲဘော်တွေကို အားပေးစကား ပြောကြားကာ တပ်ကို စစ်ဆေးခဲ့သည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...