Skip to main content

၂၀၂၁-၀၆-၀၉ အထွေထွေ

စမ်းချောင်း၊ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင် ဗုံးပေါက် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းထိပ်ရှိ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲပြီး လူ ၂ ဦးထိခိုဒဏ်ရာရရှိကြောင်း သိရှိရသည်။ "အကြော်ကြော်တဲ့နားမှာလို့လည်း ပြောတယ်။ အိမ်သာထဲမှာလို့လည်းပြောတယ်။ ပထမ ဂတ်စ်အိုးပေါက်တယ်ထင်တာ။ နောက်မှ ဗုံးမှန်းသိတာ။ အခုတော့ ဗဟိုလမ်းကို ပိတ်ပြီး စစ်နေပြီ။ လူ ၂ ဦးဒဏ်ရာရသွားတယ်။ ဗုံးပေါက်တဲ့အသံလည်း အတော်ကို ကျယ်ပါတယ်" ဟု​ ဒေသခံတစ်ဦးက ဆိုသည်။ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် စစ်ကောင်စီသတင်းပေးနေသည့် အမာခံတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။ Photo Credit - CJ


ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၈) တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သော်လည်း ဖားကန့်မြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံများသည် နေ့စဉ်ဆန္ဒပြချီတက်လျှက်ရှိသည်။
ဖားကန့်မြို့နယ် တာမခန်မြို့သစ်၌လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ညနေပိုင်းက မိုးရွာနေသည့်ကြားမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ Photos-CJ

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ကြောင်း ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်အာဏာရှင်အလိုမရှိ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့်ကြွေးကြော်သံများကို ကြွေးကြော်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။



မကွေးတိုင်း မြိုင်မြို့နယ်၌ ပညာရေးဝန်ထမ်းများနှင့် ပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၉)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Photos-CJ

AA တပ်မှူးချုပ်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် တရားသေလွတ်မြောက်လာကြောင်းမိသားစုဝင်များက Western News ကို ပြောသည်။ 

အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦး၏ အမှုကို  တရားလိုဖက်မှ ပြီးခဲ့သည့်အပတ်ရုံးချိန် ဇွန် ၂ ရက်က ရုပ်သိမ်းလွှာတင်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူ ကိုတင်လှိုင်ဦး၏ ဇနီး ဒေါ်မူမူခိုင်က " အားလုံးသူ လွတ်လာပါတယ်။ တရားသေလွတ်လာတာ။ ၁၂ နာရီ ၄၅ မိနစ်လောက်က လွတ်တာ"ဟု  Western News ကိုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက် ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။

ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် AA တပ်မှူးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည် ထိုင်းနိုင်ငံတွင် ဆေးကုသခံယူပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အလားတူ AA တပ်မှူးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူမှာလည်း သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို လေဆိပ်သို့လာရောက်ကြိုဆိုစဉ်မှာ သမီးဖြစ်သူနှင့် အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ညဖက်အချိန်တွင် မမိုးနှင်းဖြူနှင့် သမီးဖြစ်သူကို ၎င်းတို့နေထိုင်သည့် ရပ်ကွက်သို့ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင် အာဏာပိုင်များကခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးနောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားခြင်းဖြစ်သည်။

ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်စလုံးကို အကြမ်း ဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းတွင် ရထားလမ်းပေါ် မိုင်း ၁လုံးပေါက် ပဲခူးတိုင်း​ဒေသကြီး ကညွတ်ကွင်းမြို့ အဝင် ဘက်တောင်ပိုင်းနဲ့ဂုံးတဲရွာအဝင် ဖိုးလောင်း တံတားပေါ်မှာ ဇွန်လ ၈ရက် ည၁၀နာရီ ၂၃မိနစ်မိုင်း ၁ လုံးပေါက်သွားတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်ကနေ မန္တလေးဘက်ကို တက်လာတဲ့ရထားဖြစ်ပြီး လူထိခိုက်မှုမရှိပါ။ ဒေသခံတစ်ဦးက "ကညွတ်ကွင်းမြို့မှာ ၆ကြိမ်မြောက်ပေါက်တာ၃ကြိမ်က ရထားလမ်း နောက် ၃ကြိမ်က စာသင်ကျောင်းအနီးမှာပေါက်တယ်။ ၂ကြိမ်ကတော့ မီးရထားတွဲကိုထိတာပေါ့။ ၁ကြိမ်ကတော့ မထိဘူး။ ဇလီဖာတုံးတွေပျက်ဆီးတယ်။ အခုတစ်ခါပေါက်ကတာ တော်တော်ကျယ််တယ်။ ကျနော်တို့တောင် ကြက်ဘသိန်းထတယ်။ မိုင်းပေါက်တဲ့နေရာမှာ မြို့ထဲရဲတွေခြေရှုပ်ကြတယ်။ စစ်သားတော့သိပ်မတွေ့ရဘူး"လို့ပြောပါတယ်။

ကလေးမြို့တွင် ကိုဗစ်နဲ့ ၃ ဦးသေဆုံး၊စုစုပေါင်း ၁၇ ဦးသေဆုံးပြီ

ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါနဲ့ ဒီနေ့(ဇွန်၉) ၃ ဦး နဲ့ သံသယလူနာ ၁ ဦးသေဆုံးတယ်လို့သတင်းရရှိပါတယ်။

သေဆုံးလူနာတွေကတော့ တပ်ဦးသီတာရပ်ကွက်က အသက် ၆၇ အရွယ် အမျိုးသမီး၊ ကျောက်ချပ်ကျေးရွာက အသက် ၅၉ အရွယ်အမျိုးသမီး၊တောင်ဇလပ်ရပ်ကွက်က အသက် ၅၀ အရွယ်အမျိုးသား နဲ့ ထိုမာကျေးရွာက သံသယလူနာ ၁ ဦးတို့ဖြစ်ပါတယ်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်နဲ့သေဆုံးသူ ၁၇ ဦးနဲ့ သံသယလူနာ ၂ ဦးသေဆုံးပါပြီ။

ဒီနေ့ ကိုဗစ်ရောဂါ စစ်ဆေးခံရသူ ၆၀ ရှိပြီး ၎င်းတို့ထဲမှ ၂၇ ဦးထံ ပိုးတွေ့ပါတယ်။

လက်ရှိ ကလေးမြို့ အိတ်စွပ်စင်တာတွင် ကိုဗစ်လူနာ ၁၀၀ ကျော် ကုသလျက်ရှိပါတယ်။

ပလက်ဝမြို့မှာ ကိုဗစ်ပို့တွေ့လူနာသစ် ၇ ယောက်တွေ့ ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အိန္ဒိယနယ်စပ်မြိတ်ဝကျေးရွာမှ အပြင်းဖျားပြီးပလက်ဝမြို့ပေါ်ဆေးကုသရန်ဆင်းလာကြသောလူနာများအားကိုဗစ်‌ေရာဂါပိုးစစ်ဆေးရာ ၇ ဦးထံ‌ပိုး‌ေတွ့ရှိကြောင်းသတင်းရရှိပါသည်။ လက်ရှိ ကိုဗစ်ပိုးတွေ့လူနာများအား ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမူခံယူနေကြောင်းသိရသည်။ ပလက်ဝမြို့ပေါ်ဒေသခံတစ်ဦးက "မြိတ်ဝရွာကနေဆေးလာကုတဲ့သူတွေ ကိုဗစ်စစ်တော့ရောဂါတွေ့တယ်။ သူတို့တည်းခိုနေတဲ့စားသောက်ဆိုင်မိသားစုအားထပ်စစ်ဆေး‌ေတာ့ ရောဂါပိုးထပ်တွေ့တယ်" ဟုဆိုသည်။ ပလက်ဝမြို့ပေါ်ကိုဗစ်လူနာတွေ့သောကြောင်းမြို့အဝင်အထွက်အားလုံးပိတ်ထားကြောင်းသိရသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...