Skip to main content

၂၀၂၁-၀၆-၁၇ အထွေထွေ

စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မိုးကို ယနေ့ (ဇွန်လ ၁၇)  နံနက် ၁၀ နာရီခွဲခန့်တွင် အမည်မသိသူများက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ရပ်ကွက် နေပြည်သူတစ်ဦးက ပြောသည်

"သံတံတားလမ်းမှာ နေတဲ့ အုပ်ကြီးအိမ်ကို သေနတ်နဲ့ လာပစ်သွားတာပါ။ သေနတ်သံ နှစ်ချက်တော့ ကြားလိုက်တယ်။ ခုတော့ ဆေးရုံကားတွေ ရောက်လာပြီး အုပ်ကြီးကို ခေါ်သွားပါတယ်။ အုပ်ကြီးက တော့ နားရွက်ထိသွားတယ် ကြားတယ်။ ဒဏ်ရာအခြေအနေတော့ သေချာမသိရဘူး " ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စမ်းချောင်းလမ်းတစ်လျှောက် ဖြတ်သန်းသွားသည့် အိမ်စီးကားများကို စစ်ဆေးနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်ကောင်စီခန့် သံတတားရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်မိုးသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ သူတစ်ဦးဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ-CJ


ရပ်ကွက်ဥက္ကဋ္ဌ သေဆုံးမှုနှင့် ပတ်သက်ပြီး လှိုင်သာယာမြို့နယ်တွင်း လူငယ်များ ဖမ်းဆီးခံရ

ယမန်နေ့  နံနက်က လှိုင်သာယာမြို့နယ် အမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး သေဆုံးခြင်းနှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ တက္ကသိုလ် ကျောင်းသူ ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့ပြင် အဆိုပါ ကျောင်းသူ ၂  ဦး ဖမ်းဆီးခံရသည့်အ ကြောင်း လူမှုကွန်ရက်ပေါ် ဖြန့်ဝေပေးခဲ့သော နောက်ထပ် ကျောင်းသူတစ်ဦးနှင့် ရပ်ကွက်ဥက္ကဌ အသတ်ခံရမှုကို မှတ်တမ်းပုံရိုက်၍  Facebook ပေါ်တင်ခဲ့သည်ဟုဆို‌ သော ကျောင်းသားတစ်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများ ( ကျောင်းသူ ၃ ဦးနှင့် ကျောင်းသား ၁ ဦး) အား ယခုချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မသိရသေးပေ။

လှိုင်သာယာမြို့နယ်သည်  ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံထားရသည့် မြို့နယ် ၆ ခုအနက် တစ်ခုဖြစ်သည်။

Burma Associated Press 

ဓာတ်ပုံ- HTY Information







Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...