Skip to main content

၂၀၂၁-၀၇-၀၉

နေပြည်တော် စစ်ကောင်စီလက်အောက်ခံ ရုံးများတွင် ကိုဗစ်ကူးစက်မှု ဆိုးဝါးလာ

နေပြည်တော်၊ ဇူလိုင် ၉

ခေတ်သစ်

နေပြည်တော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အစိုးရရုံးများတွင်ပါ ကိုဗစ် - ၁၉  ပျံ့နှံ့မှုများ အင်မတန် ဆိုးလာသဖြင့် ယနေ့ နံနက်ပိုင်းက စတင်ပြီး နေပြည်တော် ၈ မြို့နယ်အတွင်း တစ်နေရာနှင့် တစ်နေရာ သွားလာမှုများ စတင် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်းများကိုသာ အကန့်အသတ်ဖြင့် ခွင့်ပြုကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။


နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ အစိုးရရုံးများ ရှိသော ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀၀ နီးပါး ရှိပြီး ပြည်ထဲရေး၊  နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီရုံး၊ ဗဟိုဘဏ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့တွင် ကိုဗစ်ပိုး ကူးစက်ခံရမှုများရှိနေကြောင်း သိရသည်။


နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်မှ အမှတ် ၁၇ ရဲတပ်ရင်းတွင်လည်း ကိုဗစ်ပိုး ကူးစက်ခံရမှုများ ရှိနေသဖြင့် ရဲတင်ရင်းကို Lockdown ချထားကြောင်း၊ ရဲများမှတဆင့် မိသားစုဝင်များပါ ကူးစက်ခံထားရကြောင်း ဝန်ထမ်းမိသားစုဝင်များထံမှ သိရသည်။


"ဘဏ်ဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းလောက်ပဲ နယ်ကျော်လို့ ရတယ်။ ကျန်တဲ့လူတွေ ပြန်လှည့်ခိုင်းတယ်။ ပျဉ်းမနားကနေ သပြေကုန်း(ဇမ္ဗူသီရိမြို့နယ်) လောက်သွားရင် Q ဝင်မလားလို့ အမေးခံရတဲ့သူတွေ ရှိတယ်။ အလုပ်သွားဖို့တောင် အဆင်မပြေတော့ဘူး။ တချို့ အလုပ်သွားသူတွေ ပြန်လှည့်ရတယ်။ ရပ်ကွက်ထဲတွေမှာဆိုရင်လည်း အပြင်ထွက်ခွင့်ကတ်လုပ်ထားမှ အပြင်ထွက်လို့ ရတော့တယ်။ နယ်ကျော်လို့ မရဘူး"ဟု နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။


နေပြည်တော်တွင် ပွဲရုံဆိုင်ခန်းများ၊ ကုန်စိမ်း၊ သားငါးရုံများနှင့် စားသောက်ကုန် လုပ်ငန်းများနှင့် ဆေးဆိုင်များမှ လွဲ၍ ကျန်ဆိုင်အားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။


ရွှေဆိုင်၊ လျှပ်စစ်ပစ္စည်း၊ ဖုန်း၊ စာအုပ်ဆိုင်၊ စိုက်ပျိုးရေး ပစ္စည်းဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင်၊ လူသုံးကုန် စတိုးဆိုင်၊ ဖိနပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ လူသုံးကုန်နှင့် စတိုးဆိုင်၊ အလှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ကွန်ပြူတာဆိုင်၊ အထည်ဆိုင်၊ Gym နှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ယာဉ်ပြင်ဆိုင်များ၊ ကားနှင့် ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်များ၊ တာယာဆိုင်များ၊ ဘထ္ထရီဆိုင်များအားလုံး ပိတ်လိုက်ရကြောင်း သိရသည်။

"မြို့ထဲမှာ ဆိုင်တွေ အကုန်ပိတ်တယ်။ ဈေးဝယ်စင်တာက ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ စားသောက်ဆိုင်တွေ ပါစယ်စနစ်ဖြစ်သွားပြီ။ နေရာတိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ ဘယ်သွားမှာလဲ မေးတယ်။ Mask မပါရင်လည်း ပြန်လှည့်ခိုင်းတယ်"ဟု ဒေသခံတဦးက ပြောသည်။


နေပြည်တော်တွင် တတိယလှိုင်းအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၈ ဦး၊ ရောဂါပိုး တွေ့ ရှိသူ ၃၀၀၀ နီးပါး ရှိလာပြီး အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ခံနေရသူ ၁၀၀၀ နီးပါး ရှိကြောင်းလည်း သိရှိရသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...