Skip to main content

ဒီမော့ဆို

အကြမ်းဖက်စစ်ကောင်စီ အင်အား ၄၀၀ ဝန်းကျင် ဒီးမော့ဆိုဘက် ဝင်လာနေ၊ ကလလတ နှင့် ကယန်းပြည်သစ်ပါတီတို့မှ လုံခြုံရေးယူပေး (video)

ရန်ကုန်၊ ဇွန် ၉

အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၄၀၀ ဝန်းကျင်သည် ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာကိုဖြတ်ကာ ကယားပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ခြမ်းသို့ ဝင်ရောက်လာနေကြောင်း သတင်းရရှိသည်။

"အင်အား ၄၀၀ ကျော်ရှိမယ်၊ စစ်ကားအကြီး ၈ စီး ပါတယ်၊ အခုကို ဆီဘူးကနေ ဖြတ်သွားနေတာ" ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ငူ - သံတောင်ကြီး - ဆီဘူး လမ်းမှတဆင့် ကယားပြည်နယ်ထဲသို့ ဝင်လာကြောင်း KNDF မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ကယန်းပြည်သစ်ပါတီတို့မှ လုံခြုံရေးယူပေးထားကြောင်း သိရသည်။

"ကလလတနဲ့ ကယန်းပြည်သစ်က အဲ့ဒီစစ်ကြောင်းကို လုံခြုံရေးယူပေးတယ်၊ သူတို့နယ်မြေကို ဖြတ်တော့ လုံခြုံရေးယူပေးတဲ့ သဘောပဲ၊ အဲဒီအဖွဲ့တွေက ပြည်သူကို သစ္စာဖောက်တဲ့အဖွဲ့တွေ" ဟု KNDF အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

လက်ရှိအချိန်တွင် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆိုမြို့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဖက်ဆစ် စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

ဒီမော့ဆို၊ ဒေါငံခါးရှိ နေအိမ်များ ဖျက်ဆီးခံရမှု အခြေအနေဆိုးလာ၊ လွိုင်ကော်-ဆီဆိုင်လမ်းပေါ်ရှိ ထီးစဲခါး တံတား သွားမရ၊ မိုးဗြဲတွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်
ရန်ကုန်၊ ဇွန် ၉
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင် ပြည်သူများ၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဖျက်ဆီးသွားမှုမှာ အခြေအနေဆိုးဝါးကြောင်း KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပစ္စည်းများကို လုယက် ယူဆောင်ခြင်း၊ ရပ်ကွက်များတွင် မိုင်းများထောင်ခဲ့ခြင်းများပြုလုပ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်နီပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော လွိုင်ကော်မြို့ ထီးစဲခါးကျေးရွာအနီး ထီးစဲခါး တံတားမှာ သွားမရသဖြင့် ပိတ်လိုက်ကြောင်း သိရှိရသည်။
"ထီးစဲခါး တံတားက လွိုင်ကော်-ဆီဆိုင်လမ်းပေါ်က တံတားပေါ့။ လွိုင်ကော်ထဲမှာပဲ။ ဗုံးထိထားတာထင်တယ်။ အခုတော့ သွားမရလို့ ပိတ်ထားတယ်လို့ သိရတယ်။" ဟု​ ဒေသခံတစ်ဦးက ဆိုသည်။
ရှမ်းပြည်နယ်-ကယားပြည်နယ်အစပ် မိုးဗြဲ၊ လွယ်ယင်း​တောင်​ခြေဘက်တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အင်အားများ တိုး၍ ထိုးစစ်ဆင်လာကြောင်း ဒေသခံများထံမှ သိရှိရသည်။
"ဒီရက်ပိုင်းအတွင်း မိုးဗြဲကိုကို ​တောက်​လျှောက် ​နေ့​ရော ညပါ ထိုးစစ်ဆင်​နေတာ။ ဒီမနက်လည်း ပစ်ခတ် ကြမ်း​နေတယ်"ဟု ​​ဒေသခံတစ်ဦးကဆိုသည်။
Photo CJ







Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...