Skip to main content

NUG ကင်းမရွာ ဖြစ်စဉ် ကြေငြာချက်





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

ကြေညာချက်အမှတ် (၇/၂၀၂၁)

၁၇ ဇွန် ၂၀၂၁ခုနစ်

“ကင်းမရွာ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်”

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာနေ အပြစ်မဲ့ပြည်သူများအား ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် အကြမ်းဖက် ရဲတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး၊ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ 


အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒီးဒုတ်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း သံသယရှိခံရသူ၏ မော်တော်ဆိုင်ကယ်နံပါတ်သည် အင်းမရွာသို့ ခြေရာခံမိသည်မှအစပြု၍ ကင်းမရွာရှိ ပြည်သူများသည် ဖြစ်ပေါ်လာနိုင်သည့် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်ရန် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဒေသခံမျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက် ရဲတပ်ဖွဲ့များ နှင့် အရပ်ဝတ်စစ်သားများသည် ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ကင်းမရွာနေ ပြည်သူများ၏ ပြောပြချက်အရ ကင်းမရွာ၏ ၈၀ ရာခိုင်နှုန်းသော လူနေအိမ်များ ပျက်ဆီးခဲ့ရသည်။ သက်ကြီးရွယ်အို နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်။  


နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုများ မလုပ်ဆောင်ရန် ထပ်ခါတလဲလဲ တိုက်တွန်းနေသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏တပ်များသည် ယင်းတိုက်တွန်းချက်များအား လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်းကို ကင်းမရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များက ကျူးလွန်သည့် ရာဇဝတ်မှုများက ပြဆိုနေသည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူမှာ အကြမ်းဖက်စစ်တပ်ပင် ဖြစ်ကြောင်း ကင်းမရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများက ခိုင်မာသော သက်သေပင်ဖြစ်သည်။


အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေတပ်ဖွဲ့များသည် တရားဥပဒေစိုးမိုးမှုကို ထပ်ခါတလဲလဲ မျက်ကွယ်ပြုကာ၊ လူ့အခွင့်အရေးများကို ချိုးဖောက်လျက် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှု များကို ကျူးလွန်လျက်ရှိသည်။ ယနေ့အချိန်အထိ ရရှိသော စာရင်းများအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၄ ဦး အသက်ဆုံးရှုံးခဲ့ရပြိး ၄၈၉၃ ဦးမှာ တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အရေးယူခြင်း ခံနေကြရသည်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက်မှုများ ဆက်တိုက် ကျူးလွန်ခြင်းဖြင့် ၎င်း၏ အာဏာစက်သက်ရောက်စေရန်  ဆောင်ရွက်လျက်ရှိသော်လည်း ယင်းဆောင်ရွက်မှုမှာ ကျရှုံးခဲ့ပြီ ဖြစ်သည်။ 


အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများကို ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့် နှင့် နိုင်ငံတကာအဆင့် များရှိ သက်ဆိုင်သူများအားလုံးအနေဖြင့် ဆက်လက်မှတ်တမ်းတင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပါသည်။ အကြမ်းဖက်စစ်တပ်အား အပြစ်ပေးအရေးယူနိုင်ရန်အတွက် ၎င်းကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် စပ်လျဉ်းသည့် သက်သေများကို စုဆောင်းထားရှိခြင်းသည် အခြေခံကျကျ အရေးပါလျက်ရှိသည်။ 


အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေး ရဲဘော်များအားလုံးနှင့် အတူတကွလက်တွဲကာ ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ရည်မှန်းချက်များ အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီကို အောင်နိုင်၍ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာကို အပြည့်အဝ အကာအကွယ်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။


National Unity Government of Myanmar

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...