Skip to main content

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ 


====================== 


ဝေယံမိုး - မဇ္ဈိမ


ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။ 


မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။ 


ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။ 


“စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရွာတောင်ပိုင်းက အိမ်တွေကို မီးရှို့တယ်။ မနေ့ကထိ ၁၁ လုံး ဒီနေ့ရောဆို အလုံး ၂၀ ကျော်ပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 


သေဆုံးသူများထဲတွင် ကိုးတန်းတက်ရန်စောင့်ဆိုင်းနေသည့် အသက် ၁၆ နှစ်အရွယ် မောင်ငြိမ်းစည်သူ လည်းပါဝင်ပြီး အများစုမှာ ၁၈ နှစ်ဝန်းကျင်လူငယ်များဖြစ်သည်။ 


ဒေသခံများ၏ အတည်ပြုချက်အရ ကျဆုံးသူများထဲတွင်ည ကိုရှိန်ဘုန်းနိုင်၊ ကိုငြိမ်းစည်သူ၊ ဦးကျော်ဆန်း၊ ကိုခက်နိုင်ဦးနှင့်  ကိုပြည့်ဖြိုးဝင်း တို့ပါဝင်‌ေကြာင်း သိရသည်။ စစ်ကောင်စီတပ်သားများဘက်မှ ထိခိုက်ကျဆုံးမှုအား အတည်မပြုနိုင်သေးပေ။ 


ကျဆုံးသူများထဲမှ အခြားသူများ၏ အမည်များကို အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

လက်ရှိအချိန်အထိ ကျဆုံးသူများ၏ ရုပ်အလောင်းများအား ကောက်ယူနိုင်ခြင်းမပြုနိုင်သေးပေ။ 


ကျေးရွာမှ သက်ကြီးရွယ်အိုအချို့နှင့် နာမကျန်းသူ၊ ကလေးသူငယ်များ ရွာဦးဘုန်းကြီးကျောင်းတွင် ရှောင်တိမ်းနေစဉ် စစ်သားများက ဘုန်းကြီးကျောင်းဝန်းအတွင်းဝင်ရောက်ကာ ဆရာတော်များ၏ ဖုန်းများကို ရိုက်ခွဲခဲ့ကြောင်းသိရသည်။ 


နှမ်းရိတ်သိမ်းချိန်တွင် စစ်သားများရုတ်တရက် ရောက်လာခြင်းမှာ ကျေးရွာအတွင်းမှ ဒလန်များသတင်းပေးခြင်းကြောင့်ဟု ဒေသခံအချို့က သုံးသပ်သည်။ 


“ကျွန်မတို့ ရွာက NLD ထောက်ခံသူတွေများတယ်။ အခြားဒလန်ရှင်းတာတို့ဘာတို့လည်းမလုပ်ဘူး။ ဒါကို သူတို့က အတင်းဝင်ပစ်ကြတာ၊ လက်နက်ကလည်းမမျှဘူးဆိုတော့ ရွာကလူငယ်လေးတွေ အသက်စွန့်လိုက်ရတာ၊ တစ်သက်မကျေဘူး။ စိတ်နာတယ်။ ဒီစစ်သားတွေကို တွေ့တဲ့နေရာမှာသတ်ချင်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ 


အိမ်ခြေ ၅၀၀‌ကျော် ရှိသည့် မြင်သားရွာမှ ဒေသခံများသည် လက်ရှိအချိန်တွင်  ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။