ကွတ်ခိုင်တွင် ကိုးကန့်MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းမိ
ရန်ကုန်၊ ဇွန် ၇
ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ ဇွန်လ ၅ ရက်နေ့နှင့် ဇွန်လ ၆ ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်မ ၉၉ ဘက်မှ ၉ ဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းမိကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဆူရ်ခွာ မြို့အနီး CDF နဲ့ စကစတို့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အသုံးပြုခဲ့သည့် လက်နက်ကြီးများမြင်ကွင်း