Skip to main content

၂၀၂၁-၀၆-၀၄ စစ်ရေး

မင်းတပ်မှာ CDF ၃ ဦးကျဆုံး

မင်းတပ်မြို့နယ်မှာ မနေ့(ဇွန်၄) ရက်က အကြမ်းဖက်သမားနဲ့ မင်းတပ်ပြည်သူ့တပ်တို့ မယ်လယ်ကုန်းတိုက်ပွဲ နဲ့ ရွှေအောင်သာတိုက်ပွဲတွင် ပြည်သူဘက်မှ ၃ ဦးက တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ကြပါတယ်။

ကျဆုံး‌ရဲဘော်တွေကတော့ 

- ဆလိုင်းရှိန်းအောင်ထန်း

- ဆလိုင်းထန်းလိန်း

- ဆလိုင်းရွှဲလိန်း(ခ)ကိုရှောင်လင် (CDMရဲ)


မင်းတပ်တိုက်ပွဲတွင် ပြည်သူဘက်မှ ဝင်ရောက် တိုက်ပေးနေသည့် CDM ရဲတစ်ဦး ကျဆုံး

ယနေ့ (ဇွန်၄)မင်းတပ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပါဝင်တိုက်ပေးနေသည့် CDM ရဲဝန်ထမ်းတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ 

မင်းတပ်မြို့နယ်  ချင်း-မကွေး နယ်စပ် ရွှေအောင်သာရွာကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုနေသောကြောင့် ယနေ့ ဇွန်လ၄ရက် နံနက်အစောပိုင်းကတည်းက တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။

"သူက  CDM လုပ်ပြီး မင်းတပ်တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူပေါင်းတိုက်ပေးနေတာ။ တိုက်ပွဲတွေမှာ တပ်ခွဲမှူးအနေနဲ့ ခေါင်းဆောင်တစ်ဦးနေရာကနေ ပါဝင်နေတာ ဖြစ်ပါတယ်" ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ ကျဆုံးသွားသော CDM ရဲဝန်ထမ်းမှာ ဆလိုင်းချွဲလိန်း (ခ) ရှောင်လင်ရေဖြစ်ပြီး နံနက်အစောပိုင်း အချိန်ကတည်းက စနိုက်ပါ ထိမှန်၍ကျဆုံးနေခြင်းဖြစ်သော်လည်း နေ့လည်ပိုင်းအထိ အလောင်းရယူနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။

ယနေ့ မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များက အင်အားရာချီရှိသည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ထိခိုက် ကျဆုံးမှု ရှိခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ တစ်ဦးလည်း 

ရှိထားသည်ဟု သိရသည်။





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...