Skip to main content

စစ်ဘက် သယ်ပို့လေယာဉ် ပျက်ကျ

စစ်လေယာဉ်ပျက်ကျ၍ သေဆုံးသူများထဲတွင် ပြင်ဦးလွင်မြို့တွင်တည်ဆောက်မည့် ပရိယတ္တိစာသင်တိုက်၏ အလှူ့ဒါယိကာများဖြစ်ကြသော ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးတု့ိဇနီးမောင်နှံနှင့် သားဖြစ်သူ မောင်ခန့်ဝင်းကိုတို့ပါဝင်သည်။ သို့သော် သူတို့၏အငယ်ဆုံးသားဖြစ်သူ မောင်ပိုင်ဘုန်းပြည့်မှာ ဦးခေါင်းဒဏ်ရာရရှိသည်။

ဦးမြဖူးသည် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ညာစာအမှတ် (၁/၂၀၂၁) အရ သာသနာတော်ဆိုင်ရာဘွဲ့တဆိပ်ဖြစ်သည့် သီဟသုဓမ္မမဏိဇောတဓရဘွဲ့ချီးမြှင့်ခြင်းခံရသူဖြစ်သည်။ အမည်ရင်းမှာ ဒေါက်တာဝင်းကိုကိုဖြစ်ပြီး ရွှေဖူးကုမ္ပဏီ၏ အုပ်ချုပ်မှူဒါရိုက်တာဖြစ်သည်။




ရွှေဖူးကုမ္ပဏီသည် ကရင်ပြည်နယ်အတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်းများကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်နေခဲ့သည်။

ဦးမြဖူးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ် (ယခု ရှန်ဂရီလာ) တွင် နိုင်ငဲံခြားသူတစ်ဦးထိခိုက်ဒဏ်ရာရမှုရှိခဲ့သော ဗုံးပေါက်ကွဲမှုနှင့် အလုံမြို့နယ် Western Park Ruby စားသောက်ဆိုင်တို့တွင်မပေါက်ကွဲသေးသော ဗုံးတစ်လုံးတို့အတွက် ပါဝင်ပတ်သက်သူဟု ရဲကသံသယဖြင့် တရားစွဲခံရဖူးသည်။ ဗံဲုးဖောက်ခွဲမှုကို အခကြေးငွေယူလုပ်ဆောင်ခဲ့သူ စောမြအောင်က ဦးမြဖူးနေအိမ်တွင် တည်းခိုသွားခဲ့၍ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လဆန်းတွင် အသက် ၂၆ နှစ်အရွယ် တရားခံ စောမြင့်လွင်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် တသက်တကျွန်းနှင့် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဦးမြဖူးနှင့် ကားမောင်းသမားကိုဇော်လတ်မောင်ကတော့ ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း တရားရုံးတော်ကတွေ့ရှိပြီး တရားရှင်နှင့်လွှတ်ပေးလိုက်သည်။ 

ဦးမြဖူးနှင့် ဒေါ်လဲ့လဲ့ဝင်းတို့တွင် သားသုံးဦးထွန်းကားရာ ယနေ့ ပြင်ဦးလွင်ခရီးစဉ်သို့ သားနှစ်ဦးပါလိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

 ပြင်ဦးလွင် အနီးစခန်းလေဆိပ်အနီး နံနက် ၈ နာရီခန့်က ပျက်ကျသော စစ်လေယာဉ်ပေါ်တွင် ခရီးသည်နှင့်လေယာဉ်အမှုထမ်း ၁၄ ဦးလိုက်ပါသွားရာ ၁၂ ဦး သေဆုံးခဲ့ကာ မောင်ပိုင်ဘုန်းပြည့်နှင့် တပ်ကြပ်ကြီး ကောင်စံဝင်းတို့ ဦးခေါင်းဒဏ်ရာရ၍ စစ်ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူနေရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ၊ အခါတော်ပေး ကုန်းဘောင် ပထမံနဝင်း ဦးအောင်တို့ပါလိုက်ပါသွားသောခရီးစဉ်သည် ပြင်ဦးလွင်မြို့နယ် သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တော်တင်အခမ်းအနားကျင်းပပြုလုပ်ရန် သွားကြခြင်းဖြစ်သည်။

 အမေရိကန်နိုင်ငံလုပ် Beechcraft 1900D အမျိုးအစားလေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသည်ဟု ဒေသအာဏာပိုင်များက အမြန်တင်ပို့သည့် အစီရင်ခံစာတွင် တွေ့ရှိရသည်။

Source: Mizzima

ပြင်ဦးလွင်အနီးစခန်းအနီးလေယာဥ်ပျက်ကျ

၁။ ဗိုလ်မှူး မိုးထက်ကျော် DSA 42

၂။ ဗိုလ်ကြီး မြင့်စိုး DSA 56

၃။ မှူး ဇော်ထူး  DSA 47

၄။ ဗက စိုးဟိန်းထက် DSTA 17

၅။ တက လမင်းဝင်းသိန်း

၆။ တကက ကောင်းစံဝင်း

၇။ ဦးတေဇောဘာသ

၈။ ဦးကဝိဘာသ

၉။ ကုန်းဘောင် ပထမံနဝင်း ဦးအောင်

၁၀။ ဒေါ်ဌေးဌေးခိုင်

၁၁။ ဒေါ်လဲ့လဲ့ဝင်း

၁၂။ ဦးမြဖူး

၁၃။ မောင်ခန့်ဝင်းကို

၁၄။ မောင်ပိုင်ဘုန်းပြည့်

မောင်ပိုင်ဘုန်းပြည့်တစ်ယောက်သာ အသက်ရှင်










Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...