Skip to main content

ဒီမော့ဆို

အကြမ်းဖက်စစ်ကောင်စီ အင်အား ၄၀၀ ဝန်းကျင် ဒီးမော့ဆိုဘက် ဝင်လာနေ၊ ကလလတ နှင့် ကယန်းပြည်သစ်ပါတီတို့မှ လုံခြုံရေးယူပေး (video)

ရန်ကုန်၊ ဇွန် ၉

အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၄၀၀ ဝန်းကျင်သည် ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာကိုဖြတ်ကာ ကယားပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ခြမ်းသို့ ဝင်ရောက်လာနေကြောင်း သတင်းရရှိသည်။

"အင်အား ၄၀၀ ကျော်ရှိမယ်၊ စစ်ကားအကြီး ၈ စီး ပါတယ်၊ အခုကို ဆီဘူးကနေ ဖြတ်သွားနေတာ" ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ငူ - သံတောင်ကြီး - ဆီဘူး လမ်းမှတဆင့် ကယားပြည်နယ်ထဲသို့ ဝင်လာကြောင်း KNDF မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကယန်းပြည်သစ်ပါတီတို့မှ လုံခြုံရေးယူပေးထားကြောင်း သိရသည်။

"ကလလတနဲ့ ကယန်းပြည်သစ်က အဲ့ဒီစစ်ကြောင်းကို လုံခြုံရေးယူပေးတယ်၊ သူတို့နယ်မြေကို ဖြတ်တော့ လုံခြုံရေးယူပေးတဲ့ သဘောပဲ၊ အဲဒီအဖွဲ့တွေက ပြည်သူကို သစ္စာဖောက်တဲ့အဖွဲ့တွေ" ဟု KNDF အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

လက်ရှိအချိန်တွင် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆိုမြို့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဖက်ဆစ် စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဒီမော့ဆို၊ ဒေါငံခါးရှိ နေအိမ်များ ဖျက်ဆီးခံရမှု အခြေအနေဆိုးလာ၊ လွိုင်ကော်-ဆီဆိုင်လမ်းပေါ်ရှိ ထီးစဲခါး တံတား သွားမရ၊ မိုးဗြဲတွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်
ရန်ကုန်၊ ဇွန် ၉
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖျက်ဆီးသွားမှုမှာ အခြေအနေဆိုးဝါးကြောင်း KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပစ္စည်းများကို လုယက် ယူဆောင်ခြင်း၊ ရပ်ကွက်များတွင် မိုင်းများထောင်ခဲ့ခြင်းများပြုလုပ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော လွိုင်ကော်မြို့ ထီးစဲခါးကျေးရွာအနီး ထီးစဲခါး တံတားမှာ သွားမရသဖြင့် ပိတ်လိုက်ကြောင်း သိရှိရသည်။
"ထီးစဲခါး တံတားက လွိုင်ကော်-ဆီဆိုင်လမ်းပေါ်က တံတားပေါ့။ လွိုင်ကော်ထဲမှာပဲ။ ဗုံးထိထားတာထင်တယ်။ အခုတော့ သွားမရလို့ ပိတ်ထားတယ်လို့ သိရတယ်။" ဟု​ ဒေသခံတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်-ကယားပြည်နယ်အစပ် မိုးဗြဲ၊ လွယ်ယင်း​တောင်​ခြေဘက်တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားများ တိုး၍ ထိုးစစ်ဆင်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
"ဒီရက်ပိုင်းအတွင်း မိုးဗြဲကိုကို ​တောက်​လျှောက် ​နေ့​ရော ညပါ ထိုးစစ်ဆင်​နေတာ။ ဒီမနက်လည်း ပစ်ခတ် ကြမ်း​နေတယ်"ဟု ​​ဒေသခံတစ်ဦးကဆိုသည်။
Photo CJ







Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...