Skip to main content

၂၀၂၁-၀၆-၂၂ အထွေထွေ

ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် CRPH အတည်ပြု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ဒုတိယသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်အသုံးပြုရေးအတွက် အတည်ပြုပေးခဲ့သည်။

CRPH ၏ ယနေ့(ဇွန် ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုဝန်ကြီးချုပ်မှ ဇွန် ၁၆ ရက်စွဲဖြင့် ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရေး သဝဏ်လွှာပေးပို့ခဲ့သည်။


ထိုကြောင့် CRPH အနေဖြင့် လက်ရှိသမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အကြမ်းဖက် မတရား ဖမ်းဆီးထားသည့်အတွက် ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် ခေါ်ဝေါ်သုံးစွဲရေး အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မုံရွာ၊ လယ်ဇင်ရွာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်စီးခံရ


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာကို စစ်ကောင်စီက ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိကာ ယင်းတို့အနက် ဆေးမင်ကြောင်ထိုးထားသူ ၁ ဦးမှာ စစ်ကြောရေးတွင် ၂၄ နာရီမပြည့်မီ၌ပင် သေဆုံးခဲ့ရသည်။ 


“သေသွားတဲ့လူက ဘယ်ထဲမှ မပါပါဘူးဗျာ။ ဒါပေမယ့် အမေစုဓာတ်ပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတို့ကို တက်တူးတွေ ထိုးထားတာရှိတယ်ဗျ" ဟု ရွာသားတစ်ဦးက ပြောသည်။ 


စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် သေဆုံးသူမှာ လက်သမားအဖြစ် အသက်မွေးနေသူ အသက် ၃၃ နှစ်အရွယ် ကိုဇေယျာလင်းဆိုသူဖြစ်သည်။ ၎င်းသည် ဇွန် ၂၁တွင် စစ်ကောင်စီတပ် ပထမအကြိမ်စီးနင်းစဉ် ဖမ်းဆီးခံရသူခြောက်ဦးထဲတွင် ပါဝင်သူဖြစ်သည်။ 


ဖမ်းသွားပြီး ၂၄ နာရီပင်မပြည့်မီ နောက်တစ်နေ့(ဇွန်၂၂)နံနက်ခင်းတွင် မိသားစုက အလောင်းသာ ပြန်လည်ရရှိခဲ့သည်။ 


“နောက်အုပ်ဆက်ပွင့်သွားတယ်။ ပါးတို့၊မေးတို့၊ နဖူးတို့ အဲဒီမှာတော့ လက်သုံးဆစ်လောက် အအာကြီးတွေ(ကွဲအက်ဒဏ်ရာ) တွေ့ရတယ်”ဟု ယခုအခါ တိမ်းရှောင်နေရသည့် အထက်ပါ ဒေသခံကပင် ပြောသည်။


စစ်ကောင်စီကမူ စာသင်ကျောင်းမီးလောင်မှုကို စစ်ဆေးရန် လယ်ဇင်ရွာသို့သွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အမျိုးသားခြောက်ဦးကို လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု ဇွန် ၂၃တွင် သတင်းထုတ်ပြန်သည်။


ဖမ်းဆီးထားသူများမှာ ကျော်နန္ဒ၊ အောင်အောင်၊ ကျော်မျိုးထွေး၊ ဆန်းမင်းထက်၊ ဘချစ်(ခ) ချစ်ထွန်းနိုင်နှင့် ဇေယျာလင်းတို့ဖြစ်ကြောင်း စစ်ကောင်စီက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ မှတ်တမ်းဓာတ်ပုံတွင် ကိုဇေယျာလင်း၌ သေစေလောက်သည့် ဒဏ်ရာရှိသည်ကို မတွေ့ရပေ။


ထို့အပြင် ၎င်းတို့ဖမ်းသွားပြီး ၂၄ နာရီမပြည့်မီ သေဆုံးခဲ့ရသူ ကိုဇေယျာလင်း၏ အကြောင်းကိုမူ စစ်ကောင်စီက ထိမ်ချန်သည်။


ရွာသားများကမူ လယ်ဇင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ဇွန်၂၁တွင် မီးလန့်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။


အဆိုပါဖြစ်စဉ်ကို အကြောင်းပြု၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့် ကျေးရွာသို့ ပထမအကြိမ်ရောက်ရှိလာခြင်းဖြစ်ကာ ဝင်လာသည်နှင့် ရွာလမ်းတစ်လျှောက် တွေ့သမျှသူအားလုံးကို ရိုက်နှက်ဖမ်းဆီးသည်အထိ ပြုမူခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။


"ကျွန်တော်တို့ရွာက ဒလန်တွေက မဖြစ်စလောက် အိမ်မွှေးတဲ့မီးတောက်လေး(မီးဖိုမီးကဲ့သို့) ကို မီးလောင်တယ်ဆိုပြီး မလာလာအောင် ခေါ်လိုက်တာ။ မီးတောက်တောင် မမြင်လိုက်ရဘူး"ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။


ပထမအကြိမ်စီးနင်းစဉ် ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရသူ ၁၅ဦးခန့်ရှိပြီး ယင်းတို့အနက် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ 


“ လက်တွေ မကျိုးဘူးဗျ။ မည်းပုပ်နေတာပေါ့။ ကျောမှာ ရိုက်ခံရတဲ့ တစ်ယောက်ဆို ဖင်တို့၊ တင်ပဆုံတို့ မည်းပုပ်ပြီးတော့ကို တော်တော်လေးကို ဆိုးတယ်။ ပြောရရင် ပက်လက်တောင် မအိပ်နိုင်ဘူး။ ကုန်းကုန်းကြီးတွေ အိပ်ရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။


အဆိုပါဖြစ်စဉ်အပြီး ဇွန် ၂၃တွင် စစ်ကောင်စီတပ်များ လယ်ဇင်ရွာကို ဒုတိယအကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားလေးဦးကို ထပ်မံဖမ်းဆီးခဲ့ပြန်သည်ဟု ဒေသခံများက ပြောသည်။


“ရွာအဝင်မှာလည်း သေနတ်အချက်ပေါင်းများစွာ ပစ်သတဲ့။ ရွာအဝင်တကျောမှာ။ ရိုက်စရာနှက်စရာကတော့ တစ်ရွာလုံးက လူမကျန်လောက်အောင် ထွက်ပြေးကြတာ"ဟု ဒေသခံတစ်ဦးကပြောသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးပါ။


လယ်ဇင်ရွာကို ဝင်စီးပြီးနောက် ဇွန် ၂၃ တွင် သတင်းပေး(ဒလန်) ဟု ရပ်ရွာအတွင်းကျော်ကြားသူ၏ နေအိမ်ကို “နယ်စည်းမခြားမိုးကြိုးမုန်တိုင်း"အဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်က ဒုတိယအကြိမ်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။


ပစ်ခတ်မှုကြောင့် ဒလန်ဟု ယူဆထားသူ ထိခိုက်မှုမရှိသော်လည်း ၎င်း၏ သမီးကို ထိမှန်ခဲ့ပြီး သေဆုံးသွားသည်။ ထိုဖြစ်ရပ်အပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်း တတိယအကြိမ်ဝင်ရောက်စီးနင်းစဉ် ဖမ်းခံရသူရွာသားအချို့ရှိကြောင်း အဆိုပါအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။

သို့သော် နောက်ဆက်တွဲအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...