Skip to main content

ကန့်ဘလူ တိုက်ခိုက်မှု

ကန့်ဘလူမြို့နယ်တွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရစဉ် ဒဏ်ရာရခဲ့သည့် ဒုရဲအုပ် သေဆုံး
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ ယမန်နေ့ (ဇွန် ၂) နံနက်ပိုင်းက ရဲနှင့် စစ်ကားလေးစီးကို ဒေသခံ လက်နက်ကိုင်အဖွဲ့တစ်ခုက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ဒုရဲအုပ်တစ်ဦး ယနေ့တွင် သေဆုံးခဲ့သည်။
ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ကန့်ဘလူမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ ဝါးညိုတောင်အနီး၌ ရဲနှင့် စစ်ကားများကို ဒေသခံလက်နက်ကိုင်အဖွဲ့က လက်လုပ်မိုင်း၊ လက်လုပ်တူမီးသေနတ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ခိုက်ခဲ့သူများကို ကိုးကား၍ မြို့ခံလူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဝါးညိုတောင်ဘက်ကနေ (မြို့ဘက်ကို)ဆင်းလာတဲ့ ရဲကားကို ဖြတ်တိုက်တာ။ မိုင်းဆွဲတာတွေ၊ တူမီးနဲ့ပစ်တာတွေ ပါတယ်လို့ ကြားတယ်။ ဒုရဲအုပ်က ခေါင်းထိတယ်။ ရဲတပ်သားတစ်ယောက်က ပခုံးထိသွားတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့သူ ဒုရဲအုပ်စိုးကျော်ဇင်မြင့် ဆိုသူသည် ယနေ့ (ဇွန် ၃) နံနက်၌ သေဆုံးသွားသည်ဟု မြို့ခံများထံမှ သိရသည်။ ဒုရဲအုပ်စိုးကျော်ဇင်မြင့်၏ ရုပ်အလောင်းကို ကန့်ဘလူမြို့နယ်ရဲစခန်းဝန်းရှိ ရဲဓမ္မာရုံ၌ ထားရှိပြီး ၎င်း၏ ဇာတိ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်သို့ ပို့ဆောင်မည်ဟု သိရသည်။
ယမန်နေ့တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင်များ တပ်ကူရောက်လာသဖြင့် ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် နေထိုင်သူ ရွာသားတစ်ဦးက ပြောသည်။
“မိုင်းတစ်လုံးကွဲတယ်။ မိုင်းကွဲတော့ ရဲတစ်ယောက်က သေနတ်နဲ့ပစ်မလို့ တောထဲကို ချိန်လိုက်တယ်။ ကားက ဆောင့်ထွက်သွားတော့ သေနတ်နဲ့ပစ်မဲ့ ရဲက ပြုတ်ကျကျန်ခဲ့တယ်။ ပြီးတော့ စစ်သားတွေက တောနင်းပြီး လိုက်ရှာတယ်။ ပြောက်ကျားအဖွဲ့က လက်နက်တွေချခဲ့ပြီး ပြေးသွားကြတယ်။ သေနတ်က လက်လုပ်သေနတ်တွေ” ဟု ၎င်းရွာသားက ပြောသည်။
စစ်သားများက ပြောက်ကျားအဖွဲ့ကျန်ခဲ့သည့် လက်လုပ်သေနတ် ၈ လက်ကို သိမ်းဆည်းပြီးနောက် ဆက်မလိုက်တော့ဘဲ အနီးနားရှိ စပယ်နံ့သာရွာ၊ နမ့်မလွန်ရွာများအတွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသားများကို သိမ်းဆည်းရလက်နက်များကို ခေါ်ယူပြသခဲ့သည်ဟု အဆိုပါရွာသားက ဆက်ပြောသည်။
လက်ရှိတွင် ကန့်ဘလူမြို့အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က လုံခြုံရေးတင်းကျပ်ထားပြီး မြို့အဝင်အထွက်ကို ပိတ်ဆို့စစ်ဆေးလျက်ရှိကြောင်း မြို့ခံများက ဆိုသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...