မြစ်ကြီးနား ဗလမင်းထင်တံတား စုပေါင်းဂိတ်အား KIA ဝင်တိုက်
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၃ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက ဗလမင်းထင်တံတားနားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ည ၈ နာရီလောက်ကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တပ်တွေ နေထိုင်တဲ့ စုပေါင်းရုံးကို KIA တပ်က လာပြီး သိမ်းရာကနေ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
မြစ်ကြီးနားမြို့ပေါ်နေထိုင်သူတွေကတော့ လက်နက်ကြီးပစ်သံ ၁၂ ချက်ကျော်ကြားရသလို အပြန်လှန် ပစ်ခတ်သံတွေလည်း ကြားရပြီး လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ရဟတ်ယာဥ်တွေပါ အသုံးပြုပြီး ကင်းလှည့်နေတာတွေ့ရတယ်လို့ ပြောပါတယ်။
နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုစာရင်းကိုတော့ အတည်ကျမသိရသေးဘူးလို့ ပြောပါတယ်။
ည ၈ နာရီခွဲလောက်မှာ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေ ခဏရပ်သွားတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
#မြစ်ကြီးနား #ဗလမင်းထင်တံတား #အပြန်အလှန်ပစ်ခတ်မှု #Ayeyarwaddy_Times