Skip to main content

၂၀၂၁-၀၆-၂၇ အထွေထွေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင်ဒ လန်ဟု နာမည်ထွက်နေသူတစ်ဦး ယမန်နေ့ (ဇွန် ၂၇) ညပိုင်း၌ အသတ်ခံရပြီးနောက် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ယမန်နေ့ (ဇွန် ၂၇)၊ ည ၈နာရီဝန်းကျင်၌ အောင်ပန်းရွာမြောက်ဘက်တွင် အသက် ၅၀ ဝန်းကျင် ဦးညွှန့်တင်ဆိုသူမှာ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောကြောင့် အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

“စစ်တပ်လာမှာ ကြောက်လို့ အကုန်ရှောင်နေကြတယ်။ အခု ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ သူ့ (ဦးညွှန့်တင်) မိန်းမနှစ်ယောက်နဲ့ သားသမီးတွေပဲ ရှိတော့တယ်”ဟု အမည်မဖော်လိုသည့် ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

အသတ်ခံလိုက်ရသည့် ဦးညွှန့်တင်မှာ တစ်ရွာတည်းတွင် အမျိုးသမီးနှစ်ဦးအား ပေါင်းသင်းနေထိုင်သူဖြစ်ပြီး စစ်ကောင်စီ၏ သတင်းပေး (ဒလန်) ဟု နာမည်ထွက်နေကာ စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။  

ယမန်နေ့က ရွာမြောက်ဘက်တွင် သေနတ်သံ ၅ ချက်ထွက်ပေါ်လာပြီး ဦးညွှန့်တင် အသတ်ခံလိုက်ရသည်ကို ကြားသိရပြီး မည်သူမျှသွားမကြည့်ရဲကြသော်လည်း နာရီပိုင်းအကြာတွင် စစ်ကားများရောက်လာသည်ဟု အောင်ပန်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“လာကြပါဦးအော်သံတော့ ကြားရတယ်။ ရွာထဲကလူတွေက ဘယ်သူမှ သွားမကြည့်ရဲဘူး။ ညတွင်းချင်းပဲ အဆင်ပြေတဲ့နေရာကို ပြေးကြတယ်။ ဆန္ဒပြပွဲတွေလုပ်ရင် သတင်းပေးတာတွေလုပ်တယ်။ သူက လိုက်ကြည့်ပြီး သတင်းပေးတာ။ ရွာကလူတွေကတော့ ကိုယ့်ရွာသားလည်းဖြစ်နေတော့ မပြောရဲကြဘူး”ဟု ၎င်းက ဆိုသည်။

သစ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးညွှန့်တင်သည် စစ်ကောင်စီအဖွဲ့ဝင်များအား ခေါ်၍ အရက်တိုက်၊ ပိုက်ဆံပေးလေ့ရှိသူဖြစ်ပြီး ရွာတွင် ဆန္ဒပြပွဲများမပြုလုပ်ရန် မကြာခဏလာရောက်တားမြစ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ဒလန်ဟု နာမည်ထွက်နေသူများ အသတ်ခံရပါက စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် အခင်းဖြစ်နေရာသို့ ရောက်လာတတ်ပြီး ပိတ်ဆို့စစ်ဆေးကာ ရပ်ရွာအတွင်း ပစ်ခတ်လေ့ရှိသည်။ 

ဦးညွှန့်တင်၏ ရုပ်အလောင်းကို ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ဦးညွှန့်တင်သေဆုံးမှုနှင့် ပတ်သက်၍ ပျူစောထီးအဖွဲ့ဝင်ဒလန်တစ်ဦးကို အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေစကြို PDF) က ယနေ့ (ဇွန် ၂၈) တွင် ထုတ်ပြန်ကြေညာထားသည်။

ဦးညွှန့်တင်သည် ၎င်းက ပျူစောထီးအဖွဲ့ဝင်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်သူများကို အချိန်မရွေးဒုက္ခပေးနိုင်သည်ဟု ခြိမ်းခြောက်လေ့ရှိကြောင်း၊ မေလအတွင်း စစ်သားများကို ပိုက်ဆံပေးခေါ်၍ ညသပိတ်ဆင်နွှဲသည့် အိမ်တစ်လုံးကို  ဝင်ရောက်စီးနင်းခိုင်းပြီး ပိုက်ဆံ ၅ သိန်း၊ လက်တော့ကွန်ပြူတာနှင့် ဆိုင်ကယ်များကို ယူဆောင်သွားကြောင်း ဒေသခံ PDF နှင့် နီးစပ်သူ ရေစကြိုမြို့ခံက ဆိုသည်။

ရွာသားများကို မခြိမ်းခြောက်ရန် PDF က ၃ ကြိမ်သတိပေးခဲ့သော်လည်း ဦးညွှန့်တင်က မလိုက်နာခဲ့ကြောင်း ၎င်းက ဆိုသည်။

“ရွာကလည်း ကြောက်နေရတာ။ သူကလည်း ပျူစောထီးဆိုပြီး ရွာကို ခြောက်နေတာ။ အစကတော့ PDF က သတိပေးတယ်လို့ သိရတယ်။ ရွာသားတွေကို မခြိမ်းခြောက်ဖို့ သတိပေးတယ်လို့ ပြောတယ်။ ဆက်လုပ်နေတော့ မတတ်သာလို့ သူတို့ ရှင်းလိုက်ရတဲ့သဘောလို့ သိရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဦးညွှန့်တင်အသတ်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်း၊ စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်မေးမြန်း၍ မရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ်နှင့် အဆင်ပြေသူများ၊ စစ်ကောင်စီကို သတင်းပေးနေသူ (ဒလန်) များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီကို ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ မကြာခဏဆိုသလို လုပ်ကြံသတ်ဖြတ်ခံနေရသည်။


သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကျားကြီး ပစ်သတ်ခံရ

ရန်ကုန်၊ ဇွန် ၂၉ 

သင်္ဃကျွန်းမြို့နယ်၊ ဂဖူးကွေ့စျေးတွင် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်က စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးသူ ကျားကြီးဆိုသူကို အနီးကပ် ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

"သင်္ဃန်ကျွန်းမြို့နယ်ဂဖူးကွေ့ဈေးထဲမှာ ပစ်ခတ်မှုဖြစ်သွားပါတယ်။ တစ်ယောက်သေပါတယ်။ ဒလန်လို့သိထားပါတယ်။ အလောင်းကိုတော့ သယ်သွားပါပြီ။ နာမည်က ကျားကြီးလို့ ရပ်ကွက်ကခေါ်ကြပါတယ်။  ကျားကြီးနေတဲ့ လမ်းက  ဇာဝေရာရက်ကွက်မှာ ဒလန်လမ်းလို့နာမည်ကြီးပါတယ်။ သူတို့လမ်းထဲကို ဆန္ဒပြသူတွေ ရဲလိုက်ဖမ်းလို့ပြေးဝင်ရင် သူတို့က ရိုက်နှက်တာတွေရှိပါတယ်။  ပစ်သွားတာကတော့ တစ်ယောက်တည်းပါပဲ။ အနီးကပ် တေ့ပစ်တာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ စျေးထဲသို့ ရောက်ရှိလာပြီးစျေးဆိုင်များကို ပိတ်ခိုင်းထားကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။ 

ဘုရင့်နောင်အကောက်ခွန်ရုံး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရမ်းကားပစ်ခတ်

ဇွန် ၂၇

ယနေ့ ညနေ ၂း၃၀ ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းမအနီးက အကောက်ခွန်ရုံးကြီး ဗုံးဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ပထမဦးဆုံး ပေါက်ကွဲသံကြီးတစ်ချက်ကြားတယ်။ ကျွန်တော်တို့နဲ့ တစ်မှတ်တိုင်လောက်ပဲကွာတယ်။ ပြီးတော့ သေနတ်သံဆက်တိုက်ကြားတယ်” ဟု အခင်းဖြစ်ရာနေရာအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“အဲဒီနေရာက ရုံးသုံးရုံးရှိတယ်။ စစ်သားတွေ အမြဲတမ်းစခန်းချထားတဲ့နေရာ။ သူတို့ဘက်က အထိအခိုက်များတယ်လို့ ကြားတယ်။ ဒါကြောင့် ရမ်းပစ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာ နေရာအနီးရောက်နေသည့် ပြည်သူတစ်ဦးကလည်း “သေနတ် ဆက်တိုက်ပစ်နေလို့ YBS ကားပေါ်မှာ ဝပ်နေရတယ်” ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ရပ်ကွက်နေပြည်သူများထိတ်လန့်တကြားဖြစ်နေပြီး နေအိမ်များအတွင်း ပုန်းခိုနေကြသည်။

BAP အနေဖြင့် နောက်ဆက်တွဲ သတင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Burma Associated Press

စစ်​ကောင်စီသင်္ဘောတစ်စီး တိုက်ခိုက်ခံရလို့ မီး​လောင်

26 June 2021

ဧရာဝတီမြစ်တွင် ဆန်တက်လာသည့် စစ်​ကောင်စီသင်္ဘောတစ်စီးကို ​ကေအိုင်​အေမှ ကသာမြို့နယ် မိုးတားကျေးရွာအနီး တိုက်ကုန်းကျေးရွာရှေ့၌ ယ​နေ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောမီး​လောင်​သွားကြောင်း သိရသည်။

သင်္ဘော​ပေါ်က စစ်​ကောင်စီစစ်သားမျာလည်း အနီးရှိမြစ်ကမ်းဝန်းကျင်သို့ ရမ်းသန်း ပစ်ခတ်​ခဲ့ကြောင်းလည်း သိရပါသည်။

၎င်းသင်္ဘောကို ဆင်ဂုံတိုင်ရွာအနီးတွင် ရပ်နားထားသည်ဟု ​​ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

Kachinwaves


Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...