Skip to main content

၂၀၂၁-၀၆-၁၆ စစ်ရေး

ဖမ်းဆီးရမိထားသည့် ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၆ ဦးကို တပ်မတော်ထံ AA လွှဲပြောင်းပေး

Western News-ဇွန်လ ၁၇ ရက်

တိုက်ပွဲများအတွင်းဖမ်းဆီးရမိထားသည့် တပ်မတော်မှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန်း ၆ ဦးကို ရက္ခိုင့်တပ်တော် AA က ယမန်နေ့ ဇွန်လ ၁၆ ရက် နေ့လည် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Western News ကစုံစမ်းသိရှိရသည်။

ဖမ်းဆီးရမိထားသည့် အဆိုပါ တပ်မတော်သားသုံ့ပန်းများကိုမြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်ဖက်မှတာဝန်ရှိသူများတွေ့ဆုံကာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းပေးအပ်ခဲ့သည့် သုံ့ပန်းများမှာ တိုက်ပွဲအတွင်းဖမ်းဆီးရခဲ့သူများဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးပါဝင်ကြောင်း ကျောက်ကျပ် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဆရာတော် နရိန္ဒ က Western News ကို မိန့်သည်။

"ဦးဇင်းသိရတာကတော့ တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေကို လွှဲပေးတာပါ။  တပ်မတော်သားတွေကို ခေါ်ပြီးတော့ လွှဲပေးတာပေါ့။ လွှဲပြောင်းပေးတဲ့အထဲမှာတော့ ဗိုလ်မှူးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးတော့ပါတယ်”ဟုပြောသည်။

ယင်းလွှဲပြောင်းမှုကို  ရက္ခိုင့်တပ်တော် AA ဖက်မှ ဗိုလ်မှူးထိပ်ချွန်းတက်ရောက်ခဲ့သလို တပ်မတော်ဖက်မှလည်း ဗိုလ်မှူးသန်းဝင်းဌေး တက်ရောက်ကာ သုံံ့ပန်းများကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လွှဲပြောင်းပေးခဲ့သည့်စစ်သုံ့ပန်း ၆ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသည်မှာ ၁ နှင့် ၄ လထိရှိနေပြီဖြစ်ကာ မည်သည့် တိုက်ပွဲများအတွင်း ဖမ်းဆီးရခဲ့မိသည်ကိုနှစ်ဖက်တာဝန်ရှိသူများထံ Western News က လိုက်လံစုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား Western News က ဆက်သွယ်ခဲ့သော်လည်း ဆွက်သွယ်၍မရခဲ့ပါ။

Western News- WN

ရှမ်းမြောက်၊ကွတ်ခိုင်တွင် အကြမ်းဖက်စစ်တပ် နှင့် KIA တိုက်ပွဲပြင်းထန်
ဝေယံမိုး - မဇ္စျိမ
ဒီကနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တစ်ခုအရ သိရပါတယ်။
မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့် အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နဲ့ သိန္နီမြို့ကြား ပါဂျူ ရွာဘက်ကို လှုပ်ရှားဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုမှာ ကျဆုံးတဲ့ စာရင်းကိုတော့ မသိရသေးဘူးလို့ ကေအိုင်အို၊ ကေအိုင်အေ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မဇ္စျိမကို ဒီကနေ့ ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့တယ်လို့ သတင်းတွေပြန့်နေပေမယ့် အတည်ပြုလို့ မရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်များမှ ဖမ်းဆီးသွားသည့် စစ်ရှောင်လူငယ် (၃)ဦးအား သေဆုံးလျှက်ဖြင့် ပြန်တွေ့

https://www.tachileik.net/mm/news/26985

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားသော လူငယ် (၃)ဦးတို့အား သေဆုံးလျှက်ဖြင့် ဇွန်လ (၁၆)ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့က စစ်ဘေးရှောင်ရန် သွားလာနေသော အဆိုပါ ဒေသခံ လူငယ် (၃) ဦးအား အကြမ်းဖက်စစ်ကောင်စီများမှ ဖမ်းဆီးသွားခဲ့ပြီး မိသားစုများမှ ရက်အတော်ကြာ အဆက်သွယ် မရသောကြောင့် ဖမ်းဆီးခံရသော နေရာအနီး သွားရောက်ရှာဖွေရာတွင်  ဖမ်းဆီးခံရသော စစ်ရှောင်လူငယ် (၃)ဦးအား သေဆုံနေပြီး ပုပ်ပွလျှက် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

"သူတို့က လက်နက်ကိုင်တဲ့ လူငယ်တွေ မဟုတ်ဘူး။ စစ်ရှောင်လူငယ်တွေ လမ်းသွားရင်း စနေနေ့က ဖမ်းခံလိုက်ရတာ။ အဲ့နေ့ကတည်းက သတ်လိုက်တာ ဖြစ်မယ်။ စစ်တပ်တွေက တပ်မဆုပ်သေးတော့ သွားမရှာရဲဘူးသေလား ရှင်သလား မသိရဘူးပေါ့ ။ အခုတောင် ဖမ်းသွားတဲ့နေရာ နားကို မိဘတွေက အရဲစွန့်ပြီး လိုက်ရှာတာ အဲ့နားမှာပဲ သုံးယောက်လုံးရဲ့ အလောင်းတွေတွေ့တယ်။ အလောင်းက ပျက်ဆီးနေပြီ။ ဒီည တွင်းချင်းပဲ မြေမြုပ်လိုက်ရတယ်။"ဟု ဒေသခံတစ်ဦးက​ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ (၁၂)ရက်နေ့က စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ပစ်သတ်လိုက်သော စစ်ရှောင်လူငယ်များမှာ စည်လင်းကျေးရွာ မှ အသက် (၂၇) နှစ်၊ (၂၀)နှစ်အရွယ် နှင့် ဒေါဘူးခို ကျေးရွာမှ လူငယ်(၁)ဦးတို့ဖြစ်ကြပြီး ၎င်းတို့မှာ စစ်ကောင်စီတပ်များမှ ကျေးရွာများ အနီး တပ်လာစွဲသောကြောင့် စစ်ဘေးရှောင်ရန် သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အပစ်ရပ်ထားသော ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ 

https://www.tachileik.net/mm/news/26983

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထားသည့် ဒီးမော့ဆိုမြို့နယ်အတွင်း  စံပြ( ၆)မိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဇွန်လ (၁၆)ရက်နေ့ ည(၈)နာရီကျော် အချိန်ခန့်တွင် လက်နက်ကြီး ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။

" ပစ်တာတော့ RPG လို လက်နက်ကြီးနဲ့ပါ။ ဇီးဖြူကုန်းဖက်ကနေ (၆)မိုင်ရွာထဲကို ပစ်တာ။ သူတို့ ရွာတွေထဲနေပြီး ရမ်းသမ်းပစ်လိုက်တဲ့ သဘောထင်တယ်။ ပစ်တာ သုံးချက်ရှိပါပြီ။"ဟု ဒေသခံတစ်ဦး ကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဒီးမော့ဆိုမြို့နယ် ၊ စံပြ(၆)မိုင်ကျေးရွာ၏ အနီးတိုက်ဝိုက်တွင် ယနေ့ ဇွန်လ (၁၆)ရက်နေ့ ည (၈)နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃)ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ပစ်ခတ်သည်ကိုတော့ မသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လ (၁၅)ရက်နေ့တွင် တိုက်ပွဲများယာယီ ရပ်တန့်၍ အပစ်ရပ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ သော်လည်း စစ်ကောင်စီဖက်မှ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏တပ်များမှာ ကျေးရွာ ရပ်ကွက်များအတွင်း တပ်စွဲကာ သွားလာနေကြဆဲဖြစ်သလို  ယနေ့ ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ဖက်မှ လွိုင်ကော်မြို့သို့ ဦးတည်ကာ စစ်ကား(၁၂)စီးခန့်မှာ လူနှင့် ရိက္ခာအပြည့်တင်၍ လာရောက်နေကြောင်းလည်း သိရသည်။

စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်နဲ့ဈေးဆိုင်ခန်းတွေ ဖျက်ဆီးခံထားရ

ကယားပြည်နယ်တွင်းမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF) နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်တို့အကြား  ဖြစ်ပွားတဲ့ တိုက်ပွဲများကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေခဲ့ရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေများပြားပြီး စားဝတ်နေရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေ ရှိလာနေတဲ့အတွက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စစ်တပ်တို့အကြား ၂၀၂၁ခုနှစ် ဇွန်လ(၁၅)ရက်နေ့က အပစ်ခတ်ယာယီရပ်ထားလိုက်တဲ့အတွက် နေအိမ်ကို စစ်ဘေးရှောင်တစ်ချို့ဟာ ပြန်လာကြည့်ကြပါတယ်။

အဲ့လို လာကြည့်ကြတဲ့အခါမှာ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်က   ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေယူဆောင်တာလုပ်သလို ယူဆောင်လို့မရတဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်တဲ့အတွက် အကောင်းတိုင်း ရစရာမရှိတော့တဲ့ အခြေအနေတွေ ဖြစ်နေတာကို‌တွေ့နေရပါတယ်။

အပစ်ရပ်ထားပြီဆိုပေမဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်ဆုတ်သွားခြင်းမရှိဘဲ လူနေအိမ်တွေနဲ့ ကျေးရွာတွေအထဲ ဝင်ရောက်နေတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူများဟာ မပြန်လာရဲသေးဘဲ တောထဲမှာသာ ခက်ခက်ခဲခဲ နေနေကြရတယ်လို့ သိရပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်ထားတယ်ဆိုပေမဲ့လည်း ဇွန်လ(၁၆)ရက်နေ့ ည(၈)နာရီဝန်းကျင်မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...