Skip to main content

မြင်းသာရွာဖြစ်စဉ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာဖြစ်စဥ်


စက်တင်ဘာ ၉ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ ၃၀ခန့်သည် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာသို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။ ရွာတောင်ပိုင်းမှ နေအိမ် (၃၀) ကျော်ကို မီးရှို့ဖျက်စီးခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်း၊ အသက် (၁၈) အောက်လူငယ် (၁၂) ဦးအပါအဝင် ရွာသား စုစုပေါင်း (၁၈) ဦးကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။ 


အလောင်းများသည် အစုအပြုံလိုက် သေဆုံးနေခြင်းဖြစ်ပြီး (၈) ဦးခန့်မှာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုခံရသည့်ဒဏ်ရာများနှင့်  ဦးခေါင်းကို ချိန်၍ ပစ်သတ်ခံထားကြောင်း တွေ့ရှိရသည်။ သက်ကြီးရွယ်အိုတစ်ဦးမှာ လက်ပြန်ကြိုးတုပ်ခံရပြီး ကျောတွင် ရိုက်နှက်ဒဏ်ရာများဖြင့်သေဆုံးခဲ့ကြောင်း တွေ့ရသည်။  တစ်ဦးကို ကုလားထိုင်တွင် ကြိုးတုပ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ထားခဲ့သည်။


သတ်ဖြတ်ခံခဲ့ရသူများမှာ


(၁) ဦးထွန်းငွေ ၈၀ နှစ်

(၂) ဦးကျော်ဆန်း ၅၀ နှစ်

(၃) ဦးအောင်ငွေ ၅၀ နှစ်

(၄) ဦးအောင်တင် ၅၀ နှစ်

(၅) ဦးရန်အေး  ၅၀ နှစ်

(၆) မောင်ဒို့မောင်မောင် ၃၅ နှစ်

(၇) မောင်ပြည့်ဖြိုးဝင်း ၁၈ နှစ်အောက်

(၈) မောင်ငြိမ်းစည်သူ ၁၈ နှစ်အောက် 

(၉) မောင်ဖြိုးဇော်မင်း ၁၈ နှစ်အောက်

(၁၀) မောင်သက်ထွန်းအောင် ၁၈ နှစ်အောက်

(၁၁) မောင်ရှိုင်းထက်အောင် ၁၈ နှစ်အောက်

(၁၂) မောင်အငယ်လေး ၁၈ နှစ်အောက်

(၁၃) မောင်ထက်နိူင်ဦး ၁၈ နှစ်အောက်

(၁၄) မောင်ပြုံးမောင်မောင် ၁၈ နှစ်အောက်

(၁၅) မောင်ရှိန်ဘုန်းနိူင် ၁၈ နှစ်အောက်

(၁၆) မောင်နိူင်မျိုးထွန်း ၁၈ နှစ်အောက်

(၁၇) မောင်အပုလေး ၁၈ နှစ်အောက်

(၁၈) မောင်အောင်နိုင် ၁၈ နှစ်အောက်

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...