Skip to main content

၂၀၂၁-၀၆-၂၄ စစ်ရေး

ကသာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့အထိနာကြောင်း ဒေသခံများပြော

ကသာ - ဇွန် ၂၄၊  ၂၀၂၁။ 

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကေအိုင်အေ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိရာမှ စတင်ပစ်ခတ်ပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ ညနေပိုင်းထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

"မနက် ၁၀ နာရီကျော်လောက်က ရွှေကျောင်းကုန်းရွာနား စကစလူတွေက ဒီဘက်က KIA ထောင်ထားတဲ့မိုင်း နင်းမိပြီး လန့်ပြီးတော့ သူတို့ကစပစ်တာ။ ပြီးတော့ နေ့လယ် ၂နာရီလောက်ကလည်းတစ်ကြိမ် ပစ်ကြတယ်။ အဲဒါလည်း နာရီဝက်လောက်ပဲကြာတယ်။ ခုညနေ ၆ နာရီကလည်း တစ်ခါ ပစ်ကြသေးတယ်" ဟုပြောသည်။ 

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ ထိခိုက်မှုများသောကြောင့် ပရဟိတကားများ လိုက်ရှာနေကြောင်း အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ 

"သူတို့ဘက်က အထိခိုက်များတယ်။ စကစ ဘက်ကမြို့ထဲပြန်ပြေးတာ။ အဲ့မှာက CDMမလုပ်တဲ့ ဆရာဝန်တွေရှိတယ်လေ။ နေ့လယ်ကလည်း ပရဟိတကားရှာနေတယ်ကြားတယ်" ဟုသူကပြောသည်။ 

ပစ်ခတ်တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားချိန် ညနေ ၆ နာရီခန့်က "ဟိုဘက်က တအားကျတာ။ အခုအလောင်းလာသယ်တာ" ဟုဒေသခံများက ပြောသည်။ 

စစ်ကောင်စီဘက်မှ အကျအဆုံးနှင့် ပတ်သတ်၍ The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။ 

စစ်ကောင်စီတပ်က ရွှေကျောင်းကုန်းမှ မိုးတားဘက်သို့ တပ်ဆုတ်လာပြီး လက်နက်ကြီးများ ရမ်းတမ်း ပစ်ခတ်သောကြောင့် အနီးနားမှ ဒေသခံပြည်သူများက တိုက်ပွဲရှောင်တိမ်းနေရကြောင်း သိရသည်။


မင်း ကင်းမြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပြီး စစ်ကောင်စီဖက်က ၁၉ ယောက်သေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သံပေါက်ရွာနှင့် 

တခြားနေရာတခုတို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ် PDF တို့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

မင်းကင်းမြို့နယ်က ဇွန်လ တတိယပတ်အတွင်း စစ်ကောင်စီတပ်နဲ့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ ဒီနေ့တိုက်ပွဲမှာတော့ စစ်ကောင်စီအကြမ်းဖက်တပ်ဖက်က‌ေသဆုံးသူ စုစုပေါင်း ၁၉ ဦးရှိခဲ့ပြီး ဒေသခံ PDFဖက်ကတော့ တဦးသာ ကျဆုံးခဲ့ကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ 

မင်းကင်းမြို့နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒေသခံ စစ်ကိုင်းတိုင်း PDF တို့ကိုတော့ ဆက်သွယ်ရာမှာ‌ေတာ့ မိမိတို့ကျဆုံးတာကိုတော့ အတည်ပြုနိုင်ပြီး ရန်သူဖက်က အရေအတွက် အတိအကျကိုတော့ မသိရဘဲ အလောင်းတွေ အမြောက်အများ ကားပေါ်တင်သွားတာတွေကိုတော့ တွေ့ရှိရတယ်လို့ SPDF အဖွဲ့ဝင်တဦးက ဒီဗွီဘီကို အတည်ပြု ပြောဆိုထားပါတယ်။

#dvbtvnews #RejectMilitaryCoup #SpringRevolution #PDF #WhatIsHappeningInMyanmar

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...