Skip to main content

၂၀၂၁-၀၆-၁၀ စစ်ရေး

ဟားခါး-ဂန့်ဂေါ်ကြား တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦး သေ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့အကြားတွင် မနေ့(ဇွန် ၁၀)ညနေပိုင်း ၃နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ယောက် သေဆုံးခဲ့ပြီး CDF-Hakha ရဲဘော်များဘက်မှာမှု ထိခိုက်ဒဏ်ရာရရှိသူနဲ့ ကျဆုံးသူ မရှိကြောင်း CDF မှ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော အပြစ်မဲ့ချင်းပြည်သူအားလုံး ​ခြွင်းချက်မရှိ မလွတ်ပေးပါက ချင်းပြည်နယ်‌ေနရာအနှံ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ပွဲဆင်နွဲမည် ဟု CDF က ကြေငြာထားပါတယ်။
Source: Zalen

CDF ထန်တလန် နဲ့ အကြမ်းဖက်သမားတို့ ဒီမနက် တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက်အပါအဝင် အကြမ်းဖက်သမား ‌၁၇ ယောက်သေဆုံးဟုဆို။ ထန်တလန် ကို CDF သိမ်းလိုက်ပါ ထန်တလန် မှာ အခြေစိုက်စစ်ခွေးတပ်ရင်းမရှိပါ လူပ်ရှားတပ်ရင်းအနည်းငယ်သာရှိတာပါ။


မိုးဗြဲမှာ စစ်ရှောင်စခန်းအတွက် ပို့ပေးမယ့် ဆေးဝါး ရိက္ခာတွေအပြင် ကားတွေကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ လွယ်ရင်းတောင် စစ်ဘေးရှောင်စခန်းသို့ ပို့မည့် ဆန်နှင့်ဆေးပစ္စည်းများအပါအဝင် တင်​ဆောင်လာသော ​မော်တော်ယာဉ်တို့ကို စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားသည့်မြင်ကွင်းများကို ပြန်လည် မျှဝေပါသည်။ 

Photo Credit - CJ









ထန်တလန်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၁၇ ဦးသေဆုံး

CDF Than Tlang နှင့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၆ ယောက်သည် ယနေ့ ဇွန်လ ၁၀ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ခွါဟရီန်းတောင်ကြော တစ်နေရာတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် ၁၇ ဦးသေဆုံးကြောင်းနှင့် CDF Than Tlang တပ်ဖွဲ့တွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း Chinland Defense Force, Than Tlang page တွင် သတင်းထုတ်ပြန်ထားသည်။





Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...