Skip to main content

၂၀၂၁-၀၆-၀၄ အထွေထွေ

စစ်ကောင်စီတပ်များကို နှိမ်နင်းကြရန် အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမည်ဟု ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သည့် NUG ၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် NUG တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောကြားခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုး ရ(NUG)၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲလုပ်သည့် ညနေ၅ နာရီမှ ၆ နာရီအတွင်း မြန်မာနိုင်ငံ၏ နေရာအတော်များများကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်လိုက်သည်။

https://www.facebook.com/watch/?v=481439282930400


မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့ပေါ်တွင် ယမန်နေ့ (ဇွန် ၄) က ဆိုင်ကယ်ဖြင့် သွားလာနေသူ သုံးဦးကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့ရာ သေနတ်ကျည်ဆန်ထိမှန်ခဲ့သူ အမျိုးသားတစ်ဦးမှာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ 

ယမန်နေ့ည ၈ နာရီဝန်းကျင်က ကျောက်ပန်းတောင်း မြို့မကွက်သစ်ရပ်ကွက်အနီးရှိ မြို့နယ်ပညာရေးမှူးရုံး၌ တပ်စွဲထားသည့် စစ်တပ်က လမ်းပေါ်သွားလာသူများကို လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

"လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်ပြန်ကြတာကို လိုက်ပစ်တာ။ အလယ်က (စီးတဲ့သူ) တစ်ယောက် ကို မှန်သွားတယ်။ ဗိုက်ပွင့်သွားတာ။ သေနတ်မှန်တဲ့သူက ၁၁ လောက်မှာ ဆုံးသွားတယ်။ သူနဲ့အတူတူပါတဲ့ နှစ်ယောက်ကိုတော့ ဖမ်းထားတယ် "ဟု မြို့ခံလူမှုကူညီရေးအသင်းသားတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဆေးကုသခွင့်မရဘဲ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့သူမှာ  ကျောက်ပန်း တောင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် ၃၇ နှစ်အရွယ် ကိုသော်ဇင် (ခ) ကိုသော်သော်ဖြစ်ပြီး ၎င်းမှာ အမျိုးသမီးကဲ့သို့ ပြုမူနေထိုင်သူဖြစ်သည်ဟု သိရသည်။ 

ကိုသော်ဇင်မှာ စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် လက်မောင်းနှင့် နံကြားကို ကျည်ဆန်သုံးချက်ထိမှန်ခဲ့ပြီး အချိန်မီဆေးကုသခွင့်မရသောကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သော်သော် သေနတ်မှန်တယ်ဆိုတော့ အိမ်ကလူတွေက ဆေးရုံလိုက်ကြတယ်။ ဆေးရုံက နေပြည်တော်ကို လွှဲတယ်။ သူတို့ (စစ်တပ်)က နေပြည်တော်ကို မပို့ဘဲနဲ့ မိတ္ထီလာစစ်ဆေးရုံကို ပို့တယ်။ စစ်သားတွေက ကားပေါ်တက်ပြီး သော်သော်ကို စမ်းသပ်ပြီးတော့ နေပြည်တော်ကို ထပ်လွှဲတယ်တဲ့။ ဒီကသွားတဲ့ စစ်သားတွေက နေပြည်တော်သွားမရဘူးဆိုပြီးတော့ ကားထပ်ငှားနေတာနဲ့ အချိန်တွေကြာသွားပြီ။ သွေးတွေလွန်သွားမှာပေါ့။ နေပြည်တော်သွားတဲ့လမ်းမှာ သေသွားတာ” ဟု မိသားစုဝင်က ပြောသည်။

မိတ္ထီလာစစ်ဆေးရုံသို့ ည ၁၁ နာရီဝန်ကျင်ခန့်တွင် ရောက်ရှိခဲ့သော်လည်း ဆေးနှင့် ကိရိယာများမရှိသဖြင့် ကုသပေး၍ မရဟု စစ်သားများက အကြောင်းပြခဲ့ကြောင်း၊ ကားထပ်ငှား၍ နေပြည်တော်သို့ သွားစဉ် ပျော်ဘွယ်မြို့အနီးအရောက် နံနက် ၃ နာရီခန့်က သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုသော်သော်၏ ရုပ်အလောင်းကို သွားရောက်ထုတ်ယူခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

မိသားစုဝင်နှစ်ဦးကိုသာ ခေါ်၍ ကိုသော်သော်ရုပ်အလောင်းကို ကျောက်ပန်းတောင်းသုဿန်တွင် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် သင်္ဂြိုဟ်လိုက်သည်ဟု သိရသည်။

“သော်သော်ဆုံးပြီလို့ လှမ်းဖုန်းဆက်တော့ အိမ်ကလူတွေက နာရေးလုပ်ဖို့ စီစဉ်စရာရှိတာ စီစဉ်နေပြီး စောင့်နေတာ။ မိတ္ထီလာကနေအထွက် ကျောက်ပန်းတောင်းအဝင်ရောက်တော့ ဆေးရုံကို အရင်သွားမယ်လို့ ဖုန်းထပ်ဆက်တယ်။ ဆေးရုံကို ရပ်ရုံလောက်ရပ်ပြီးတော့ သင်္ဂြိုဟ်စက်ကို တစ်ခါတည်းသွားတာ။ မိသားစုဝင်တောင် နှစ်ယောက်လောက်ပဲ လိုက်လို့ရတယ်။ ရဲရဲဝင့်ဝင့် မငိုရဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။




Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...