Skip to main content

၂၀၂၁-၀၆-၂၃ အထွေထွေ

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၂၃ 

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ၁၀ လမ်းတွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရ သူ အရုဏ်ဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေး သည် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

"သူက စစ်ကောင်စီသတင်းပေးဆိုတာ လူတိုင်းက သိထားတယ်။ ဒလန်လုပ်တယ်ပေါ့။ သီရိမြိုင် ၁၀ လမ်းမှာ သေနတ်နဲ့ အပစ်ခံရပြီး ဆုံးသွားတယ်။ ရဲတွေ၊ စစ်သားတွေကတော့ အလောင်းကို လာသယ်သွားပြီ။ ပွဲချင်းပြီး ဆုံးတာပါ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဆန္ဒပြပွဲပါဝင်သူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဦးကျော်အေးက စစ်ကောင်စီထံသို့ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြသည်။

ကိုဗစ်ဖြစ်နေသည့် CDM စစ်ဗိုလ်နှင့် အမတ်ဟောင်းကို စစ်ကောင်စီဖမ်း

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆေးကုနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသော စစ်ဗိုလ်နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း အပါအဝင် စုစုပေါင်းလေးဦးကို စစ်ကောင်စီက မန္တလေးမြို့၌ ဖမ်းဆီးသွားသည်။

ရွေးကောက်ပွဲနှင့် လွှတ်တော်စောင့်ကြည့်လေ့လာရေး အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကနောင်အင်စတီကျု့၏ ရုံးကို ဇွန် ၂၁၊ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ထိုသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ကိုဗစ်ဖြစ်တော့ သူတို့လည်း ဆေးကုသစရာနေရာမရှိဘူး။ လောလောဆယ် ယာယီဆေးကုဖို့ဆိုပြီး ရုံးမှာနေကြတာ”ဟု ကနောင်အင်စတီကျု့တာဝန်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီဖမ်းသွားသူများမှာ ဗိုလ်စိုးဝေလှိုင်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးနှင့် ကနောင်အင်စတီကျုမှ ဝန်ထမ်းနှစ်ဦးတို့ဖြစ်သည်။

၎င်းတို့တွင် ကိုဗစ်နိုင်တင်းလက္ခဏာအချို့ပေါ်ပေါက်နေ၍ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Rapid Test Kit (ရောဂါရှိမရှိစမ်းသပ်သည့်ကိရိယာ) ဖြင့် စမ်းသပ်စစ်ဆေးစဉ် ကူးစက်ခံထားရသည်ဟု အဖြေထွက်ထားသူများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပင် အတည်ပြုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးစလုံး မန္တလေးနန်းတွင်း၌ စစ်ကြောခံနေရဆဲဖြစ်ကြောင်း သတင်းရထားသော်လည်း အသေးစိတ်ကိုမူ စုံစမ်း၍မရသေးဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်စိုးဝေလှိုင်သည် မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)ကို သင်တန်းပေးနေသူဖြစ်ကြောင်း၊ ဇွန် ၂၂ နံနက်ပိုင်း MPDF ရုံးခန်းတစ်ခုကို ဝင်စီးနိုင်ရန် သတင်းပေးခဲ့သူဖြစ်ကြောင်း ရေးသားပြောဆိုချက်များနှင့် ပတ်သက်ပြီး ကနောင်အင်စတီကျုတာဝန်ရှိသူက ငြင်းဆိုသည်။

“ဒီလူတွေက ဘယ် PDFနဲ့မှလည်း အဆက်သွယ်မရှိဘူး။ ဘယ်အဖွဲ့ကိုမှ သင်တန်းပေးနေတာမရှိပါဘူး။ ကိုဗစ်လက္ခဏာတွေဖြစ်နေတော့ ရုံးမှာပဲ ကွာရန်တင်းနေတဲ့သဘောမျိုးနေတဲ့အချိန်မှာ ပါသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က ဇွန် ၂၃ ညနေပိုင်းအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငါးလနီးပါးရှိလာချိန်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် လူပေါင်း ၉၀၀ နီးပါးသေဆုံးကာ ၆၀၀၀ ကျော် ဖမ်းဆီးခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ဆိုသည်။


Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။

ဂန့်ဂေါ မြင်သားရွာ

 စစ်သားများ ပစ်ခတ်၍ ၉ တန်းကျောင်းသားအပါအဝင် ၁၁ ဦးခန့်‌သေဆုံး၊ ရွာခံများဘေးလွတ်ရာရှောင်တိမ်းနေရ  ======================  ဝေယံမိုး - မဇ္ဈိမ ဂန့်ဂေါနယ်မှ ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်သားများ အပြန်အလှန်ပစ်ခတ်မှုတွင်  ကိုးတန်းကျောင်းသား တစ်ဦးအပါအဝင် ဒေသခံ ၁၁ ဦးကျဆုံးကာ နေအိမ် အလုံး၂၀ ခန့်မီးရှို့ခံရကြောင်းသိရသည်။  မကွေးတိုင်းဒေသကြီး ၊ဂန့်ဂေါမြို့နှင့် မိုင် ၄၀ ခန့်အကွာရှိ မြင်သားကျေးရွာသို့ စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဝင်ရောက်စီးနင်းရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။  ပစ်ခတ်မှုများမှာ ယမန်နေ့   နံနက် ၁၀နာရီမှ ညနေ သုံးနာရီဝန်းကျင်အထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။  “စစ်သားတွေ ရွာထဲဝင်လာကတည်းက လက်နက်ကြီးတွေရော၊ သေနတ်တွေနဲ့ရောပစ်ကြတာပါပဲ။ ရွာမှာက လုံခြုံရေးအဖွဲ့ ဖွဲ့ထားတာရှိတယ်။ အဲဒီကလူငယ်လေးတွေကလည်း ရှိတဲ့လက်နက်နဲ့ပြန်ပစ်ကြတာ၊ ညနေ ၃ နာရီလောက်ထိခံပစ်ကြတာ၊ နောက်မိုးတွေရွာလာတော့ဘယ်လိုမှပစ်လို့မရတော့ နောက်ဆုတ်ပေးလိုက်ရတာ၊ ကျွန်မမောင်လေးအပါအဝင် ၁၁ ယောက်ကျသွားတယ်။ ပြီးတော့ ရ...