Skip to main content

၂၀၂၀-၀၇-၂၇

 မန္တလေး သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်း၍ ကျည်ထိ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား


ဧရာဝတီ၊ ဇူလိုင် ၂၇၊ ၂၀၂၁


မန္တလေးမြတောင် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး အဆိုပါ ဒဏ်ရာရ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ များထံက သိရသည်။


ပစ်ခတ်မှုတွင် လူငယ်တဦးသည် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရ ၃ ဦးစလုံးကို ချက်ချင်းခေါ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ဒဏ်ရာအခြေအနေနှင့် အသက်ရှင်မှု အေနအထားကို မသိရှိသေးကြောင်း သပိတ်စစ် ကြောင်းနှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြော သည်။


"ထိတဲ့လူတွေ အကုန်လုံးကို သူတို့ ဆွဲသွားတာ သေလား၊ ရှင်လားကတော့ ဘယ်လိုမှ ပြောလို့မရဘူး။ ပစ်တော့ ထိပြီး ကျသွားတယ်။ အကုန်လုံးပြေးတဲ့အချိန်မှာ ဘယ်သူမှလည်း ဆွဲလို့ မရတော့ Body တွေက သူတို့လက်ထဲတော့ ပါသွားတယ်။ သေလား ရှင်လားကတော့ ကွန်ဖမ်း လုပ်ပေးလို့ မရဘူး။ ခေါင်းထိကတော့ ကျိန်းသေတယ်။ ဆက်တိုက် ပစ်တာ" ဟု ၎င်းက ပြောသည်။


ယနေ့ (ဇူလိုင် ၂၇) နေ့လယ်ပိုင်းတွင် မန္တလေး ဘုရားကြီးအနီး၌ သပိတ်စစ်ကြောင်း ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် အရပ်ဝတ်ဖြင့် လူတဦးမှ စတင် ပစ်ခတ်ခဲ့ပြီးနောက် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်လာက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


"ဖြစ်တာကတော့ သပိတ်မစခင် နည်းနည်းလူစုတဲ့အချိန်မှာ ကွမ်းယာဆိုင်ကနေ စတစ်ကော်လံအဖြူနဲ့ ပျူစောထီးလား ရဲကပဲ အရပ်ဝတ်နဲ့လား မသိဘူး။ သပိတ် စအော်တဲ့ အချိန်မှာပဲ ပစ်တော့ ဖြစ်ချင်တော့ အဲဒီနားက တပ်စွဲထားတဲ့ နေရာ ဖြစ်နေတယ်။ ဘုရားကြီးနားဆိုတာလည်း ဟိုကောင်တွေနဲ့ အရမ်းလည်း မဝေးတော့ ရောက်လာတာ မြန်တဲ့အချိန်ကျတော့ အကုန်လုံးက တော်တော် ပြေးလိုက်ရတယ်။ အတိုနဲ့ရော အရှည်တွေနဲ့ရော ပစ်တာ" ဟု မြင်တွေ့သူတဦးက ပြောသည်။


စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်တွင် မန္တလေးမြို့၌ ရဟန်းသံဃာနှင့် ကျောင်းသား၊ ပြည်သူများက ဆန္ဒပြ သပိတ်စစ်ကြောင်းများ နေ့စဉ်နီးပါး ထွက်ရှိကာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ပြီး စစ်ကောင်စီကလည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကို ပြုလုပ်လျက် ရှိသည်။


ဓာတ်ပုံ - CJ


#WhatsHappeningInMyanmar

#RejectMilitaryCoup

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...