Skip to main content

၂၀၂၁-၀၆-၂၉ စစ်ရေး

 မအလ တပ်နဲ့  CNDF တပ်တို့တိုက်ပွဲဖြစ်ပွားရာ မအလတပ် ၂၀ယောက်ကျော်သေဆုံးပြီး CNDF တပ်က ၄ ဦးကျဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ယနေ့ ဇွန်လ (၂၉) ရက်နေ့ မနက် ၇:၃၀ အချိန်မှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ Chin National Defense Force (CNDF) တို့အကြား (၂) နာရီခန့် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံး (၂၀) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရပြီး မိမိတို့ CNDF မှ (၄) ဦးကျဆုံး၍ မစိုးရိမ်ရသည့် အခြေအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃)ဦး ရှိခဲ့ပါသည်။


ဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ မိမိတို့ CNDF ရောက်ရှိနေသည့် နေရာတခုကို ထိုးစစ်ဆင်ရန် အင်အားအများအပြားဖြင့် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုကာ ကျူးကျော် ဝင်ရောက်လာသည်ကို ခုခံကာကွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့များတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့၌ ဝင်ရောက်ပြီး အိမ်မွေးတရိစ္ဆာန်များ အဓမ္မ လုယူသတ်ဖြတ် စားသောက်ကာ နေအိမ်တစ်ချို့ ဖျက်စီးမှုများလည်း ကျူးလွန်ခဲ့ပါသည်။ 


လက်တလောတွင် အကြမ်းဖက်စစ်သူပုန်တချို့ ဆုတ်ခွါသွားပြီး အခြေအနေ ယာယီငြိမ်သက်နေ သေးသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိသဖြင့် ဒေသခံပြည်သူများထံ အသိပေးလိုသည်မှာ လွန်စွာစိုးရိမ်ပူပန်ခြင်းမရှိပဲ သတိကြီးစွာ သွားလာနေထိုင်ကြရန်နှင့် မိမိတို့ CNDF ၏ မူလရပ်တည်ချက်ဖြစ်သည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရန် အတတ်နိုင်ဆုံး လှုပ်ရှားသွားမည်ဖြစ်သည်။


သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန

ချင်းအမျိုးသားအဖွဲ့ချုပ်

သင်္ဃန်းကျွန်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ ကျားကြီး ပစ်သတ်ခံရ

ရန်ကုန်၊ ဇွန် ၂၉ 

သင်္ဃကျွန်းမြို့နယ်၊ ဂဖူးကွေ့စျေးတွင် ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်က စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးသူ ကျားကြီးဆိုသူကို အနီးကပ် ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

"သင်္ဃန်ကျွန်းမြို့နယ်ဂဖူးကွေ့ဈေးထဲမှာ ပစ်ခတ်မှုဖြစ်သွားပါတယ်။ တစ်ယောက်သေပါတယ်။ ဒလန်လို့သိထားပါတယ်။ အလောင်းကိုတော့ သယ်သွားပါပြီ။ နာမည်က ကျားကြီးလို့ ရပ်ကွက်ကခေါ်ကြပါတယ်။  ကျားကြီးနေတဲ့ လမ်းက  ဇာဝေရာရက်ကွက်မှာ ဒလန်လမ်းလို့နာမည်ကြီးပါတယ်။ သူတို့လမ်းထဲကို ဆန္ဒပြသူတွေ ရဲလိုက်ဖမ်းလို့ပြေးဝင်ရင် သူတို့က ရိုက်နှက်တာတွေရှိပါတယ်။  ပစ်သွားတာကတော့ တစ်ယောက်တည်းပါပဲ။ အနီးကပ် တေ့ပစ်တာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ စျေးထဲသို့ ရောက်ရှိလာပြီးစျေးဆိုင်များကို ပိတ်ခိုင်းထားကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။ 

Khit Thit Media


ရဲတစ်ယောက်ပစ်ခတ်ခံရအပြီးတွင် စစ်ကောင်စီက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ် ပြည်သူနှစ်ဦး ကျည်ထိမှန်

ရန်ကုန်၊ ဇွန် ၂၉။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် လက်ဝဲမင်းဒင်လမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ရဲတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့ပြီးနောက် အနီးအနားတွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို ရမ်းကားပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အိမ်စီးကားတစ်စီးကျည်ထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျည်ထိမှန်သူ အမျိုးသားမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း BAP  က သီးခြားအတည်ပြု၍ မရသေးပေ။

“စစ်တိုက်သလိုမျိုးဆက်တိုက်ပစ်တာ။ ကျွန်တော်တို့လည်း သေနတ်သံကြားတာနဲ့ တံခါးတွေပိတ်ပြီး အိမ်ထဲမှာ ပုန်းနေရတယ်၊ အပြင်မှာဘာဆက်ဖြစ်လဲမသိတော့ဘူး” ဟု မြန်မာ့စီးပွားရေးဘဏ်အနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ထို့နောက် သေနတ်သမားမှာ ထိုရပ်ကွက်အတွင်းရှိ လမ်းတစ်ခုအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားပြီး ရဲနှင့်စစ်သားများက ၎င်းထွက်ပြေးရာလမ်းတစ်လျှောက်နှင့် နေအိမ်များကို ပိတ်ဆို့ရှာဖွေခဲ့သည်။

Burma Associated Press

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...