Skip to main content

မြင်းခြံ ကျဆုံးစာရင်း

မြင်းခြံမှာ ကျဆုံးသူ ၃၀ ရှိပြီ 

***********************

၁၂ ၊ ၆ ၊ ၂၀၂၁ ။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်စစ်ကောင်စီမှ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် မန္တလေးတိုင်း မြင်းခြံမြို့၌ ကျဆုံးသူ ၃၀ ရှိခဲ့တယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီ က ယနေ့ ဇွန် (၁၂) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။


နွေဦးတော်လှန်ရေးအတွင်း မြင်းခြံမှာ ၃ လပိုင်း၊ ၃ ရက်နေ့က အသက် ၂၂ နှစ်အရွယ် ကိုဇင်ကိုကိုဇော်ဟာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး ကျဆုံးခဲ့ရတဲ့ မြင်းခြံမြို့နယ်က ပထမဆုံး အာဇာနည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဲဒီနောက်မှာတော့ အသက် ၂၆ နှစ်အရွယ် ကိုထူးအောင်ဟာ ၃ လပိုင်း ၁၁ ရက်မှာ ရာဘာကျည်ထိမှန်ပြီး ဒီဒဏ်ရာကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။


မြင်းခြံက အသက်အငယ်ဆုံး ကျဆုံးသူဟာလည်း အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကိုဟိန်းဝင်းထွန်း ဖြစ်ကာ လည်ပင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။


ကျဆုံးသူထဲ အသက်အကြီးဆုံး အနေနဲ့ အသက် ၅၂ နှစ်အရွယ် ဦးလှစိုးကတော့ ရင်ဘက်ကျည်ထိမှန်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။


မြင်းခြံမြို့နယ်ထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျဆုံးသူ ၃ ဦးအထိ ပါဝင်တာကိုလည်း တွေ့ရပါတယ်။


၁။ဦးသောင်းထွန်းဦး

အသက် ၄၄နှစ်

အမှတ်(၁၅)၊မြင်းခြံမြို့။

၁၈.၄.၂၀၂၁နေ့တွင် တောင်ဈေးတောင်ဖက်လမ်း၌ စခမှပစ်ခတ်၍ တံခါးထပိတ်စဉ် ဦးခေါင်းထိမှန်ခဲ့၍ မေလ၁၆ရက်နေ့တွင် ဆုံးပါးသွားခဲ့ရသည်။ 


၂။ကိုဇင်ကိုထွန်း 

အသက် ၂၂ နှစ် 

ညောင်တိုရွာ၊ မြင်းခြံမြို့။

၁၃.၅.၂၀၂၁ တွင် တလုပ်မြို့၌ စကစ၏ ပစ်ခတ်ဖမ်းဆီးခံရ၍ လက်မောင်းကျည်ထိ ဖမ်းဆီးခံရသည့်နေ့တွင် စစ်ကြောရေး၌ကျဆုံးခဲ့သည်။


၃။မောင်ထက်အောင်(ခ)ဖိုးချစ် 

အသက် ၁၅နှစ်ခန့် ၉တန်းကျောင်းသား

လယ်သစ်ရွာ၊မြင်းခြံမြို့။

၇.၅.၂၀၂၁ တွင် စကစ၏ လယ်သစ်ရွာအတွင်းဝင်ရောက် ပစ်ခတ်မှုကြောင့် ဦးခေါင်း သေနတ်ကျည်ထိမှန်ကျဆုံး 


၄။ မောင်ကို

အသက် ၂၁

ဘုရားလှရွာ၊မြင်းခြံမြို့။

၁၅.၄.၂၀၂၁ နေ့တွင် လေးအိမ်တန်းတာဘောင်အနောက်ဖျားတွင် ဗုံးကွဲ၍ ကျဆုံးခဲ့သည်။ 


၅။ ကိုဇော်ဝေ

အသက် ၄၂နှစ်

ဘုရားလှရွာ၊မြင်းခြံမြို့။

၁၅.၄.၂၀၂၁ နေ့တွင် လေးအိမ်တန်းတာဘောင်အနောက်ဖျားတွင် ဗုံးကွဲ၍ ကျဆုံးခဲ့သည်။ 


၆။ ကိုဂတုံး

မြင်းခြံ။

၁၅.၄.၂၀၂၁ 


၇။ကိုကျော်ရဲနိုင်

မြင်းခြံမြို့။

၁၄.၄.၂၀၂၁ 


၈။ကိုပြည့်ဖြိုးမောင်(ခ)တရုတ်ကြီး

အမှတ်(၄)မြင်းခြံမြို့။

၂၇.၄.၂၀၂၁နေ့တွင် ဆီးခုံးကျည်ထိခဲ့ပြီး

၁၄.၄.၂၀၂၁နေ့တွင်ကျဆုံးခဲ့ပါသည်။ 


၉။ကိုဇော်ဟိန်းထွန်း(ခ)ဇော်ကြီး

အသက် ၃၁နှစ်

အမှတ် ၆၊ မြင်းခြံမြို့။

၂၉.၃.၂၀၂၁နေ့တွင် လမ်းမတော်ထိပ်တွင် ရင်ဘတ် သေနတ် ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။ 


၁၀။ဦးနိုင်နိုင်ဦး 

အသက် ၅၁နှစ်

အမှတ် ၁၄၊မြင်းခြံမြို့။

၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၁၅ရုံးအနီး ဆီးခုံကျည်ထိမှန်သော ဒဏ်ရာဖြင့် ၁.၄.၂၀၂၁ မန္တလေး၌ ကျဆုံးခဲ့သည်။ 


၁၁။ကိုဝေလွင်ဦး(ခ)အာပနား(ခ)အာကြီး

အသက် ၂၁နှစ်

အမှတ် ၂၊ မြင်းခြံမြို့

၂၉.၃.၂၀၂၁နေ့တွင် ဒေါ်ခင်ထူးထမင်းဆိုင်လမ်းထိပ်၌ ချက်တည့်တည့် သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။ 


၁၂။မောင်သူထူးစံ(ခ)ကဖီး

အသက် ၁၈နှစ်

အမှတ် ၁၂၊ မြင်းခြံမြို့။

၂၉.၃.၂၀၂၁နေ့တွင် ဘုရားလမ်း သပြေပင်ကျောင်းလမ်း၌ နောက်စေ့နှင့် နှာခေါင်းတို့အား သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။ 


၁၃။ကိုကျော်မင်းဇင်

အသက် ၃၃နှစ်

အမှတ် ၁၁၊မြင်းခြံမြို့။

၂၉.၃.၂၀၂၁နေ့တွင် ဘုရားလမ်း၌ ရင်ဘတ်၊ ပေါင်နှစ်ဖက်၊ လက်မောင်းနှင့် ဖနောင့်တို့အား သေနန်ကျည်များထိမှန်၍ ကျဆုံးခဲ့သည်။ 


၁၄။ မဇင်မာအောင် (ခ)ဇင်ပု

အသက် ၂၄နှစ်

အမှတ် ၁၆၊မြင်းခြံမြို့။

၂၈.၃.၂၀၂၁တွင် လမ်းမတော် "ဇော်" အိမ်ဆောက်ပစ္စည်းဆိုင်ရှေ့တွင် ညာဘက်ရင်အုံ သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။ 


၁၅။ဦးမောင်လှိုင်

အသက် ၄၃နှစ်

ဥယာဉ်စုရွာ၊ပခုက္ကူမြို့။

၂၈.၃.၂၀၂၂နေ့တွင် လမ်းသစ်လမ်း၌ ကားမောင်းနေစဉ် နံဘေးအား သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည်။ 


၁၆။ ကိုဟိန်းဝင်းထွန်း(ခ)ပေါက်စီ

အသက် ၁၄နှစ်

ရှားတောရွာ၊မြင်းခြံမြို့။

၂၇.၃.၂၀၂၁နေ့တွင် စံပြဈေးအနီး လည်ပင်းအား သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။ 


၁၇။မောင်ထွန်းရင်

အသက် ၂၀နှစ်

ဂျုပ်ပင်ရွာ၊မြင်းခြံမြို့။

၂၇.၃၂၀၂၁နေ့တွင် စံပြဈေး အရှေ့ဖက်၌ နောက်စေမှတဆင့် ညာမျက်လုံးအား သေနတ်ကျည်ထိမှန်ဖောက်ထွက်၍ ကျဆုံးခဲ့သည်။ 


၁၈။ဦးစော

အသက် ၄၈နှစ်

အမှတ် ၂၊မြင်းခြံမြို့။

၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဘက်ကျော ကျည်ထိမှန် ကျဆုံးခဲ့သည်။ 


၁၉။ဦးသောင်းနိုင်ဦး

အသက် ၄၆နှစ်

အမှတ် ၂၊ မြင်းခြံမြို့။

၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန် ကျဆုံးခဲ့ရသည်။ 


၂၀။ဦးမျိုးနိုင်

အသက် ၄၀နှစ်

အမှတ် ၁၊မြင်းခြံမြို့။

၂၇.၃.၂၀၂၁နေ့တွင် အမှတ် ၆ လမ်းမတော်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။ 


၂၁။ကိုကျော်ကျော်နိုင်

အသက် ၂၇နှစ်

အမှတ် ၁၆၊မြင်းခြံမြို့။

၂၈.၃.၂၀၂၁နေ့တွင် ဘောလုံးကွင်းတောင်ဖက်၌ ဘယ်ဖက်နောက်ကျော သေနတ်ကျည်ထိမှန်၍ ကျဆုံးခဲ့သည်။ 


၂၂။ကိုအောင်ကိုကိုခန့်(ခ)အောင်ကို

အသက် ၂၇နှစ်

အမှတ်(၆)၊မြင်းခြံမြို့။

မတ် ၁၅ရက်နေ့တွင် မျက်နှာကျည်ထိမှန်ဒဏ်ရာရရှိ၍ မတ် ၁၇ရက်နေ့တွင် ၎င်းဒဏ်ရာဖြင့် မန္တလေးဆေးရုံ၌ ကျဆုံးခဲ့သည်။ 


၂၃။မောင်အောင်မျိုးဇော်

အသက် ၁၇နှစ်

အမှတ် ၁၉၊မြင်းခြံမြို့။

၁၅.၃.၂၀၂၁နေ့တွင် သေနတ်ဒဏ်ရာဖြင့် ရင်အုံပွင့်ကာ ကျဆုံးခဲ့သည်။ 


၂၄။ကိုအောင်ကျော်ဇော

အသက် ၂၉နှစ်

အမှတ် ၂၊မြင်းခြံမြို့။ 

၁၅.၃.၂၀၂၁နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်၌ ဆီးခုံသေနတ်ကျည်ထိမှန်၍ ၎င်းဒဏ်ရာဖြင့် ၁၉.၃.၂၀၂၁တွင်ကျဆုံးခဲ့သည်။ 


၂၅။ဦးလှစိုး

အသက် ၅၂နှစ်

အမှတ် ၂၊မြင်းခြံမြို့။

၁၅.၃.၂၀၂၁နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်၌ ဘယ်ဘက်ရင်ဘတ် သေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည်။ 


၂၆။မောင်ရန်မျိုးအောင်(ခ)ဉာဏ်ကျယ်

အသက် ၁၉နှစ်

အမှတ် ၁၉၊မြင်းခြံမြို့။

၁၅.၃.၂၀၂၁နေ့တွင် လျှပ်စစ်ရုံး(EPC)တောင်ဖက်လမ်းတွင် ညာရင်ဘတ် သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။ 


၂၇။မပန်းမြတ်ချယ်(ခ)ဆိုမိုင်ရာဘီ

အသက် ၂၂နှစ်

အမှတ် ၃၊ မြင်းခြံမြို့။

၁၅.၃.၂၀၂၁ရက်နေ့တွင် သုဓမ္မာလမ်း အနောက်ထိပ်တွင် ဘယ်ဘက်ရင်ဘတ် သေနတ်ကျည်ထိမှန် ကျဆုံးခဲ့သည်။ 


၂၈။မောင်တင်ထွန်းအောင်(ခ)ထွန်းရန်နိုင်

အသက် ၁၇နှစ်

အမှတ် ၁၆၊မြင်းခြံမြို့။

၁၅.၃.၂၀၂၁နေ့တွင် လျှပ်စစ်ရုံး(EPC)တောင်ဖက်လမ်းတွင် ဦးခေါင်းသေနတ်ကျည်ထိမှန်ကျဆုံးခဲ့သည်။ 


၂၉။ကိုထူးအောင်ကျော်

အသက် ၂၆နှစ်

အမှတ် ၃၊မြင်းခြံမြို့။

လမ်းမတော်ထိပ်တွင် ဘယ်ဖက်မျက်လုံး ရာဘာကျည်ထိမှန်၍ ၎င်းဒဏ်ရာဖြင့် ၁၁.၃.၂၀၂၁တွင်ကျဆုံးသည်။ 

၃၀။ကိုဇင်ကိုကိုဇော်

အသက် ၂၂နှစ်

အမှတ် ၁၉၊မြင်းခြံမြို့။

၃.၃.၂၀၂၁ တွင် နာရီစင်မြောက်ဖက်၌ ဦးခေါင်းကဘယ်ခြမ်းအား သေနတ်ကျည်ထိမှန်ကျဆုံးသည်။


#NBungDatKasa

#nbung_dat_kasa

#WhatsHappenInMyanmar

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...