Skip to main content

Posts

Showing posts from June, 2021

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၃၀ အထွေထွေ

ဟားခါးမြို့နယ် အဝင်ရှိ ဘုံးဇုံး ရဲစခန်း ဝင်အတိုက်ခံရ၊ စစ်သားနှင့် ရဲ ၂၀ ခန့် သေဆုံး ဧရာဝတီ၊ ဇွန် ၃၀၊ ၂၀၂၁ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အဝင်ရှိ လုံခြုံရေးဂိတ်တခုအနီးတွင် ရှိသည့် ဘုံးဇုံး ရဲစခန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့ များက မနေ့က မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။  CDF(ဟားခါး)၏ သတင်းထုတ်ပြန်ချက်အရ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၅ နာရီ မိနစ် ၄၀ မှ ၁၁ နာရီ အထိ ဘုံးဇုံး ရဲစခန်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က လူ ၂၀ သေဆုံးခဲ့ပြီး CDF ဘက်မှ အကျဆုံး မရှိဘဲ မစိုးရိမ်ရသော အသေးစားဒဏ်ရာ ရရှိသူ တဦးသာ ရှိခဲ့ကြောင်း သိရသည်။  “ဟားခါးမြို့ မှာ အဝင်ဂိတ် ရှိတဲ့နေရာမှာ ရဲစခန်းတခု ရှိတယ်။ အဲဒီနေရာမှာ ရှိတဲ့ အဝင်ဂိတ်ကို CDF က ဝင်ဖြိုတာ။ ရဲတွေ တော်တော် ကျတယ်။ မနေ့က ပစ်တုန်းက ကျနော်တို့ သဲတွေ သွားသယ်တဲ့ ကားတွေတောင် ပိတ်မိနေသေးတယ်။ ပစ် တာလည်း တော်တော်ကြာတယ်။ တိုက်ပွဲပြီးတော့ CDF ဘက်က ပြန်ဆုတ်သွားတယ်”ဟု ဟားခါးမြို့ ခံတဦးက ပြောသည်။  စစ်အာဏာသိမ်းမှုကို လက်မခံသည့် ဒေသခံများက ချင်းကာကွယ်ရေးတပ်ဖွဲ့ များ ဖွဲ့စည်းပြီး စစ်ကောင်စီ လက်နက်...

၂၀၂၁-၀၆-၂၈ စစ်ရေး

ရေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လုပ်ကြံခံရ   ရေး၊ ဇွန် ၂၈။ မွန်ပြည်နယ်၊ ရေးမြို့နယ် နှင်းစုံကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စောထားဝယ် (ခ) စောဝင်းစိုးမြင့် ကို အမည်မသိလူနှစ်ဦးက ခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ၎င်းကို ယနေ့မနက်တွင် အမျိုးသားနှစ်ဦးက ၎င်းကို ခေါ်ဆောင်သွားပြီး ရွာပြင်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု နှင်းစုံကျေးရွာက ဒေသခံများကပြောသည်။ “သူက စစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ၊ စစ်တပ်က ခန့်ထားတာဆိုတော့ စစ်တပ်ကို သတင်းပေးမပေး ပြောစရာကိုမလိုတော့ပါဘူး” ဟု နှင်းစုံရွာသားတစ်ဦးက ပြောသည်။ စောထားဝယ်သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တစ်ဦးဖြစ်ကာ စစ်တပ်၏ သတင်းပေးအဖြစ်လည်း နာမည်ထွက်နေသူဖြစ်ကြောင်း ထိုရွာသားက အတည်ပြုသည်။ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးကတော့ လုပ်ကြံခံထားရသူ စောထားဝယ်ကို KNU က နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ “ဒီဘက်က ကွပ်ကဲမှုရှိတဲ့နေရာတွေမဟုတ်ဘူး။ ခန့်တာကလည်း KNU ဘက်က ခန့်ထားတဲ့နေရာပေါ့” ဟု ဦးကိုကိုဦးက ဆိုသည်။ နှင်းစုံကျေးရွာသည် KNU တပ်မဟာ-၆နယ်မြေ ဒူးပလာယ...

၂၀၂၁-၀၆-၂၉ စစ်ရေး

  မအလ တပ်နဲ့  CNDF တပ်တို့တိုက်ပွဲဖြစ်ပွားရာ မအလတပ် ၂၀ယောက်ကျော်သေဆုံးပြီး CNDF တပ်က ၄ ဦးကျဆုံး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ယနေ့ ဇွန်လ (၂၉) ရက်နေ့ မနက် ၇:၃၀ အချိန်မှစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ Chin National Defense Force (CNDF) တို့အကြား (၂) နာရီခန့် ပစ်ခတ်မှုများ ဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အနည်းဆုံး (၂၀) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရပြီး မိမိတို့ CNDF မှ (၄) ဦးကျဆုံး၍ မစိုးရိမ်ရသည့် အခြေအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၃)ဦး ရှိခဲ့ပါသည်။ ဖြစ်စဉ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ မိမိတို့ CNDF ရောက်ရှိနေသည့် နေရာတခုကို ထိုးစစ်ဆင်ရန် အင်အားအများအပြားဖြင့် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုကာ ကျူးကျော် ဝင်ရောက်လာသည်ကို ခုခံကာကွယ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့များတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့၌ ဝင်ရောက်ပြီး အိမ်မွေးတရိစ္ဆာန်များ အဓမ္မ လုယူသတ်ဖြတ် စားသောက်ကာ နေအိမ်တစ်ချို့ ဖျက်စီးမှုများလည်း ကျူးလွန်ခဲ့ပါသည်။  လက်တလောတွင် အကြမ်းဖက်စစ်သူပုန်တချို့ ဆုတ်ခွါသွားပြီး အခြေအနေ ယာယီငြိမ်သက်နေ...

၂၀၂၁-၀၆-၂၇ အထွေထွေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်ပန်းရွာတွင်ဒ လန်ဟု နာမည်ထွက်နေသူတစ်ဦး ယမန်နေ့ (ဇွန် ၂၇) ညပိုင်း၌ အသတ်ခံရပြီးနောက် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ယမန်နေ့ (ဇွန် ၂၇)၊ ည ၈နာရီဝန်းကျင်၌ အောင်ပန်းရွာမြောက်ဘက်တွင် အသက် ၅၀ ဝန်းကျင် ဦးညွှန့်တင်ဆိုသူမှာ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောကြောင့် အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ “စစ်တပ်လာမှာ ကြောက်လို့ အကုန်ရှောင်နေကြတယ်။ အခု ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ သူ့ (ဦးညွှန့်တင်) မိန်းမနှစ်ယောက်နဲ့ သားသမီးတွေပဲ ရှိတော့တယ်”ဟု အမည်မဖော်လိုသည့် ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။ အသတ်ခံလိုက်ရသည့် ဦးညွှန့်တင်မှာ တစ်ရွာတည်းတွင် အမျိုးသမီးနှစ်ဦးအား ပေါင်းသင်းနေထိုင်သူဖြစ်ပြီး စစ်ကောင်စီ၏ သတင်းပေး (ဒလန်) ဟု နာမည်ထွက်နေကာ စစ်တပ်ထောက်ခံသည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။   ယမန်နေ့က ရွာမြောက်ဘက်တွင် သေနတ်သံ ၅ ချက်ထွက်ပေါ်လာပြီး ဦးညွှန့်တင် အသတ်ခံလိုက်ရသည်ကို ကြားသိရပြီး မည်သူမျှသွားမကြည့်ရဲကြသော်လည်း နာရီပိုင်းအကြာတွင် စစ်ကားများရောက်လာသည်ဟု အောင်ပန်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “လာကြပါဦးအော်သံတေ...

မှူးဇော်

  သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သော ဦးဇော်ဌေးသည် နေပြည်တော်ရှိ စစ်ကြောရေး ရိပ်သာတွင် ထိန်းသိမ်းခံနေရာမှ မကြာသေးမီက ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ အာဏာသိမ်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး စစ်ကောင်စီက ဦးဇော်ဌေးအား ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှ အနားပေး လိုက်ကြောင်းလည်း သိရသည်။ နေပြည်တော်ရှိ အမည်မဖော်လိုသော စစ်ဘက် သတင်းရင်းမြစ်တဦးက “တပတ် ဆယ်ရက်လောက်တောင် ရှိပါပြီ။ ဒါပေမယ့် သိပ်ရှေ့ မထွက်ဖို့နဲ့ အေးအေးဆေးဆေးပဲနေဖို့ မှာလိုက်ပုံမျိုးတော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပြင်ပြန်ရောက်လာတာ ကောင်းပါတယ်၊ အလုပ်တာဝန်ကလည်း အငြိမ်းစားပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း NLD အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ထိန်းသိမ်းခံရကြောင်း သတင်းများထွက်ပေါ် ခဲ့သလို၊ စစ်ကောင်စီက မူလတာဝန်များကို ဆက်လက် ပေးအပ်သော်လည်း ရုံးတရက်သာ တက်ပ...

၂၀၂၁-၀၆-၂၄ စစ်ရေး

ကသာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့အထိနာကြောင်း ဒေသခံများပြော ကသာ - ဇွန် ၂၄၊  ၂၀၂၁။  စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးမှုများရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်က ကေအိုင်အေ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိရာမှ စတင်ပစ်ခတ်ပြီး ယနေ့ နံနက်ပိုင်းမှစတင်ကာ ညနေပိုင်းထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ "မနက် ၁၀ နာရီကျော်လောက်က ရွှေကျောင်းကုန်းရွာနား စကစလူတွေက ဒီဘက်က KIA ထောင်ထားတဲ့မိုင်း နင်းမိပြီး လန့်ပြီးတော့ သူတို့ကစပစ်တာ။ ပြီးတော့ နေ့လယ် ၂နာရီလောက်ကလည်းတစ်ကြိမ် ပစ်ကြတယ်။ အဲဒါလည်း နာရီဝက်လောက်ပဲကြာတယ်။ ခုညနေ ၆ နာရီကလည်း တစ်ခါ ပစ်ကြသေးတယ်" ဟုပြောသည်။  တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ ထိခိုက်မှုများသောကြောင့် ပရဟိတကားများ လိုက်ရှာနေကြောင်း အခြားဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။  "သူတို့ဘက်က အထိခိုက်များတယ်။ စကစ ဘက်ကမြို့ထဲပြန်ပြေးတာ။ အဲ့မှာက CDMမလ...

၂၀၂၁-၀၆-၂၃ စစ်ရေး

မြစ်ကြီးနား ဗလမင်းထင်တံတား စုပေါင်းဂိတ်အား KIA ဝင်တိုက် ဧရာဝတီတိုင်းမ် ဇွန်လ ၂၃ ရက်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက ဗလမင်းထင်တံတားနားမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ည ၈ နာရီလောက်ကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တပ်တွေ နေထိုင်တဲ့ စုပေါင်းရုံးကို KIA တပ်က လာပြီး သိမ်းရာကနေ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။ မြစ်ကြီးနားမြို့ပေါ်နေထိုင်သူတွေကတော့ လက်နက်ကြီးပစ်သံ ၁၂ ချက်ကျော်ကြားရသလို အပြန်လှန် ပစ်ခတ်သံတွေလည်း ကြားရပြီး လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေ ရဟတ်ယာဥ်တွေပါ အသုံးပြုပြီး ကင်းလှည့်နေတာတွေ့ရတယ်လို့ ပြောပါတယ်။ နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုစာရင်းကိုတော့ အတည်ကျမသိရသေးဘူးလို့ ပြောပါတယ်။ ည ၈ နာရီခွဲလောက်မှာ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေ ခဏရပ်သွားတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။  #မြစ်ကြီးနား #ဗလမင်းထင်တံတား #အပြန်အလှန်ပစ်ခတ်မှု #Ayeyarwaddy_Times

၂၀၂၁-၀၆-၂၃ အထွေထွေ

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး ရန်ကုန်၊ ဇွန် ၂၃  ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိမြိုင် ၁၀ လမ်းတွင် စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရ သူ အရုဏ်ဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကျော်အေး သည် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။  "သူက စစ်ကောင်စီသတင်းပေးဆိုတာ လူတိုင်းက သိထားတယ်။ ဒလန်လုပ်တယ်ပေါ့။ သီရိမြိုင် ၁၀ လမ်းမှာ သေနတ်နဲ့ အပစ်ခံရပြီး ဆုံးသွားတယ်။ ရဲတွေ၊ စစ်သားတွေကတော့ အလောင်းကို လာသယ်သွားပြီ။ ပွဲချင်းပြီး ဆုံးတာပါ" ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဆန္ဒပြပွဲပါဝင်သူများနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဦးကျော်အေးက စစ်ကောင်စီထံသို့ သတင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြသည်။ ကိုဗစ်ဖြစ်နေသည့် CDM စစ်ဗိုလ်နှင့် အမတ်ဟောင်းကို စစ်ကောင်စီဖမ်း ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ဆေးကုနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ...

၂၀၂၁-၀၆-၂၂ အထွေထွေ

ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် CRPH အတည်ပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ဒုတိယသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတ (Acting President) အဖြစ် ပြောင်းလဲ ခေါ်ဝေါ်အသုံးပြုရေးအတွက် အတည်ပြုပေးခဲ့သည်။ CRPH ၏ ယနေ့(ဇွန် ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပြည်ထောင်စုဝန်ကြီးချုပ်မှ ဇွန် ၁၆ ရက်စွဲဖြင့် ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ် ပြောင်းလဲခေါ်ဝေါ်သုံးစွဲရေး သဝဏ်လွှာပေးပို့ခဲ့သည်။ ထိုကြောင့် CRPH အနေဖြင့် လက်ရှိသမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက အကြမ်းဖက် မတရား ဖမ်းဆီးထားသည့်အတွက် ဒုသမ္မတ ဒူဝါလရှီလကို ယာယီသမ္မတအဖြစ် ခေါ်ဝေါ်သုံးစွဲရေး အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မုံရွာ၊ လယ်ဇင်ရွာ ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်စီးခံရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လယ်ဇင်ရွာကို စစ်ကောင်စီက ရက်ပိုင်းအတွင်း နှစ်ကြိမ်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိကာ ယင်းတို့အနက် ဆေးမင်ကြောင်ထိုးထားသူ ၁ ဦးမှာ စစ်ကြောရေးတွင် ၂၄ နာရီမပြည့်မီ၌ပင် သေဆုံးခဲ့ရသည်။  “သေသွားတဲ့လူက ဘယ်ထဲမှ မပါပါဘူးဗျာ။ ဒါပေမယ့် အမေစုဓာတ်ပုံတို့၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတို့ကို တက်တူးတွေ ထိုးထားတာရှိ...

၂၀၂၁-၀၆-၂၂ စစ်ရေး*

မန္တလေးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ရန်ကုန်၊ ဇွန် ၂၂  မန္တလေးမြို့တွင်  အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် လတ်တလော အမည်မသိရှိရသေးသော လက်နက်ကိုင်တချို့ အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း  ဒေသခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်းပေးပို့သည်။  "၅၃×၅၄လမ်း၊၁၁၁ လမ်း၊ထွန်တုံးဘက်မှာ အပြန် အလှန်ပစ်နေကြတယ်။ စစ်ခွေးတွေများတယ်။ဒလန်ကြောင့်လို့ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။  မန္တလေး ဒေသခံတစ်ဦးကမူ GZ များနှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။  မန္တလေး PDF ၏ လူမှုကွန်ရက်စာမျက်နှာတွင်  "ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ။ မန္တလေး PDF ဒီနေ့စတင်တိုက်ပါပြီ"  မြို့ပြပျောက်ကျားတာဝန်ခံ၊ ဗိုလ်ထွန်းတောက်နိုင် ဟု ရေးသားထားသည်။ Update: PDF တပ်စု နေရာကို သတင်းရလို့ ဝင်စီး အိမ်ထဲမှာ ၆ ယောက်ခန့် ရှိ။ စကစ အရပ်ဝတ် တွေက သုံးနေရာကနေ ဝိုင်းပစ်။ အပြန်အလှန် ပစ်ခတ်မှု့ ဖြစ်ပွား။ PDF သုံးယောက်ကျ။ သုံးယောက် ဖမ်းမိ။ ဖမ်းမိ သုံးယောက် ကိုလည်း ပစ်သတ်သည်ဟု သတင်းထွက်။ ယနေ့ မနက်ပိုင်း မန္တလေးမြို့ မြင်ကွင်းအချို့ ယနေ့ မ...

၂၀၂၁-၀၆-၂၁ စစ်ရေး

မချမ်းဘော့ စစ်ကောင်စီတပ်ရင်းကို ပထမဆုံးအကြိမ်ကေအိုင်အေ သွားရောက်တိုက်ခိုက်  မချမ်းဘော့ - ဇွန် ၂၁၊ ၂၀၂၁။  ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်တွင် ယနေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်ရင်းတစ်ခုကို KIA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။  စစ်ကောင်စီတပ် ခလရ ၁၃၇ ကို KIA တပ်မှ သွားရောက် ပစ်ဖောက် ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မချမ်းဘော့ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။  "မချမ်းဘော့စစ်တပ်မှာ ၊ ခလရ ၁၃၇ ဟုတ်တယ် ၊စစ်ကောင်စီဘက်က ဆယ်ချက်လောက် ပြန်ပစ်တယ်" ဟု ပြောသည်။  ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်သူရှိမရှိကိုမူ မသိရှိရကြောင်း သူကဆက်ပြောသည်။  မချမ်းဘော့မြို့တွင် ယခင်က ကေအိုင်အေအဖွဲ့မှ သွားရောက် ပစ်ခတ်မှုမျိုးမရှိကြောင်း ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၁-၀၆-၂၁ အထွေထွေ

မုံရွာပင်မ သပိတ်စစ်ကြောင်း မြို့လယ်​​ခေါင်အထိ ချီတက် သပိတ်​မှောက် ရန်ကုန်၊ဇွန် ၂၁  ယနေ့မုံရွာ ပင်မသပိတ် စစ်ကြောင်းသည် မြို့လယ်မီး ပွိုင့် အလယ်တွင်စုဝေး ကာ ဆန္ဒပြခဲ့ ကြ ပြီး မြို့တွင်းသို့ ဆိုင်ကယ်သပိတ်ဆက်လက်ချီတက်ကြသည်။ Photo- Kaung Hsu Thar စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်သတ်လိုက်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုး၏ အလောင်းပြန်ရ ရန်ကုန်၊ ဇွန် ၂၁  မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့ ညပိုင်း မင်္ဂလာဆောင် ဖိတ်စာ သွားဖိတ်သည့် သတို့သားလောင်း ကိုကျော်ကျော်မျိုးသည် အကြမ်းဖက်စစ်ကောင်စီ တပ်များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိသားစုထံ အလောင်းပြန်ရောက်လာပြီဖြစ်သည်။ စဉ့်ကူးမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရပ်ကွက်နေ ဦးကျော်ထွေးနှင့်ဒေါ်မိုးမိုးအေးတို့၏ သားဖြစ်သူ ကိုကျော်ကျော်မျိုးသည် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်အတူ ယမန်နေ့ညပိုင်း မင်္ဂလာဆောင်ဖိတ်စာများ သွားရောက်ဝေငှကြကြောင်း၊ လက်ပန်လှကျောင်းရှေ့ အရောက်တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သဖြင့် ကိုကျော်ကျော်မျိုးသည် နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး အဖော်လိုက်ပါလာသူ သူငယ်ချင်းကို စစ်ကောင်စီတပ်များက ရို...

၂၀၂၁-၀၆-၂၀ အထွေထွေ

ကလေးမြို့မှ အဖမ်းခံရသည့် ၁၅ နှစ်သား ၂၄ နာရီအတွင်း သေဆုံး  Source: Myanmarnow ကလေးမြို့မှ အသက် ၁၅နှစ်အရွယ် မောင်ကျော်မင်းခန့်ကို အာဏာသိမ်းစစ်ကောင်စီ တပ်သားများက ယမန်နေ့ ဇွန် ၁၉ ညက ဖမ်းဆီးသွားပြီး ယနေ့တွင် အလောင်းလာထုတ်ရန် မိသားစုထံ ဆက်သွယ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနေ့ညက (​ကျော်မင်းခန့်) အဖမ်းခံရပြီးတော့ အခု အလောင်းလာထုတ်လို့ ပြောတယ်တဲ့ သူ့မိဘတွေကို။ အခု သူတို့နဲ့ နီးစပ်တဲ့သူက ပြောလာတာ။ ဘာကြောင့်ဖမ်းတာလဲတော့ သေချာမသိရသေးဘူး။ အဲဒါ အခု ၂ နာရီမှာ အလောင်းလာထုတ်ဖို့ ပြောလာတယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။ ကလေးမြို့ ချမ်းမြအောင်စည်ရပ်ကွက်၌ နေထိုင်သူ မောင်ကျော်မင်းခန့်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ လိုက်ပါလေ့ရှိသူတစ်ဦးဟု သိရကြောင်း အထက်ပါ​ဒေသခံက ​ပြောသည်။ တချိန်တည်းတွင် အဖမ်းခံရသည့် မြန်မာ့စီးပွားရေးဘဏ် CDM ၀န်ထမ်းတစ်ဦးနှင့် သူ၏ ၁၂နှစ်အရွယ် ကလေးငယ်ကိုမူ ပြန်မလွှတ်သေးဟု သိရသည်။ ည ၉နာရီခန့်ကလည်း အင်းယားကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ အိမ်ပိုင်ရှင် သားအဖနှစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်...

၂၀၂၁-၀၆-၁၉ အထွေထွေ ပန်းသပိတ်

မန္တလေး ကျုံးဘေးမှာ ပန်းသပိတ်ပြုလုပ်တဲ့ လူငယ်အချို့ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး မဇ္စျိမ၊ဇွန်-၁၉ ဇွန်လ ၁၉ရက်၊ညနေပိုင်းက မန္တလေးမြို့၊ကျုံးဘေး၊၇၀လမ်း၊၂၆လမ်းထောင်းမှာ "Stand for the true, your people,your dignity,your future, ASEAN.မင်းလူမျိုး၊မင်းဂုဏ်သိက္ခာနဲ့ မင်းရဲ့အနာဂတ်အတွက် အမှန်တရားဘက်က ရပ်တည်ပါ အာဆီယံ။"လို့ ရေးသားထားတဲ့ စာတန်းပါ ဆိုင်းဘုတ်နဲ့ပန်းသပိတ်ပြုလုပ်တဲ့ လူငယ်အချို့ကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ မွေးနေ့မှာ နှင်းဆီပန်းဝေတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ၁၀ ကျော် ဖမ်းဆီးခံရ ပြင်ဦးလွင်- လားရှိုးလမ်းမကြီး စံပြကွေ့အနီးမှာတည်ရှိတဲ့ Café 99 ဆိုင်ပိုင်ရှင် အပါအဝင် ဝန်ထမ်း ဆယ့်နှစ်ဦးကို နှင်းဆီပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ (ဇွန်လ ၁၉ ရက်) မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Café 99 ဆိုင်တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောပါတယ်။ Café 99 ကော်ဖီဆိုင်ရဲ့ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အဲဒါကကျတော့ ကျနော်တို့ရဲ့ ဆိုင်ရှင်ပေါ့နော်။ အန်တီရဲ့မွေးနေ့။ သူတို့က ယတြာချေတယ်ပေါ့နော်။ ယတြာချေမယ်ဆိုပြီးတေ...