Skip to main content

၂၀၂၁-၀၆-၁၁ စစ်ရေး

ဒီမော့ဆိုတွင်  အပြစ်မဲ့ပြည်သူ စောဘဲလခရင်းဟဲကို အကြမ်းဖက်စစ်တပ်က ပစ်သတ်သွား

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူ စောဘဲလခရင်းဟဲကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဒီမော့ဆိုမြို့နယ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စောဘဲလ်ခရင်းဟဲ(ခ) ခွန်းဘဲဘဲ အသက် ၂၀ နှစ်သည် ဒေါတခေါက်ရွာနှင့်ပဒန်းခို ရွာ အကြား ထော်လာဂျီတစ်စီးကို ကူတွန်းပေးနေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်သဖြင့် ကျည် ၂ ချက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း၊ ထော်လာဂျီပေါ်တွင် လိုက်ပါသည့် ကလေးနှစ်ဦးလည်း ပစ်ခတ်ခံရပြီး အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။ 

"ရင်ဘတ် နှစ် ချက် ပစ် ခံရတယ်။  ဒီနေ့ မနက်ပိုင်း။ အမေက ဘုရားအလိုတော်ပါတဲ့။ အဖေက အားတင်းထားပါဂေ တဲ့။ နေ့လည်လောက် အလောင်း ရှာတွေ့ပြီးသယ်လာ သဂြိုလ် ပြီးပါပြီတဲ့" ဟု ဒေသခံတစ်ဦးကဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီမော့ဆိုတွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ပြည်သူ ပိုင် နေအိမ်များကို ဖျက်ဆီးခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။





ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်း-လီဒိုလမ်းတစ်‌လျှောက်နှင့် အခြားသွားလာနိုင်သည့်လမ်းကြောင်းတစ်လျှောက် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ခရီးသွားလာမှု မပြုကြရန် KIAက သတိပေးချက်တစ်​စောင် ဇွန်လ ၁၁ ရက်​နေ့ ​နေ့စွဲဖြင့် ထုတ်ပြန်​ကြေညာသည်။


ဘားအံမှာ ဗုံး  ၄ လုံးထက်မနည်းပေါက်ကွဲ၊ ထိခိုက်သူမရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၄ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

"ဒီနေ့ မနက် ၆ နာရီကျော်လောက်ကစပြီး ဗုံးတွေ တစ်လုံးပြီး တစ်လုံးကွဲတယ်။ မှတ်မှတ်ရရဆိုရင် ၆ နာရီ ၄၅ မှာ တတိယအကြိမ် ဗုံးဆိုရင် အတော်သံကျယ်တယ်။ အသံဗုံးတွေလားမသိဘူး။ အသံကတော့ အတော်ကျယ်။ လူထိခိုက်တာမျိုးတော့ မကြားမိသေးဘူး။ ရဲနဲ့ စစ်သားတွေတော့ နေရာအနှံ့ချပြီး စစ်ဆေးနေတာတွေတော့ တွေ့တယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဘားအံမြို့၊ မော်တော်ပီကယ်ရုံး၊ ကညနရုံး၊ အထက ၃ အနီး အပါအဝင် နေရာတချို့တွင် ဗုံးများပေါက်ကွဲပြီး မပေါက်ကွဲသေးသည့် ဗုံးတချို့လည်း ဖမ်းဆီးရမိကြောင်း သိရှိရသည်။



တိုက်ပွဲများ‌‌ေကြာင့် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၁၆၅ ဦးသေဆုံးပြီး CDF အဖွဲ့နှင့် အရပ်သား‌ပေါင်း ၃၉ ဦးကျဆုံး

၂၀၂၁ ခုနှစ်ဧပြီလ ၂၄ မှ ဇွန်လ ၁၁ ရက်နေ့အထိ ချင်းြပည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းြပည်ကာကွယ်ရေး(CDF)အဖွဲ့အကြား တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက် မှ ၁၆၅ ဦးသေဆုံးပြီး CDF နှင့် အရပ်သား ၃၉ ဦးကျဆုံးကြောင်း Chinland Defense Force  အဖွဲ့က ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် မှ ဇွန်လ ၁၀ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီစစ်တပ်နှင့် Chinland Defense Force အကြား တိုက်ခိုက်မှုကြောင့် CDF အဖွဲ့၊ ချင်းပြည်သူများ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများစာရင်း နှင့် စစ်ကောင်စီ စစ်တပ် စစ်သားများမှ သေဆုံးသည့် အရေအတွက်ကို Chinland Defense Force ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။


ထန်တလန်မြို့နယ် ကျေးရွာတစ်ချို့တွင် မနေ့ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီစစ်တပ်နှင့်ဒေသခံCDFအဖွဲ့ တိုက်ပွဲဖြစ်ခြင်း‌ေကြာင့် ယခုတွင် ရွာခံပြည်သူများ ကိုယ့်ကျေးရွာကိုစွန့်ခွာြပီးတောတောင်တွင် တောခိုနေကြရသည်။

Photo Crd








Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...