မင်းတပ်မှာ CDF ၃ ဦးကျဆုံး
မင်းတပ်မြို့နယ်မှာ မနေ့(ဇွန်၄) ရက်က အကြမ်းဖက်သမားနဲ့ မင်းတပ်ပြည်သူ့တပ်တို့ မယ်လယ်ကုန်းတိုက်ပွဲ နဲ့ ရွှေအောင်သာတိုက်ပွဲတွင် ပြည်သူဘက်မှ ၃ ဦးက တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ကြပါတယ်။
ကျဆုံးရဲဘော်တွေကတော့
- ဆလိုင်းရှိန်းအောင်ထန်း
- ဆလိုင်းထန်းလိန်း
- ဆလိုင်းရွှဲလိန်း(ခ)ကိုရှောင်လင် (CDMရဲ)
မင်းတပ်တိုက်ပွဲတွင် ပြည်သူဘက်မှ ဝင်ရောက် တိုက်ပေးနေသည့် CDM ရဲတစ်ဦး ကျဆုံး
ယနေ့ (ဇွန်၄)မင်းတပ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပါဝင်တိုက်ပေးနေသည့် CDM ရဲဝန်ထမ်းတစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နယ် ချင်း-မကွေး နယ်စပ် ရွှေအောင်သာရွာကို စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုနေသောကြောင့် ယနေ့ ဇွန်လ၄ရက် နံနက်အစောပိုင်းကတည်းက တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။
"သူက CDM လုပ်ပြီး မင်းတပ်တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူပေါင်းတိုက်ပေးနေတာ။ တိုက်ပွဲတွေမှာ တပ်ခွဲမှူးအနေနဲ့ ခေါင်းဆောင်တစ်ဦးနေရာကနေ ပါဝင်နေတာ ဖြစ်ပါတယ်" ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယနေ့ ကျဆုံးသွားသော CDM ရဲဝန်ထမ်းမှာ ဆလိုင်းချွဲလိန်း (ခ) ရှောင်လင်ရေဖြစ်ပြီး နံနက်အစောပိုင်း အချိန်ကတည်းက စနိုက်ပါ ထိမှန်၍ကျဆုံးနေခြင်းဖြစ်သော်လည်း နေ့လည်ပိုင်းအထိ အလောင်းရယူနိုင်ရန် ခက်ခဲနေသည်ဟု သိရသည်။
ယနေ့ မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်များက အင်အားရာချီရှိသည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ထိခိုက် ကျဆုံးမှု ရှိခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ တစ်ဦးလည်း
ရှိထားသည်ဟု သိရသည်။