Skip to main content

မြေနီကုန်း ဖြစ်စဉ်



စမ်းချောင်းသတိ 🚨🚨

၂၅ .၉.၂၁ ( စနေနေ့ ) #ယနေ့မနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့သောမြေနီကုန်းဖြစ်စဥ္အကျဥ္း 


မြေနီကုန်း မြ၀တီလမ်းတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ ယနေ့မနက်စောပိုင်း ၁၂နာရီကျော်ကျော်လောက်တွင် မြေနီကုန်း ရှမ်းကုန်းလမ်းမှ DC တစ်စီး တိတ်တဆိတ်၀င်ရောက်လာကာ ရှမ်းကုန်းလမ်းတွင်ရှိသော YES Hair Saloon အကျော်ပြည်လမ်းမဘက်ရှိ လုံးချင်းတိုက်နားတွင်ရပ်ပြီး မြ၀တီလမ်းထဲသို့ လူနှစ်ဦး တိတ်တဆိတ်၀င်ရောက်သွားပါသည်။ မကြာခင် ထို DC သည် ရှမ်းကုန်းလမ်းမှ ၁:၂၀ ၀န်းကျင်ခန့်တွင် တိတ်တဆိတ် ပြန်လည်ထွက်ခွါပြီး ၁:၃၀ ခန့်တွင် အင်အား အလုံးရင်းဖြင့် ပြန်လည်၀င်ရောက်လာကာ YES Hair Saloon နားက လုံးချင်းတိုက်နားတွင် ကားရပ်ပြီး လူတစ်ဦးမှ စကားပြောစက်ဖြင့် ညွှန်ကြားမှုများပေးကာ မကြာခင်မှာပဲ သေနတ်သံများစတင်ကြားရပါသည်။ ထိုပစ်ခတ်မှုကို စခများဘက်မှ စတင်ပစ်ခတ်တာဖြစ်ပြီးတော့ ပစ်ခတ်ချိန်ကြာမြှင့်မှုမှာ ၁၅ - ၂၀ မိနစ် ကြာမြှင့်ကာ လမ်းမပေါ်သို့ပင် ကျည်ကျသံကြားများပင် ကြားခဲ့ရပါသည်။ မြ၀တီလမ်းရှိ တိုက်တံခါး၏ ရိုက်ချိုးသံများလဲ ကြားခဲ့ရပြီး အ​ေ၀းမှ ပြန်လည်ပစ်ခတ်သံ ၂ ချက် ၃ ချက်မျှ ကြားရသော်လည်း စခများဘက်မှ အနည်းဆုံး ၁၅ ချက်ခန့်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးမှ ပြောပြလာပါသည်။ စခဘက်မှ အတွဲလိုက် ဆက်တိုက်ပစ်ခတ်မှုသည် ၁:၄၅ ခန့်တွင် အသံများတိတ်သွားပြီး ၂ : ၁၈ မိနစ်ခန့်တွင် တစ်ချက်တည်းသော အနီးကပ်ပစ်သံ တစ်ခု ထွက်ပေါ်လာကာ ထိုသို့ ပစ်ခတ်ပြီး မကြာခင်တွင် ဆေးရုံကားတစ်စီး ပြည်လမ်းအတိုင်း မြ၀တီလမ်းဘက်သို့လာပြီး တစ်ခုခုတင်ဆောင်၍ ပြည်လမ်းအတိုင်းပင်ပြန်လည်ထွက်ခွါကာ ပြည်လမ်းမပေါ်တင်ပင် အသံပျောက်သွားပါသည်။ 

 ထို့နောက် ၂: ၃၀ ခန့်တွင် Faw ကားတစ်စီးထပ်ရောက်လာပြီး ပစ္စည်းတင်ချသံများကြားရပါသည်။


ဖြည့်စွက်- ဤဖြစ်စဥ္သည် စခများ တိတ်တဆိတ် ၀င်ရောက်စီးနင်းသည့်ဖြစ်စဥ္ဖြစ်ပြီး PDF ရဲဘော် ၃ ဦး ကျဆုံးကြောင်း သတင်းရရှိပါသည်။ 

 

ယခုဖြစ်စဥ်သည် ၈ လပိုင်းက မြေနီကုန်းရှမ်းကုန်းလမ်းတွင် New Life Gym အား ၀င်စီးခဲ့သော ဖြစ်စဥ္နှင့် ဆင်တူနေကြောင်း မျက်မြင်သက်သေမှ ပြောကြားထားပါသည်။


အောက်တွက် ​​မြ၀တီလမ်း မြေပုံအကြမ်းအား ရေးပြထားပါသည်။

=====

မြေနီကုန်းတံတားအဆင်းတွင် လူငယ် ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းမပေါ်တွင် သေနတ်ဖြင့် တေ့၍ ပစ်ခတ်သတ်ဖြတ်ပြီး သွေးအိုင်ထဲလဲနေစဉ် စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်း ကန်ကျောက်သတ်ဖြတ်


ရန်ကုန်၊ စက်တင်ဘာ ၂၅ 


ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းတွင် မြ၀တီလမ်းမှ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် လမ်းမပေါ်တွင် သေနတ်ဖြင့် တေ့၍ ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး သွေးအိုင်ထဲ လဲနေစဉ် စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်းကန်ကျောက် သတ်ဖြတ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော ဗီဒီယိုဖိုင်အထောက်အထားနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။ 


မြေနီကုန်းတံတားအဆင်း မြ၀တီလမ်းအတွင်းသို့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ ဝင်ရောက် လာပြီး တိုက်ခန်းတစ်ခုပေါ်မှ လူငယ် ၃ ဦးကို ဆွဲချကြောင်း၊ ယင်းနောက် လမ်းမပေါ်တွင်ပင် သေနတ်ဖြင့် ပစ်သတ်ဖြတ်ပြီး လဲနေသူ လူငယ် ၃ ဦးကို စစ်ဖိနပ်များဖြင့် ၀ိုင်းဝန်း ကန်ကျောက်နေသည်ကို ဗီဒီယိုဖိုင် သက်သေများတွင် မြင်တွေ့ရသည်။ 


"အပြန်အလှန် ပစ်ခတ်မှုမဟုတ်ဘူး။ စစ်တပ်က ပစ်ခတ်ပြီး လိုက်ဖမ်းတာ။ လူငယ် တွေကို မိတာတော့ အရှင်ပဲ။ သေနတ်နဲ့တစ်ချက်ချင်း ပစ်သတ်တာပါ" ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိရသူက ပြောသည်။ 


(ရန်ကုန်ခေတ်သစ်အနေဖြင့် ရရှိထားသော ဗီဒီယို သက်သေအထောက်အထားကို ရိုက်ကူးသူ၏ လုံခြုံရေးအရ ထုတ်ပြန်နိုင်ခြင်းမရှိပေ။)

ဓာတ်ပုံ- စစ်ကောင်စီ၏ အကြမ်းဖက် စစ်သားတစ်ဦး။ Photo Credit - Reuters။


====

မြေနီကုန်းတံတားအဆင်း ဘေးနေရာတွင် စစ်တပ်က  လူငယ် ၃ ဦးကို ဘယ် လို ရက်ရက်စက်စက်  ပစ်ခတ် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့သလဲ(ရုပ်/သံ)


By ရန်ကုန်ခေတ်သစ်


ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းတွင် အကြမ်းဖက်စစ်တပ်က  လူ ငယ် ၃ ဦးကို တိုက်ခန်းပေါ်မှ ဆွဲချလာကာ   စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် လမ်းမပေါ်တွင် သေနတ်ဖြင့် တေ့၍ ပစ် ခတ်သတ် ဖြတ်ခဲ့ပြီး သွေးအိုင်ထဲ လဲနေစဉ် စစ်ဖိနပ်ဖြင့် ဝိုင်းဝန်းကန်ကျောက် သတ်ဖြတ်ခဲ့သည်။


လူငယ် ၃ ဦးကို မြေနီကုန်းတံတားအဆင်း ဘေးနေရာ ကတ္တရာလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လဲကျနေပြီး သွေးအိုင်ထဲတွင် မသေမရှင်ဖြစ်နေသော လူငယ်များကို ပလက်ဖောင်းနှင့်ခေါင်းကို အကြမ်းဖက်စစ်သားတစ်ဦး အကြိမ်ကြိမ်ကန်၍ ညှဉ်းပန်းနှိပ်စက်ခြင်း အပါအဝင် ဖြစ်စဉ် အသေးစိတ်ကို ဗီဒီယို သက်သေ အထောက်အထားများ ရရှိထားသည်။


မြေနီကုန်းတံတားအဆင်းဘေးလမ်းမပေါ်တွင် လူငယ် ၃ ဦးကို  ရက်ရက် စက်စက် သတ်ဖြတ်မှုကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကျူးလွန်ခြင်းဖြစ်ကြောင်း   အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန် တံတားပေါ်တွင် ရှိနေသည့်  လုံခြုံရေးဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောသည်။


" လူငယ်တစ်ဦးက ဖမ်းလာချိန်မှာ ခေါင်းနဲ့ နံရံနဲ့ အဆောင့်ခံထားရတော့ လမ်းပေါ်ရောက်တော့ မလှုပ်တော့ဘူး။ နောက်လူငယ်တစ်ဦးက ပလက်ဖောင်းဘေးမှာ လဲပြီး ခွေခွေလေး၊ နည်းနည်းလေး လှုပ်သေးတယ်။ အဲဒါကို ပလက်ဖောင်းနဲ့ ခေါင်းကို ပြေးကန်တယ်။ ကန်တာက စစ်သား၊ ရဲမဟုတ်ဘူး။ ၄ ချက်လောက် ကန်လိုက်တော့ သူလည်း ငြိမ်ကျသွားတယ်"  ဟု အဆိုပါ လုံခြုံရေးဝန်ထမ်းက ပြောသည်။ 


ထိုလုံခြုံရေးဝန်ထမ်းက ၎င်း၏ လုံခြုံရေးအတွက် အသေးစိတ်အချက်အလက်များမပြောလိုဘဲ လူငယ် ၃ ဦး ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ် ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုမရှိဘဲ အသတ်ခံရခြင်းကိုသာ ပြောဆိုသည်။ 


ရန်ကုန်ခေတ်သစ်က ရရှိထားသော ဗီဒီယိုများအရ လမ်းဘေးတွင် လူငယ် ၃ ဦးကို လမ်းဘေးတွင် ပစ်ခတ် ညှဉ်းပန်း နှိပ်စက်ပြီးမှ အလောင်းများကို အိမ်စီးကားများဖြင့် စစ်ကောင်စီက တင်ဆောင်သွားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။ 


စစ်ကောင်စီဘက်မှ စက်တင်ဘာ ၂၂ ရက်နေ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်ဆိုသော စာတစ်စောင်ကို လူမှုကွန်ရက်တွင် ဖြန့်ဝေလာပြီး ယင်းထုတ်ပြန်ချက်တွင် မြေနီကုန်းဖြစ်စဉ် သည် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ပစ်ခတ်မှုကြောင့် တိုက်ခန်းအတွင်း သေဆုံးနေကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ထားသည်။ 


ရန်ကုန်ခေတ်သစ်ရရှိထားသော ဗီဒီယိုအထောက်အထားနှင့် လုံခြုံရေးဝန် ထမ်း၏ ပြောကြားချက်အရ အပြန်အလှန် ပစ်ခတ်မှုမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာဖြင့် လူငယ် ၃ ဦးကို တိုက်ခန်းပေါ်မှ ဆွဲချကာ လမ်းဘေးတွင် ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...