Skip to main content

၂၀၂၁-၀၆-၁၀ အထွေထွေ

ဂျပန်အထက်လွှတ်တော်လည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သွားပါတယ်

ယနေ့ဂျပန်အထက်လွှတ်တော်အစည်းအဝေးတွင်

မြန်မာစစ်တပ်ရဲ့အာဏာသိမ်းယူမှုကို ပြစ်တင်ရှုံ့ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အမြန်ဆုံး ပြန်လည်ပေါ်ပေါက်ဖို့အတွက် တောင်းဆိုသည့်ဆုံးဖြတ်ချက်အဆို”ကို 

လွှတ်တော်အမတ်များမှ တညီတညွတ်တည်းထောက်ခံ

အတည်ပြုခဲ့ကြပါသည်။


အထက်လွှတ်တော်ရော အောက်လွှတ်တော်ပါထောက်ခံခဲ့ကြတဲ့အတွက် ဂျပန်အစိုးရအနေနဲ့ မြန်မာအရေးကို ပိုမိုလက်တွေ့ကျကျဆောင်ရွက်လာတော့မှာပါ✊✊✊

https://www3.nhk.or.jp/news/html/20210611/k10013079531000.html

အဆိုပါတင်ပြချက်ကို မြန်မာ့ဒိီမိုကရေစီအရေးကို နှစ်ပေါင်းများစွာအားပေးထောက်ခံ ကြိုးစားပေးနေတဲ့ Ishibashi Sensei မှ တင်ပြပေးသွားတာဖြစ်ပါတယ်🙏🙏

ကြံ့ဖွတ်ကိုယ်စားလှယ်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်သည် ဇွန်လ ၁၀ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်ထထောင်ဘုရားဈေး၌ ဦးခေါင်းကို သေနတ်ဖြင့် နှစ်ချက် ပစ်ခံရပြီး သေဆုံးသွားသည်ဟု ကနဦး သတင်းရရှိသည်။

"ခေါင်းကို နှစ်ချက် ပစ်ခံရတာ၊ သေပြီ၊ အခု ဆေးရုံကားနဲ့ သယ်သွားပြီ" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။



ရွှေကူရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အနီးတဝိုက်ရှိ လူနေအိမ်များပေါ်တွင် လက်နက်ကြီးကျည်ကျမှန်ကာ ထိခိုက်ပျက်စီးများရှိခဲ့ကြောင်းသိရသည်။

ဇွန်လ ၉ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် KIA နှင့် PDF တို့ ပူးပေါင်းပြီး ဒုတိယအကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...