Skip to main content

အမေစု သတင်း

ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် အသိပေး

အသုံးစရိတ်၊ ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်တော့မည်ဖြစ်၍ ကူညီနိုင်မည့်နည်းလမ်းရှာဖွေပေးရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်ဟု နေပြည်တော်၌ ယနေ့ (ဇွန် ၇) ပြုလုပ်သည့် ရုံးချိန်အပြီး တရားလွှတ်တော်ရှေ့နေများက ပြောသည်။ 

“ကိုယ့်ဟာကိုယ် ငွေထုတ်သုံးနေတာ၊ ဘာအထောက်အပံ့မှမယူဘူး။ တစ်လတစ်လပေါ့။ အဲဒီဟာနဲ့ ပတ်သက်လို့ အလျင်မီအောင် ဘယ်လိုလုပ်ပေးမလဲပေါ့ဗျာ။ နည်းလမ်းရှာဖို့ပြောပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။


ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမှုငါးခုနှင့် ပတ်သက်၍ ယနေ့တွင် တစ်နာရီခန့်ကြာ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီ ရှေ့နေအဖွဲ့နှင့် အချိန်နာရီဝက်ခန့် တွေ့ဆုံခွင့်ရစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။ 

“(ဒေါ်အောင်ဆန်းစုကြည်နှင့်) အတူနေတဲ့ မိသားစုစားဝတ်နေရေးအတွက် ငွေလည်းနည်းသွားပြီ။ ဆေးတွေလည်း လိုအပ်တဲ့ဆေးလေးတွေ၊ နှစ်ပတ်တစ်ခါ သူတို့(စစ်ကောင်စီ)သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်၊ သူတို့စီစဉ်ပေးမယ်လို့။ အမေ(ဒေါ်အောင်ဆန်းစုကြည်) ကတော့ အဲဒီလို မလိုချင်ဘူးပေါ့နော်”ဟု ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးကလည်း သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အခြားသူရှစ်ဦး၊ ၎င်း၏ အချစ်တော်ခွေးကလေး တိုက်ချီဒိုတို့ပါ စစ်ကောင်စီက တစ်ပါတည်းဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး မည်သူတို့ဖြစ်သည်၊ မည်သည့်နေရာတွင် ထားရှိသည်ကို အတည်မပြနိုင်သေးဟု ရှေ့နေအဖွဲ့က ပြောသည်။

“ကလေးလေးတစ်ယောက်လည်းပါတယ်။ နို့မှုန့်တွေဘာတွေမှာတယ်”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေမိသားစုအတွက် အရေးပေါ်အသုံးစားရိတ် ကျပ်သိန်းငါးဆယ်၊ နှစ်ပတ်တစ်ခါရရန်လိုသည့် စားနပ်ရိက္ခာ၊ ပုံမှန်သောက်နေကျဆေးဝါး လိုအပ်ကြောင်းသိရပြီး ဖြည့်ဆည်းပေးနိုင်ရန် စစ်ကောင်စီဘက်နှင့် ညှိနှိုင်းရဦးမည်ဖြစ်ကြောင်းလည်း ရှေ့နေများက ပြောသည်။

“ဘာဆေးတွေလဲဆိုတာ(ဒေါ်အောင်ဆန်းစုကြည်ထံမှ) စာရင်းမရသေးဘူး”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထို့ပြင် ယနေ့ရုံးချိန်းတွင် ဆေးဝါးလိုအပ်နေကြောင်း အသိပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ရွှင်ရွင်လန်းလန်းတွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျန်းမာရေးကတော့ သာမန်အားဖြင့် ကောင်းပါတယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အဦးအမှတ် ၁ တွင် ပြုလုပ်သည့် ယနေ့ရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ပြုလုပ်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုငါးမှုစလုံးကို ရက်ပေါင်း ၁၈၀ (ခြောက်လ)အတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်နိုင်ခဲ့ကြောင်း ရှေ့နေများက ပြောသည်။

ထို့အတူ လာမည့်ရက်သတ္တပတ်ရုံးချိန်းမှစ၍ အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ရုံးထုတ်စစ်ဆေးရန်၊ တရားလိုကို ဇွန် ၂၈တွင် အပြီးစစ်ရန် အထူးတရားရုံးကို ကြီးကြပ်သည့် တရားသူကြီးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သို့သော် မည်သည့်အမှုကို တနင်္လာ၊ မည်သည့်အမှုကို အင်္ဂါနေ့တွင် အပတ်စဉ်စစ်မည်ဟု ခွဲခြားမှတ်သားရန် ခက်ခဲကြောင်း ရှေ့နေများက ပြောသည်။

“သက်သေတွေအပေါ်မှာ တည်တယ်ဗျ၊ သက်သေတူတဲ့အမှုတွေကို နေ့ခွဲပြီးပေါင်းမှာ”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပါ ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့နှင့် ပူးတွဲဖွင့်လှစ်ခံထားရသည့် ပုဒ်မ ၅၀၅ (ခ)အမှုကိုမူ အပတ်စဉ် တနင်္လာနေ့တိုင်းတွင် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ထားကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

သို့သော် မူလက ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စစ်ကောင်စီက လျှို့ဝှက်ချက်အက်ဖြင့် စွဲဆိုထားသည့်အမှုကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ပြောင်းရွှေ့စစ်ဆေးမည်ဆိုသော ကိစ္စကိုမူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မသိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါအမှုကို ဇွန် ၂၃ရက်တွင် စတင်စစ်ဆေးမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မေ ၃၁ ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်ပြီး အမှုတွင်လိုက်ပါမည့် ရှေ့နေများစာရင်းကို ဖော်ပြမထားဘဲ စွပ်စွဲခံရသူကိုယ်တိုင် လျှောက်လဲမည်ဟု ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူမသိဘူးလို့ ပြောပါတယ်။ ကိုယ်တိုင်ဆိုပြီး သူမပြောဘူး။ သူ့ကိစ္စတွေအကုန်လုံးကို ရှေ့နေတွေနဲ့ဆောင်ရွက်ဖို့ မူရှိတဲ့အတွက် အမြဲတမ်းလည်းပြောထားပါတယ်။ သူ့ဆီကိုလည်း ဒီဆင့်စာ မရောက်ပါဘူးတဲ့။ ဒီဥစ္စာက လွဲနေတယ်လို့ ပြောပါတယ်”ဟု ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တရားရေးအာဏာပိုင်များထံမှ တိတိကျကျစုံစမ်းသိရှိ၍ခြင်း မရှိသေး၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်ထားသည့် ဇွန် ၂၃ရက် ရုံးချိန်းကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံးက ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေတို့ဖြင့် အမှုဖွင့်ခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ တစ်ပတ်လျှင်နှစ်ရက် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး သုံးဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်းရှေ့နေများက ပြောသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...