Skip to main content

၂၀၂၁-၀၆-၁၁ စစ်ရေး

ဒီမော့ဆိုတွင်  အပြစ်မဲ့ပြည်သူ စောဘဲလခရင်းဟဲကို အကြမ်းဖက်စစ်တပ်က ပစ်သတ်သွား

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်တွင် အပြစ်မဲ့ပြည်သူ စောဘဲလခရင်းဟဲကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

ဒီမော့ဆိုမြို့နယ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စောဘဲလ်ခရင်းဟဲ(ခ) ခွန်းဘဲဘဲ အသက် ၂၀ နှစ်သည် ဒေါတခေါက်ရွာနှင့်ပဒန်းခို ရွာ အကြား ထော်လာဂျီတစ်စီးကို ကူတွန်းပေးနေစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်သဖြင့် ကျည် ၂ ချက်ထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း၊ ထော်လာဂျီပေါ်တွင် လိုက်ပါသည့် ကလေးနှစ်ဦးလည်း ပစ်ခတ်ခံရပြီး အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရသည်။ 

"ရင်ဘတ် နှစ် ချက် ပစ် ခံရတယ်။  ဒီနေ့ မနက်ပိုင်း။ အမေက ဘုရားအလိုတော်ပါတဲ့။ အဖေက အားတင်းထားပါဂေ တဲ့။ နေ့လည်လောက် အလောင်း ရှာတွေ့ပြီးသယ်လာ သဂြိုလ် ပြီးပါပြီတဲ့" ဟု ဒေသခံတစ်ဦးကဆိုသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီမော့ဆိုတွင် အရပ်သားများကို ပစ်သတ်ခြင်း၊ ပြည်သူ ပိုင် နေအိမ်များကို ဖျက်ဆီးခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများ ဆက်တိုက်ဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။





ကချင်ပြည်နယ် မြစ်ကြီးနား– တနိုင်း-လီဒိုလမ်းတစ်‌လျှောက်နှင့် အခြားသွားလာနိုင်သည့်လမ်းကြောင်းတစ်လျှောက် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ခရီးသွားလာမှု မပြုကြရန် KIAက သတိပေးချက်တစ်​စောင် ဇွန်လ ၁၁ ရက်​နေ့ ​နေ့စွဲဖြင့် ထုတ်ပြန်​ကြေညာသည်။


ဘားအံမှာ ဗုံး  ၄ လုံးထက်မနည်းပေါက်ကွဲ၊ ထိခိုက်သူမရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၄ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

"ဒီနေ့ မနက် ၆ နာရီကျော်လောက်ကစပြီး ဗုံးတွေ တစ်လုံးပြီး တစ်လုံးကွဲတယ်။ မှတ်မှတ်ရရဆိုရင် ၆ နာရီ ၄၅ မှာ တတိယအကြိမ် ဗုံးဆိုရင် အတော်သံကျယ်တယ်။ အသံဗုံးတွေလားမသိဘူး။ အသံကတော့ အတော်ကျယ်။ လူထိခိုက်တာမျိုးတော့ မကြားမိသေးဘူး။ ရဲနဲ့ စစ်သားတွေတော့ နေရာအနှံ့ချပြီး စစ်ဆေးနေတာတွေတော့ တွေ့တယ်" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

ဘားအံမြို့၊ မော်တော်ပီကယ်ရုံး၊ ကညနရုံး၊ အထက ၃ အနီး အပါအဝင် နေရာတချို့တွင် ဗုံးများပေါက်ကွဲပြီး မပေါက်ကွဲသေးသည့် ဗုံးတချို့လည်း ဖမ်းဆီးရမိကြောင်း သိရှိရသည်။



တိုက်ပွဲများ‌‌ေကြာင့် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၁၆၅ ဦးသေဆုံးပြီး CDF အဖွဲ့နှင့် အရပ်သား‌ပေါင်း ၃၉ ဦးကျဆုံး

၂၀၂၁ ခုနှစ်ဧပြီလ ၂၄ မှ ဇွန်လ ၁၁ ရက်နေ့အထိ ချင်းြပည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းြပည်ကာကွယ်ရေး(CDF)အဖွဲ့အကြား တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက် မှ ၁၆၅ ဦးသေဆုံးပြီး CDF နှင့် အရပ်သား ၃၉ ဦးကျဆုံးကြောင်း Chinland Defense Force  အဖွဲ့က ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် မှ ဇွန်လ ၁၀ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီစစ်တပ်နှင့် Chinland Defense Force အကြား တိုက်ခိုက်မှုကြောင့် CDF အဖွဲ့၊ ချင်းပြည်သူများ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများစာရင်း နှင့် စစ်ကောင်စီ စစ်တပ် စစ်သားများမှ သေဆုံးသည့် အရေအတွက်ကို Chinland Defense Force ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။


ထန်တလန်မြို့နယ် ကျေးရွာတစ်ချို့တွင် မနေ့ဇွန်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီစစ်တပ်နှင့်ဒေသခံCDFအဖွဲ့ တိုက်ပွဲဖြစ်ခြင်း‌ေကြာင့် ယခုတွင် ရွာခံပြည်သူများ ကိုယ့်ကျေးရွာကိုစွန့်ခွာြပီးတောတောင်တွင် တောခိုနေကြရသည်။

Photo Crd








Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...