Skip to main content

၂၀၂၁-၀၆-၀၉ အထွေထွေ

စမ်းချောင်း၊ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင် ဗုံးပေါက် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းထိပ်ရှိ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဗုံးပေါက်ကွဲပြီး လူ ၂ ဦးထိခိုဒဏ်ရာရရှိကြောင်း သိရှိရသည်။ "အကြော်ကြော်တဲ့နားမှာလို့လည်း ပြောတယ်။ အိမ်သာထဲမှာလို့လည်းပြောတယ်။ ပထမ ဂတ်စ်အိုးပေါက်တယ်ထင်တာ။ နောက်မှ ဗုံးမှန်းသိတာ။ အခုတော့ ဗဟိုလမ်းကို ပိတ်ပြီး စစ်နေပြီ။ လူ ၂ ဦးဒဏ်ရာရသွားတယ်။ ဗုံးပေါက်တဲ့အသံလည်း အတော်ကို ကျယ်ပါတယ်" ဟု​ ဒေသခံတစ်ဦးက ဆိုသည်။ ခေတ်ဆန်သူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်သည် စစ်ကောင်စီသတင်းပေးနေသည့် အမာခံတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။ Photo Credit - CJ


ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၈) တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သော်လည်း ဖားကန့်မြို့ပေါ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံများသည် နေ့စဉ်ဆန္ဒပြချီတက်လျှက်ရှိသည်။
ဖားကန့်မြို့နယ် တာမခန်မြို့သစ်၌လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ညနေပိုင်းက မိုးရွာနေသည့်ကြားမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကျေးရွာပေါင်းစုံ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ Photos-CJ

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ ပြည်သူများသည် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ကြောင်း ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်အာဏာရှင်အလိုမရှိ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ စသည့်ကြွေးကြော်သံများကို ကြွေးကြော်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။



မကွေးတိုင်း မြိုင်မြို့နယ်၌ ပညာရေးဝန်ထမ်းများနှင့် ပြည်သူများက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့ (ဇွန် ၉)တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ Photos-CJ

AA တပ်မှူးချုပ်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူအပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖ၊ ညီမနှင့် ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၁၀ ဦးမှာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် တရားသေလွတ်မြောက်လာကြောင်းမိသားစုဝင်များက Western News ကို ပြောသည်။ 

အဆိုပါ လွတ်မြောက်လာသူ ၁၀ ဦး၏ အမှုကို  တရားလိုဖက်မှ ပြီးခဲ့သည့်အပတ်ရုံးချိန် ဇွန် ၂ ရက်က ရုပ်သိမ်းလွှာတင်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူ ကိုတင်လှိုင်ဦး၏ ဇနီး ဒေါ်မူမူခိုင်က " အားလုံးသူ လွတ်လာပါတယ်။ တရားသေလွတ်လာတာ။ ၁၂ နာရီ ၄၅ မိနစ်လောက်က လွတ်တာ"ဟု  Western News ကိုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက် ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။

ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် AA တပ်မှူးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည် ထိုင်းနိုင်ငံတွင် ဆေးကုသခံယူပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အလားတူ AA တပ်မှူးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူမှာလည်း သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို လေဆိပ်သို့လာရောက်ကြိုဆိုစဉ်မှာ သမီးဖြစ်သူနှင့် အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ညဖက်အချိန်တွင် မမိုးနှင်းဖြူနှင့် သမီးဖြစ်သူကို ၎င်းတို့နေထိုင်သည့် ရပ်ကွက်သို့ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင် အာဏာပိုင်များကခေါ်လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးနောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားခြင်းဖြစ်သည်။

ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်စလုံးကို အကြမ်း ဖက် မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပဲခူးတိုင်းတွင် ရထားလမ်းပေါ် မိုင်း ၁လုံးပေါက် ပဲခူးတိုင်း​ဒေသကြီး ကညွတ်ကွင်းမြို့ အဝင် ဘက်တောင်ပိုင်းနဲ့ဂုံးတဲရွာအဝင် ဖိုးလောင်း တံတားပေါ်မှာ ဇွန်လ ၈ရက် ည၁၀နာရီ ၂၃မိနစ်မိုင်း ၁ လုံးပေါက်သွားတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်ကနေ မန္တလေးဘက်ကို တက်လာတဲ့ရထားဖြစ်ပြီး လူထိခိုက်မှုမရှိပါ။ ဒေသခံတစ်ဦးက "ကညွတ်ကွင်းမြို့မှာ ၆ကြိမ်မြောက်ပေါက်တာ၃ကြိမ်က ရထားလမ်း နောက် ၃ကြိမ်က စာသင်ကျောင်းအနီးမှာပေါက်တယ်။ ၂ကြိမ်ကတော့ မီးရထားတွဲကိုထိတာပေါ့။ ၁ကြိမ်ကတော့ မထိဘူး။ ဇလီဖာတုံးတွေပျက်ဆီးတယ်။ အခုတစ်ခါပေါက်ကတာ တော်တော်ကျယ််တယ်။ ကျနော်တို့တောင် ကြက်ဘသိန်းထတယ်။ မိုင်းပေါက်တဲ့နေရာမှာ မြို့ထဲရဲတွေခြေရှုပ်ကြတယ်။ စစ်သားတော့သိပ်မတွေ့ရဘူး"လို့ပြောပါတယ်။

ကလေးမြို့တွင် ကိုဗစ်နဲ့ ၃ ဦးသေဆုံး၊စုစုပေါင်း ၁၇ ဦးသေဆုံးပြီ

ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါနဲ့ ဒီနေ့(ဇွန်၉) ၃ ဦး နဲ့ သံသယလူနာ ၁ ဦးသေဆုံးတယ်လို့သတင်းရရှိပါတယ်။

သေဆုံးလူနာတွေကတော့ တပ်ဦးသီတာရပ်ကွက်က အသက် ၆၇ အရွယ် အမျိုးသမီး၊ ကျောက်ချပ်ကျေးရွာက အသက် ၅၉ အရွယ်အမျိုးသမီး၊တောင်ဇလပ်ရပ်ကွက်က အသက် ၅၀ အရွယ်အမျိုးသား နဲ့ ထိုမာကျေးရွာက သံသယလူနာ ၁ ဦးတို့ဖြစ်ပါတယ်။

လက်ရှိ ကလေးမြို့တွင် ကိုဗစ်နဲ့သေဆုံးသူ ၁၇ ဦးနဲ့ သံသယလူနာ ၂ ဦးသေဆုံးပါပြီ။

ဒီနေ့ ကိုဗစ်ရောဂါ စစ်ဆေးခံရသူ ၆၀ ရှိပြီး ၎င်းတို့ထဲမှ ၂၇ ဦးထံ ပိုးတွေ့ပါတယ်။

လက်ရှိ ကလေးမြို့ အိတ်စွပ်စင်တာတွင် ကိုဗစ်လူနာ ၁၀၀ ကျော် ကုသလျက်ရှိပါတယ်။

ပလက်ဝမြို့မှာ ကိုဗစ်ပို့တွေ့လူနာသစ် ၇ ယောက်တွေ့ ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အိန္ဒိယနယ်စပ်မြိတ်ဝကျေးရွာမှ အပြင်းဖျားပြီးပလက်ဝမြို့ပေါ်ဆေးကုသရန်ဆင်းလာကြသောလူနာများအားကိုဗစ်‌ေရာဂါပိုးစစ်ဆေးရာ ၇ ဦးထံ‌ပိုး‌ေတွ့ရှိကြောင်းသတင်းရရှိပါသည်။ လက်ရှိ ကိုဗစ်ပိုးတွေ့လူနာများအား ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမူခံယူနေကြောင်းသိရသည်။ ပလက်ဝမြို့ပေါ်ဒေသခံတစ်ဦးက "မြိတ်ဝရွာကနေဆေးလာကုတဲ့သူတွေ ကိုဗစ်စစ်တော့ရောဂါတွေ့တယ်။ သူတို့တည်းခိုနေတဲ့စားသောက်ဆိုင်မိသားစုအားထပ်စစ်ဆေး‌ေတာ့ ရောဂါပိုးထပ်တွေ့တယ်" ဟုဆိုသည်။ ပလက်ဝမြို့ပေါ်ကိုဗစ်လူနာတွေ့သောကြောင်းမြို့အဝင်အထွက်အားလုံးပိတ်ထားကြောင်းသိရသည်။

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...