ဟားခါး-ဂန့်ဂေါ်ကြား တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦး သေ
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့အကြားတွင် မနေ့(ဇွန် ၁၀)ညနေပိုင်း ၃နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ယောက် သေဆုံးခဲ့ပြီး CDF-Hakha ရဲဘော်များဘက်မှာမှု ထိခိုက်ဒဏ်ရာရရှိသူနဲ့ ကျဆုံးသူ မရှိကြောင်း CDF မှ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသော အပြစ်မဲ့ချင်းပြည်သူအားလုံး ခြွင်းချက်မရှိ မလွတ်ပေးပါက ချင်းပြည်နယ်ေနရာအနှံ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ပွဲဆင်နွဲမည် ဟု CDF က ကြေငြာထားပါတယ်။
Source: Zalen
CDF ထန်တလန် နဲ့ အကြမ်းဖက်သမားတို့ ဒီမနက် တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက်အပါအဝင် အကြမ်းဖက်သမား ၁၇ ယောက်သေဆုံးဟုဆို။ ထန်တလန် ကို CDF သိမ်းလိုက်ပါ ထန်တလန် မှာ အခြေစိုက်စစ်ခွေးတပ်ရင်းမရှိပါ လူပ်ရှားတပ်ရင်းအနည်းငယ်သာရှိတာပါ။
မိုးဗြဲမှာ စစ်ရှောင်စခန်းအတွက် ပို့ပေးမယ့် ဆေးဝါး ရိက္ခာတွေအပြင် ကားတွေကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ လွယ်ရင်းတောင် စစ်ဘေးရှောင်စခန်းသို့ ပို့မည့် ဆန်နှင့်ဆေးပစ္စည်းများအပါအဝင် တင်ဆောင်လာသော မော်တော်ယာဉ်တို့ကို စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားသည့်မြင်ကွင်းများကို ပြန်လည် မျှဝေပါသည်။
Photo Credit - CJ
ထန်တလန်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၁၇ ဦးသေဆုံး
CDF Than Tlang နှင့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၆ ယောက်သည် ယနေ့ ဇွန်လ ၁၀ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ခွါဟရီန်းတောင်ကြော တစ်နေရာတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် ၁၇ ဦးသေဆုံးကြောင်းနှင့် CDF Than Tlang တပ်ဖွဲ့တွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း Chinland Defense Force, Than Tlang page တွင် သတင်းထုတ်ပြန်ထားသည်။