Skip to main content

၂၀၂၁-၀၇-၃၀ ဆလုံကျွန်း

 စစ်ကောင်စီတပ်သားများက ဆလုံကျွန်းပေါ်တက်ပြီး ရွာသားများကို ဖမ်းဆီးမှုများပြုလုပ်နေ


တနင်္သာရီ။ ဇူလိုင် ၂၈


ဆလုံနှင့် အခြားဌာနေ တိုင်းရင်းသားများနေထိုင်သည့် မကြုံကလက်ကျေးရွာသို့ ရေတပ်မှ သင်္ဘောတစ်စီး ရောက်လာပြီး ဖုန်းထဲက ဓါတ်ပုံများနှင့် လူများကို တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံရွာသားများက BAP ကို ပြောသည်။


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၏ အနောက်ဘက် လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်အနီး က မကြုံကလက်ကျေးရွာတွင် နေထိုင်သူများသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူများဖြစ်သည်။


ပြီးခဲ့သည် ဇူလိုင် ၂၄ ရက်ညပိုင်းကလည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အဆိုပါကျေးရွာ၏ ရွာသားအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။


ဆန္ဒပြပြီးနောက်မူ သတင်းဌာနအချို့က ၎င်းတို့၏မျက်နှာများပါဝင်သည့်ဓါတ်ပုံများကို ထင်ထင်ရှားရှားဖော်ပြခဲ့သဖြင့် စစ်တပ်က ကျေးရွာသို့လာရောက်ကာ ဓါတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးနေခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။


“ပြီးခဲ့တဲ့ တစ်နာရီလောက်က ရေတပ်က သ‌ေင်္ဘာတစ်စီးနဲ့ ရဲနဲ့စစ်သား ၁၀ယောက်လောက်က ရွာထဲဝင်တယ်။ အမျိုးသမီးတွေကို သေနတ်နဲ့ထောက် ဓါတ်ပုံပြပြီး လိုက်မေးတာတွေရှိနေတယ်။ ရွာထဲမှာ လည်း လိုက်မွှေနေတယ်။ အခု ညစာစားမယ်ဆိုပြီး တစ်ဖက်ကရွာကို ထွက်သွားတယ်။ ည ၉ နာရီထိုးတဲ့အထိ သူတို့မပြန်သေးဘူး” ဟု အဆိုပါရွာသားက ဆိုသည်။


ထိုသ‌ေင်္ဘာရွာကိုကပ်သည့် အချိန်၌ သတင်းများပျံ့နှံ့သွားသဖြင့် ရွာသားအများစု ရှောင်ပုန်းနေကြရ ပြီး ရွာထဲတွင် ကလေးနှင့် သက်ကြီးရွယ်အိုအချို့သာ အိမ်ထဲတွင် ပုန်းရင်း ကျန်ခဲ့သည်။ 


စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အဆိုကျေးရွာတွင် အုပ်ချုပ်ရေးမှူး အသစ်ခန့်အပ်ရန်ကြိုးစားခဲ့ပြီး ရွာသားများကလက်မခံဘဲ ကိုယ်ထူကိုယ်ထ အုပ်ချုပ်ရေးအဖွဲ့ဖွဲ့ပြီး စစ်ကောင်စီကို ဆက်လက် ဆန့်ကျင်ခဲ့သည်။


Burma Associated Press

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...