ရန်ကုန်မြို့ သေနတ်ဖြင့် လုပ်ကြံခံရ၍ တစ်ရက်ထဲတွင် နှစ်ဦးသေဆုံး
ရန်ကုန် ၊ ဇွန် ၁၆ ၊ ၂၀၂၁
ရန်ကုန်မြို့အတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဥ်းများ နေ့စဥ်ဖြစ်ပွားလျက်ရှိနေသည့်အပြင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုများကြောင့်လည်း သေဆုံးမှုများ နေ့စဥ်ရှိနေရာ ဇွန် ၁၆ ရက်နေ့ တစ်ရက်ထဲမှာပင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်
ယင်းသို့ သေဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ
မြို့နယ်(အနောက်ပိုင်း)မှ ဖြစ်ပြီး (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် အလုပ်လုပ်ကိုင်ကြောင်း ၎င်းအား စီစစ်ဆဲလူတစ်စုက ယနေ့ နံနက်ပိုင်း၌ သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ဒုတိယပညာရေးမှူး တစ်ဦးကို စီစစ်ဆဲလူတစ်စုက ကျောက်တန်းမြို့ အထက (၁)နှင့် စာတိုက်ရုံးကြားတွင် သေနတ်ဖြင့် လုပ်ကြံခဲ့ကြောင်းသိရသည်။
အထက်ပါကဲ့သို့ လုပ်ကြံခံရသည့် အုပ်ချုပ်ရေးမှူး နှင့် ဒုတိယပညာရေးမှူးသည် နေရာမှာပင်အသက်သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန်အထိ မြန်မာနိုင်ငံအနှံ့အပြားတွင် အုပ်ချုပ်ရေးမှူး အလုပ်အား လုပ်ကိုင်ဆောင်ရွက်သူများ အပါအဝင် လူပုဂ္ဂိုလ် အချို့အား ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခံရမှုသည် ၁၀၀ ကျော်အထိရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲ မှ သိရသည်။
(နိုင်နိုင်)
@The River News TRN မှကူးယူဝေမျှ
ဖော်ပြပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ဌာနချုပ်ရုံး ဗုံးပေါက်ကွဲ
https://t.me/TachileikNewsAgency/7291
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ဌာနချုပ်ရုံးရှေ့တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။
ပေါက်ကွဲမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် ရဲနှင့်စစ်သားများရောက်ရှိလာပြီး ရှင်းလင်းခြင်းများပြုလုပ်ပြီး CCTV မှတ်တမ်းများကိုပါ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများမှာ နေ့ရောညပါ မကြာခဏ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင် မြန်မာပြည်မပြန်
မြန်မာလက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂိုးသမားပြည့်လျှံအောင်က အသင်းနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါလာခဲ့ခြင်းမရှိကြောင်းဘဲ ဂျပန်နိုင်ငံတွင် နေရစ်ခဲ့ကြောင်း ကနေဦးသတင်းတွေအရသိရပါတယ်။
ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ လက်ကျန်ပွဲစဉ်တွေယှဉ်ပြိုင်ခဲ့အပြီး ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ပြန်မည့် ခရီးစဉ်မှာ ဂိုးသမားပြည့်လျှံအောင်က အိုဆာကာ လေဆိပ်မှာပဲ ကျန်ရစ်နေခဲ့ကြောင်းကို ၎င်းရဲ့ရင်းနှီးသူအချို့ထံမှာသိရပါတယ်။
"ဟုတ်ပါတယ်။ဒီနေ့ အသင်းတည်ရှိရာ မြိုက အိုဆာကာလေဆိပ်မှာကျန်ခဲ့ပါတယ်။ အသင်းကတော့ ဒီနေ့ပဲပြန်သွားတာ " ဟု ရင်းနှီးသူအချို့က ဆိုပါတယ်။
လက်ရှိအချိန်တွင် ပြည့်လျှံအောင်အနေဖြင့် အိုဆာကာမြိုကတွင်နေထိုင်လျက်ရှိနေပြီး အသေးစိတ်အချက်အလက်ကိုတော့ မကြာခင်မှာ သတင်းထုတ်ပြန်သွားဖို့ရှိနေကြောင်းသိရပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမြို့ မှာ မေလ ၂၈ ရက်နေ့က ဂျပန်လက်ရွေးစင်အမျိုးသားဘောလုံးအသင်း နှင့် မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်အစတွင် ဂိုသမား ပြည့်လျှံအောင်ဟာ အကြမ်းဖက်စစ်အာဏာရှင်ကိုဆန့်ကျင် သည့်အနေဖြင့် လက်ပေါ်၌ we need justice ဟု ရေးသားကာ လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သူ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် သံတွဲလေဆိပ် အခြေအနေ
https://t.me/TachileikNewsAgency/7283
ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် သံတွဲမြို့၏ လေဆိပ်တွင် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်။
လက်ရှိအနေအထားကြောင့် လေယာဉ် အတက်အဆင်းများကို ရပ်နားထားလိုက်ကြောင်း သိရသည်။