(၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊
(၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။
(၃) စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။
(၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသဝေမသိမ်းလိုက်နာကြပါ။
(၅) ပြည်သူ့လုံခြုံရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။
(၆) ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီပေးပို့ကြ ပါ။
(၇) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင် နှင့် အကြမ်းဖက် စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်သွားကြပါ။ မိမိတို့၏ နယ်မြေများကို အပြည့်အဝ ထိန်းချုပ်ထားကြပါ။
(၈) စစ်အာဏာရှင်အုပ်စိုးမှုနှင့် စစ်အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့အားဖြင့် တွန်းလှန်ဖျက်သိမ်း ကြပါ။ တဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးသို့ ပြောင်းလဲနိုင်ရန်အတွက် ပြည်သူလူထုနှင့် အနီးကပ်ညှိနှိုင်း ဆောင်ရွက်စီမံကြပါ။
(၉) အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖျားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များ နှင့် ပြည်သူ့စစ်အားလုံး ယနေ့မှ စ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင် တိုက်ခိုက်ကြပါ။
(၁၀) ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေး ဖြစ်သည်။
(၁၁) မိမိတို့ နိုင်ငံတော်၏ ပကတိအခြေအနေလိုအပ်ချက်အလျောက် လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည် ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။
(၁၂) ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားဖိနှိပ်မှုအောက်တွင် တာ၀န်ထမ်းဆောင်နေကြ သော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက်ချင်းဆက်သွယ် ပူးပေါင်းပါ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေး၀န်ကြီးဌာနများသို့ အမြန်ဆုံး သတင်းပို့ကြ ပါ။
(၁၃) ယနေ့မှစ၍ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအားလုံး ရုံးတက်ခြင်း မပြုကြရန် သတိပေး တားမြစ်လိုက်သည်။
(၁၄) ယခုအရေးတော်ပုံတွင် အသက်၊ အိုးအိမ်၊ စွန်လွတ်အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်း များအဖြစ် အစဥ်အမြဲ အသိအမှတ်ပြုနေမည် ဖြစ်ပါသည်။