Skip to main content

၂၀၂၁-၀၆-၂၁ အထွေထွေ

မုံရွာပင်မ သပိတ်စစ်ကြောင်း မြို့လယ်​​ခေါင်အထိ ချီတက် သပိတ်​မှောက်

ရန်ကုန်၊ဇွန် ၂၁ 

ယနေ့မုံရွာ ပင်မသပိတ် စစ်ကြောင်းသည် မြို့လယ်မီး ပွိုင့် အလယ်တွင်စုဝေး ကာ ဆန္ဒပြခဲ့ ကြ ပြီး မြို့တွင်းသို့ ဆိုင်ကယ်သပိတ်ဆက်လက်ချီတက်ကြသည်။

Photo- Kaung Hsu Thar



စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်လိုက်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုး၏ အလောင်းပြန်ရ

ရန်ကုန်၊ ဇွန် ၂၁ 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် အကြမ်းဖက်စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိသားစုထံ အလောင်းပြန်ရောက်လာပြီဖြစ်သည်။

စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊ လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။

"ဒီလ ၂၄ ရက်နေ့ သူ့မင်္ဂလာဆောင်အတွက် ဖိတ်စာလိုက်ဝေတာပါ။ အဲဒါ ည ၉ နာရီ စစ်တပ်က  သူတို့ စခန်းချထားတဲ့ ကျောင်းရှေ့က ဖြတ်လို့ဆိုပြီး ဆိုင်ကယ်ကို လှမ်းပစ်တာ။ နေရာမှာပဲပွဲချင်းပြီးသေတယ်။ သူ့သူငယ်ချင်းက မထိဘူး။ အဲဒါလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်။ အခု အလောင်းထုတ်ခွင့်မပေးဘူး။ တစ်ခါတည်း သဂြိုလ်ခိုင်းမယ်ထင်တယ်။ အခု သူ့နာရေး ယပ်တောင်တွေ ဘာတွေ သွားလုပ်နေပြီ။ သူ့ မင်္ဂလာဆောင် ဖိတ်စာလုပ်ခဲ့တဲ့ ဆိုင်မှာပဲ နာရေး ယပ်တောင်သွားလုပ်ရတယ်။ အဖြစ်ဆိုးတယ်" ဟု မိသားစုဝင်များနှင့်နီးစပ်သူ မိတ်ဆွေက ရှင်းပြသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စဉ့်ကူးဒေသခံများက စစ်တပ်၏ ရမ်းကားမှုကို မကျေနပ်ကြဘဲ လူငယ်တစ်ဦး၏ အသက် မသေဆုံးသင့်ဘဲ သေရသည်ဟုဆိုကြသည်။

"မသင်္ကာရင်လည်း ဗျာ ဖမ်းပြီးစစ်ဆေးပေါ့။ အခုဟာက ဘာမှ မပြောဘဲ ဖြတ်သွားတဲ့ ဆိုင်ကယ်ကို လှမ်းပစ်တာကြီးက အတော်ကြီး လွန်တယ်။ ဒီကောင်လေးက ရည်ရည်မွန်မွန် လူချစ်လူခင်လည်းပေါတယ်။ သူ့မင်္ဂလာဆောင်အတွက် သူပျော်နေတာဗျာ။ ဖိတ်စာတွေ လိုက်ဖိတ်ပြီး သူ့ မင်္ဂလာဆောင် လာနော်။ မလာရင်စိတ်ဆိုးမှာလို့တောင် နောက်နေသေးတယ်။ ပြည်သူ့ဘဝတွေက မလုံခြုံလိုက်တာ" ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

ကယားပြည်နယ် လက်ရှိအ​ခြေအ​နေ

ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်​နေ့ ရက်စွဲနဲ့ KNDF ဘက်က ထိုးစစ်ဆင်တာ​တွေယာယီရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ပြီးတဲ့​နောက်မှာ လွိုင်​ကော်မြို့ကို တခြားပြည်နယ်​တွေက​နေ ပြန်လည်ဝင်ထွက်ခွင့်ပြု​ပေမယ့် မြို့အဝင်​တွေမှာ​တော့ စစ်​ကောင်စီဘက်က စစ်​ဆေး​မေးမြန်းတာ​တွေရှိ​​နေပါတယ်။ တခြားမြို့​တွေဆီ​ပြေးဆွဲတဲ့ အ​ဝေး​ပြေးကား​တွေလည်း တစ်စီးတစ်​လေ ပြန်ထွက်​နေပါပြီ။ မြို့​ပေါ်မှာတော့ စျေး​တွေနဲ့ ဆိုင်​တော်​တော်များများဟာလည်း ပုံမှန်ပြန်ဖွင့်​နေပါပြီ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်​နေ့ညက လွိုင်​ကော်မြို့​ ချိကယ်ရပ်ကွက်အနီးအနားတစ်ဝိုက်နဲ့ လွိုင်​လင်လေးဘက်မှာ ​သေနတ်သံတချို့ ကြားရတယ်လို့ ​ဒေသခံ​တွေဆီကသိရပြီး ဘယ်ဘက်က ပစ်တာလဲဆိုတာကို​တော့ မသိရှိ​ရ​သေးပါဘူး။ မြို့​ပေါ်မှာ စစ်​ကောင်စီတပ်​တွေ တပ်စွဲထားတဲ့ ပြည်နယ်ခန်းမအနီးအနားဝန်းကျင်တစ်ခုလုံးကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ 

ဒီ​မောဆို၊ ​ငွေ​တောင်၊ ​ဒေါငံခါးနဲ့ ၆မိုင်စံပြ​ကျေးရွာ​တွေက​တော့ စစ်​ဘေးဒဏ်​ကြောင့် အထိအခိုက်အပျက်အစီးများပြီး ပြည်သူ​အနည်းအကျဥ်းသာ စစ်​ဘေး​ရှောင်​နေရာ​တွေက​နေ ​နေအိမ်​တွေဆီပြန်​လည်နေထိုင်​နေကြတာဖြစ်ပါတယ်။ ကျန်ရှိ​နေ​သေးတဲ့ ပြည်သူအများစုက​တော့ စစ်​ဘေး​ရှောင်​​နေရာ​တွေမှာပဲ ဆက်လက်​နေထိုင်​နေကြရပါတယ်။ ၆မိုင်စံပြ​ကျေးရွာအဝင်နဲ့ ​ငွေ​တောင်ဆည်အနီး ဒီ​မောဆိုလမ်းဆုံ​တွေမှာ စစ်​ကောင်စီတပ်​​တွေက စစ်​​ဆေး​​ရေးဂိတ်​တွေထားရှိပြီး မြို့အဝင်အထွက်​မှန်သမျှကို စစ်​ဆေး​နေတာဖြစ်ပါတယ်။ ​ပြည်သူ​တွေဟာစစ်​ဘေးဒဏ်​တွေအပြင် သူတို့ရဲ့​နေအိမ်၊ ​ဆိုင်ခန်း​တွေကိုသူခိုး​တွေ​က စင်းလုံး​ကားတွေနဲ့လာပြီး အိမ်ရှင်​ယောင်​ဆောင်ကာ ဆိုင်ကယ်၊ ရေခဲ​သေတ္တာ၊ အဝတ်​လျော်စက်၊ ဗီဒို​ အစရှိတဲ့ ပိုင်ဆိုင်မှု​​တွေ ခိုးယူခံ​နေရတယ်လို့လည်း သိရပါတယ်။ ငွေ​တောင်​ကျေးရွာ​​ဒေသခံ​တွေကတော့ ​လိုအပ်တဲ့ပစ္စည်း​တွေသာ ပြန်လာယူကြပြီး ​ကျေးရွာအတွင်း ပြန်လည်​နေထိုင်ခြင်း မရှိ​သေးပါဘူး။ 

အပျက်အစီး​တွေနဲ့ ဆုံးရှုံးမှု​တွေဟာ ပြန်လည်ထူ​ထောင်နိုင်ဖို့အတွက် အလှမ်း​ဝေး​နေ​သေးသလို နှစ်ဖက်အပစ်အခတ်ယာယီသာရပ်ဆိုင်းထား​တာ​ကြောင့် ကယားပြည်နယ်ကပြည်သူ​တွေဟာ ​​စိုးရိမ်စိတ်​တွေနဲ့ပူပန်​သောက ​ရောက်​နေကြဆဲဖြစ်ပါတယ်။

#savekayah 

#paunglaungmedia


တာမွေမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်

ရန်ကုန်မြို့ တာမွေမြို့နယ်က မအူကုန်းလမ်းကျယ်မှာ ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တယ်လို့ ကနဦးသတင်းရရှိထားပါတယ်။

ဒီပေါက်ကွဲမှုဟာ ၁၃၅ လမ်းက အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲတာဖြစ်တယ်လို့ တာမွေမြို့နယ်မှာ နေထိုင်သူတွေက လူမှုကွန်ယက်မှာ ဖော်ပြထားပေမယ့် အတည်မပြုနိုင်သေးပါဘူး။

၈ နာရီ ၅၅ မိနစ်ကစလို့ တာ‌မွေ ယုဇနပလာဇာရှေ့မှာ ဖြတ်သွားတဲ့ကားတွေကို စစ်ကောင်စီတပ်တွေက စစ်ဆေးနေပါတယ်။

ဓာတ်ပုံ - CJ

သံလွင်ခက် - Than Lwin Khet News

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...