Skip to main content

မင်းတပ်

မနက်ဖြန်တွေ မသေချာတဲ့ချိန်မို့ ဒိုင်ယာရီထဲရေးထားတာတချို့ ရေးတင်လိုက်တယ်။

၁၄၊ ၁၅ အရွယ်တွေက စပြီး လူကြီး၊ လူငယ် အရွယ်စုံက တူမီးကိုင် ရဲရဲရှေ့တိုးပစ်ကြလို့ စကစတပ်က CDF-Mindat ကို လွယ်လွယ်နဲ့ မဖြိုနိုင်ဘဲ ရှိန်နေတာပါလို့ ရေးဖူးပါတယ်။

CDF-မင်းတပ်နဲ့ စကစတပ်ရဲ့ မင်းတပ်တိုက်ပွဲတွေက KIA, KNU လို ဟိုဘက်တောင်ကုန်းနဲ့ ဒီဘက်တောင်ကုန်းလို မဟုတ်ဘဲ.. ကားလမ်းအပေါ်နဲ့အောက်၊ ၁၈ ကိုက်စည်းအကွာလိုမျိုးနေရာကနေ ပစ်ခတ်ကြတာပါ။ တူမီး၊ ခါးချိုးကိုင်တာဆိုတော့ လက်နက်ကြီးကျည်ဆံတွေ မိုးရွာသလိုကျနေတဲ့ကြားကပဲ မရမက အနီးကပ်တိုး တွားသွားပြီး ပြီး တိုက်ပွဲဝင်ရတဲ့ အခြေအနေပါ။

မင်းတပ် ဒုတိယအကျော့တိုက်ပွဲ (မေ ၁၂၊ ၁၃၊ ၁၄) ပြန်စတော့  (၃)ရက်လုံးလုံး တောက်လျှောက် မနားတမ်းတိုက်ပွဲဖြစ်တယ်။ စကစတပ်က ကျောက်ထုအမြောက်တပ်ကနေလှမ်းပြီး လက်နက်ကြီးပစ်ကူ၊ RPG၊ မော်တာကျည်တွေ၊ စက်သေနတ်တွေနဲ့ ပထမတိုက်ပွဲ (ဧပြီ ၂၄၊ ၂၅၊ ၂၆၊ ၂၇) ကထက်ပိုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ စကစတပ်တွေက မင်းတပ်ကို ၂ ရက်အတွင်း အပြီးသိမ်းဖို့ ရည်ရွယ်ထားတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့က တချိန်တည်းမှာပဲ စစ်မျက်နှာ (၃) ခုဖွင့်ပြီး တိုက်တယ်။


အနောက်စစ်မျက်နှာ - မတူပီက စစ်ကူလာတဲ့ စစ်ကား ၆ စီး (အဲဒီ ၆ စီး မြို့ကို မရောက်နိုင်လို့ နောက်ထပ် ၉ စီး မတူပီကနေ စစ်ကူထပ်လွှတ်ရတယ်)

မြို့တွင်းစစ်မျက်နှာ - ရဲစခန်း၊ ဘဏ်ရုံး၊  စတဲ့နေရာတွေကနေ စနိုက်ပါနဲ့ သွားလာသူတွေကို ပစ်တယ်။  ၂၇၄ တပ်ရင်းက​ေန မြို့ထဲကို လက်နက်ကြီးနဲ့ထုတယ်။

အရှေ့စစ်မျက်နှာ - ကျောက်ထု​အမြောက်တပ် ကနေ စစ်ကား စုစုပေါင်း ၈ စီး


ဒါတွေအကုန်လုံးကို မင်းတပ် CDF က တပြိုင်နက် ခံပစ်ရတာပါ။ အဲဒီလို သိမ်းကျုံးတိုက်တာမို့လည်း စကစတပ်တွေဟာ မြို့ကိုအမြန်သိမ်းနိုင်မယ်လို့ ယံု​​ကြည်ပုံရတယ်။ ကျောက်ထုက တက်လာတဲ့ စစ်ကား ၈ စီးကလည်း ပထမတိုက်ပွဲကလို ထွဋ်ခေါင်ကြီးဟိုတယ်ထဲ ဝင်မနားဘူး။ နေ့ချင်းပဲ မင်းတပ်ကိုဝင်စီးဖို့ဦးတည်တဲ့အတွက် မေ ၁၃ ရက်နေ့မှာ ဂေါက်ကွင်းနားအထိ

လက်နက်ကြီးနဲ့ ပစ်ရင်းတက်ရင်း ထိုးတက်လာခဲ့တယ်။ စခတွေကနပ်သွားတဲ့အတွက် ခပ်လှမ်းလှမ်းကပဲ အမြှောက်နဲ့ မနားတမ်းပစ်၊ စနိုက်ပါနဲ့ ပစ်ပြီး တူမီး၊ ခါးချိုးပစ်လို့ရမဲ့ အကွာအဝေးအထိ အကပ်မခံတော့ဘူး။

ဒါပေမဲ့ မေ ၁၃ ညမှာ စကစရဲ့ တရစပ်ထိုးစစ်ကို CDF-Mindat က ဟန့်တားနိုင်ခဲ့တယ်။ စကစ စစ်ကားတစ်စီးကို မီးရှို့နိုင်ခဲ့တယ်။ လက်နက်တချို့ရလိုက်တယ်။ နောက်နေ့ မေ ၁၄ ရက်က နောက်ဆုံးတိုက်ပွဲ။ CDF-Mindat က နောက်ထပ်ဆုတ်စရာ မကျန်တော့ဘူး။ မြို့ထဲမဝင်အောင် အသေအကျေကာကွယ်ပြီး ပြန်ထိုးစစ်ဆင်တာပဲ။ မေ ၁၄ ရက် နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာတော့ စစ်ကား ၁ စီးသိမ်း၊ ကျန် ၅ စီးကို CDF-မင်းတပ်က မီးရှို့ပြီး လက်နက်တွေသိမ်းနိုင်ခဲ့တယ်။ ခါးချိုး၊ တူမီးတပ်က အခုလို အင်နဲ့အားနဲ့ လက်နက်ကြီးတွေ ပါတဲ့ စစ်ကားတန်းကို

သိမ်းနိုင်တာကို လူတော်တော်များများက မယုံကြဘူး။ မယုံတာလည်း အပြစ်ပြောလို့မရဘူး။ လက်နက်ချင်းက လုံးဝမယှဥ်သာဘူး။ ပစ်အား.. တိုက်ပွဲအတွေ့အကြုံ၊ စစ်ပညာကအစ အကုန်ကွာတာကိုး။ 

ဒါပေမဲ့ မင်းတပ်ရဲ့ ပထဝီအနေအထား၊ မင်းတပ်ပြည်သူတွေရဲ့ စည်းလုံးမှု၊ နယ်မြေကျွမ်းကျင်မှု နှင့် အထူးသဖြင့် CDF-မင်းတပ် လူငယ်တွေရဲ့ ရဲရင့်မှု။ CDF လူငယ်တစ်ယောက်ရဲ့ စကားကို ပြောရရင် "သူတို့က ငါတို့တူမီးတွေကို မကြောက်ဘူး။ ငါတို့ရဲ့ သေရဲသတ်ရဲတဲ့စိတ်ကိုပဲ ကြောက်တာ"

ဒုတိယ တိုက်ပွဲမှာဆို.. စကစ တပ်တွေကို ဂေါက်ကွင်းအောက်နားမှာ.. အရှေ့ကနေ၊ ကုန်းပေါ်ကနေ၊ အနောက်ကနေ သေသေကျေကျေ အကုန်ဝိုင်းညှပ်တိုက်ကြတာ။

တကယ် နောက်ဆုံး စစ်ကားတေွကို 

ဆုံးသတ်သိမ်းနိုင်ခါနီးမှာ CDF-Mindat ရေှ့တန်းကရဲ​ေဘာ်တွေဆို ယမ်းမရှိ၊ ကျည်ဆံလုံးဝမရှိတော့ဘူး။ အဲဒီအခါကျ တူမီးတွေ၊ ခါးချိုးတွေကလည်း တုတ်ချောင်းလောက်တောင် အသုံးမဝင်တော့ဘူး။ ပစ်စရာ ကျည်ဆံလုံးဝမရှိတော့တာကို  နောက်မဆုတ်ဘဲ.. CDF-Mindat လူငယ်တွေက  လမ်းဘေးနားက ကျောက်ခဲတွေနဲ့ပါပေါက်ပြီး တိုက်ပွဲဝင်တာပါ။ ပစ်စရာ ကျည်ကလည်း ကုန်ပြီ။ စစ်ကားထဲမှာ ဒဏ်ရာရနေတဲ့ စစ်သားတွေကလှမ်းပစ်နေတဲ့ ကြားထဲက  မရမက ခဲနဲ့ပေါက်ပြီး အနုိင်ယူတာပါ။ လမ်းဘေးက ကျောက်ခဲတွေနဲ့ဝိုင်းပေါက်ကြတာ..နောက်ဆုံး ပေါက်စရာ ခဲမကျန်လို့ မြေခဲတွေနဲ့ပါ ပေါက်ရတဲ့အထိ။ ကျောက်ခဲလည်း လူကိုအထိနာစေတာပဲဆိုပြီး နောက်မဆုတ်တမ်း ပေါက်ကြတာ။

၂၁ရာစု ခေတ်တိုက်ပွဲမှာ တူမီးဘေးချပြီး ကျောက်ခဲနဲ့ မရမက ရှေ့တိုးတိုက်ပွဲဝင်လို့သာ CDF-Mindat လူငယ်တွေက စစ်ကားတွေကို သိမ်းနိုင်တာပါ။






စစ်ပြေးတွေနဲ့ မင်းတပ် CDF ကြားက ရင်ကိုထိရှတဲ့ အဖြစ်အပျက်

CDF မင်းတပ် ရဲဘော်တ‌စ်‌ေယာက်က ကိုယ်တွေ့အဖြစ်အပျက်ရေးသားထားတာဖြစ်တယ်။

-------------

စစ်တပ်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပြီ။

သူတို့ကို မရိုက်နှက်ခဲ့ဘူး။ ကြိုးနဲ့ မချည်ထားဘူး။ နေချင်သလို နေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ်။ 

အစောင့်နဲ့တော့ထားရတယ်။ ဆေးလိပ်နဲ့ခေါင်ရည်ကို တတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ်။  ဒီလိုနဲ့ သူတို့ရောက်ပြီး၂ပါတ်ကျော်အကြာမှာ ကျနော်တို့ ချီချောင်းဖက်က CDF တွေက ကန်ပက်လက် ဖက်မှာတပ်ကျွံနေတုန်း စစ်မျက်နှာ ၃ဖက်အညှပ်ခံရပြီး တပ်ဆုတ်ရဖို့အခြေနေဖြစ်လာခဲ့တယ်။ 

အဲ့မှာ ရွာသူရွာသားတွေ၊ သက်ကြီးရွယ်အိုတွေ ၊ကလေးသူငယ်တွေအားလုံး စစ်သားတွေရန်ကကြောက်ပြီးရွာ​တွေကနေဝရုန်းသုန်းကားထွက်ပြေးကြရတော့တယ်။ 

တပ်ပြေးတွေကိုလဲ ဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေ လမ်းစရိတ်၅သောင်းစီပေးပြီး ထွက်ပြေးခိုင်းတော့ သူတို့မျက်နှာတွေ မကောင်းတာပဲသတိထားမိခဲ့တယ်။

ဒီလိုနဲ့ တပ်ဆုတ်နေရင်း ရွာတစ်ရွာနားမှာ ကျနော်တို့ CDF တွေတပ်စွဲထားတဲ့ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့ သူတို့ခမျာ ခလေးပိုးတဲ့သူကပိုး၊ အထုပ်ထမ်းတဲ့သူကထမ်း၊ တူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျ။

တကယ်အံသြမိသွားတယ်။

"နင်တို့မပြန်သေးဘူးလား"လို့ ကျနော်မေးတော့ "ကျနော်တို့ကိုထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပြီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး၊ သူတို့ဘေးကင်းရာရောက်ပြီးမှပြန်မယ်" ဆိုတော့ 

ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်။

မင်းသားက အာနိုးထင်တယ်။ ဗီယက်နမ်ကိုစစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့ စစ်ကားလေး။

အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့်ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ်။တူမီးလေးတွေကိုယ်စီကိုင်လို့ (အစကတော့ သူတို့ကို မယုံသေးပါဘူး)

ကျနော်ယုံကြည်ပါတယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် 😍

နောက်နေ့ကျရင် သူတို့နဲ့မိတ်ဆက်ပေးမယ်နော 

သူတို့လက်ထဲကို သူတို့ရဲ့သေနတ်အစစ်တွေပြန်ထည့်ပေးနိုင်ဖို့အချိန်မဝေးတော့ပါဘူး။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...