Skip to main content

၂၀၂၁-၀၇-၀၂ စစ်ရေး

 ကောလင်းမြို့ပေါ် နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ၍ အမျိုးသမီး နှစ်ဦးဒဏ်ရာရ၊ သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် (Video)

ရန်ကုန်၊ ဇူလိုင် ၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးအတွင်း ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့ရှိ ထွေအုပ်ရုံးအတွင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ကြောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အနောက်လမ်းရှိ နေအိမ်တလုံး ခေါင်မိုးပွင့်ထွက်သွားပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့တွင် ကောလင်းမြို့ သစ်ဆိမ့်ကုန်းရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အသတ်ခံရခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် ကောလင်းမြို့ပေါ်၌ လုံခြုံရေးတင်းကြပ်စွာချထားပြီး ယခုလို လက်နက်ကြီးများဖြင့် မြို့ပေါ်တွင် ရမ်းသန်းပစ်ခတ်နေခြင်း ဖြစ်သည်။


ကောလင်း သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်များကို KIA နင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲများ ယနေ့ ညနေအချိန်အထိ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။


ဒီပဲယင်းမြို့နယ်တိုက်ပွဲမှာ PDF(၁၈)ယောက်ကျ ဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိ

မျက်မှောက်ခေဆတ် ဇူလိုင်(၃)

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်အ တွင်းမှာဇူလိုင်လ(၂)ရက်နေ့က ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး PDF ရဲဘော်(၁၈) ယောက်ကျ ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ တယ်လို့ ဒီပဲယင်းPDFရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


မနက်(၆)နာရီခွဲ၀န်းကျင်မှာ ဆပ်ပြာကျင်းနဲ့ ကျွန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေအသုံး ပြု ပစ်ခတ်ခဲ့တာကြောင့် တပ်ဆုပ်ခဲ့တယ်လို့ သိရပါတယ်။ ညနေ(၃)နာရီကျော်အချိန်မှာ တော့ ဒေသခံ PDFတွေဟာ စစ်ကောင်စီတပ်တွေကို ဝိုင်းညှပ်ပစ်ခတ်ခဲ့ပေမယ့် စစ်ကောင်စီ တပ်ကူတွေရောက်လာတာကြောင့် ထပ်မံ တပ်ဆုပ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်မှာ PDF ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေတွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီမနက်မှာ ကျဆုံးရဲဘော်တွေရဲ့ အလောင်း တွေတွေ့ရတာပါ။စုစုပေါင်း(၁၈)ယောက်ကျတယ် ကြားတယ်။ဒဏ်ရာရသူတွေရော ရှိတယ်"လို့ ဒေသခံက ပြောပါတယ်။


တိုက်ပွဲအတွင်း ဒေသခံ PDF တွေ ကျဆုံးခဲ့ သလို စစ်ကောင်စီဘက်ကလည်း(၄)ယောက်သေပြီး(၁၀)ယောက်၀န်းကျင်ဒဏ်ရာရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့၀င်

သေဆုံး၊ဒဏ်ရာရအရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ပွဲအခြေအနေတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ- CJ



ဒီပဲယင်းတွင် စစ်ကောင်စီတပ်များက အရပ်သားများကို ဦးခေါင်းတည့်တည့်သို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့၊ အလောင်း ၄၀ နီးပါးရှိ

ရန်ကုန်၊ ဇူလိုင် ၄ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များက  PDF ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားစဉ် အရပ်သားများကိုပါ ဦးခေါင်းချိန်ရွယ်၍ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 

ဇူလိုင်လ ၂ ရက်နေ့ ၊ နံနက် ၈ နာရီခွဲတွင်  ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာ အရှေ့ဘက်တွင် PDF များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက အတင်းအကျပ် ဖိတိုက်လာသဖြင့် ဆုတ်ခွာစဉ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသာမက ပြည်သူများကိုပါ စစ်ကောင်စီတပ်များက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ 

"ဇူလိုင်၂ ရက်နေ့ ကဖြစ်တာ အခုအချိန်အထိ အလောင်းတွေ တွေ့နေရတုန်း။ အလောင်းအများစုက ဦးခေါင်းကို ချိန်ပြီး ပစ်ထားတာ။ တချို့အလောင်းတွေဆိုရင် PDF မဟုတ်ဘူး။ သာမန် လယ်လုပ်ယာလုပ် တောထဲဝင် ဖားရှာ ငါးရှာ တောသူတောင်သားတွေကိုပါ ပစ်သတ်သွားတာ။ အလောင်းတွေမှာ ၁၀ လောင်းကျော်လောက်က ခေါင်းတွေကို တည်ပြီး ချိန်ပစ်ထားတာ။ ဘောင်းဘီရှည်၊ ဘောင်းဘီတိုနဲ့ ဝတ်ပြီး တိုက်တဲ့ PDF အလောင်းလည်း ၂၀ ကျော်တယ်။ အရပ်သားတွေ ပြေးလွှားရင်း အသတ်ခံရတာလည်း ၁၀ လောင်းကျော်ရှိတယ်။ ၄၀ လောက်နီးပါးတော့ ရှိတယ်။ ဟိုတစ်လောင်း၊ ဒီတစ်လောင်း ပြန့်ကျဲနေတယ်။ တိုက်ပွဲဖြစ်ရင်း သေတာမဟုတ်ဘူး။ ဖမ်းပြီးတော့မှ ပစ်သတ်တာမျိုးတော့ တွေ့ရပါတယ်" ဟု အလောင်းများကို ကူညီရှင်းလင်းနေသည့် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ လူမှုကွန်ရက်မက်ဆင်ဂျာမှ တစ်ဆင့် ဆက်သွယ်ပြောဆိုသည်။ 

လက်ရှိတွင် အလောင်းများကို ရှင်းလင်းသဂြိုလ်လိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးအနား ဝန်းကျင်  ကျေးရွာများမှ ပြည်သူများအားလုံး ရွာကို စွန့်ခွာ၍ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများတွင်မူ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျဆုံးသူမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် ဒေသခံ ၃၀ ကျော်သေဆုံးခဲ့ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင် ဇူလိုင် ၂ ရက်က စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ 

ဒေသခံ PDF အဖွဲ့၏ ထုတ်ပြန်ချက်အရ ဆပ်ပြာကျင်းကျေးရွာအနီးတွင် ဇူလိုင် ၂ ရက် နံနက်ခင်းနှင့် ညနေပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အင်အား ၁၈၀ ခန့်ရှိ  စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများပါ အသုံးပြုတိုက်ခဲ့သည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၃၁ ဦး၏ ရုပ်အလောင်းများကို ကောက်ယူရရှိထားပြီး သေဆုံးသူများတွင် PDF အဖွဲ့ဝင်များသာမက ဒေသခံ အရပ်သားပြည်သူများလည်း ပါဝင်ကြောင်း ဒေသခံတစ်ဦးက ယနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“အလောင်းကောက်တဲ့သူတွေဆီက သတင်းပို့တာက ၃၁ ယောက်အထိ ရှိသွားပြီ။ ၂ ရက်နေ့မှာ ဖြစ်ပေမယ့် ၃ ရက်နေ့မှ အလောင်းတွေကို ရှာဖွေသိမ်းဆည်းရတာပါ။ ပြည်သူလူထုလား၊ PDF လားဆိုတာ ခွဲပြောဖို့တော့ ခက်တယ်ဗျ” ဟု အဆိုပါဒေသခံက ပြောသည်။

ဆပ်ပြာကျင်းကျေးရွာသို့ ဦးတည်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ဒေသခံ PDF အဖွဲ့က နှစ်နာရီကြာ ခုခံပစ်ခတ်ခဲ့သော်လည်း အင်အားမမျှသည့်အတွက် ဆုတ်ခွာခဲ့ရသည်ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထို့နောက် မွန်းလွဲပိုင်းတွင် ဒဏ်ရာရရှိထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များကို ကယ်ဆယ်ရန် သွားရောက်စဉ် ဆပ်ပြာကျင်းနှင့် ကပ်လျက်ရှိသည့် ကျွန်းကလေးရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ နေရစ်တဲ့လူငယ်တွေ၊ ဒဏ်ရာရတဲ့ လူငယ်တွေကို ပြန်ထုတ်မယ်ဆိုတာမျိုးနဲ့ ပြန်ဝင်တဲ့ အချိန်ကျမှ ဟိုက လက်နက်ကြီးတွေနဲ့ ထုတာ” ဟု PDF အဖွဲ့ဝင်က ပြောသည်။ 

ညနေ ၆ နာရီဝန်းကျင်အထိ သုံးနာရီကျော်ကြာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီးနောက် အင်အားချင်းမမျှသည့်အတွက် ထပ်မံဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ ဒေသခံ PDF များမှာ တူမီးသေနတ်ကိုသာ အဓိကကိုင်စွဲပြီး ခုခံရသည့်အတွက် ထိခိုက်ကျဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“(တူမီး)က တစ်ချက်ပစ် တစ်ချက်ထွက်တဲ့ဟာလေ။ ပြီးတော့ ယမ်းအားက မကောင်းဘူး။ မိုးကရွာတော့ ယမ်းကစိုတော့ ဘာမှလုပ်လို့မရဘူး။ အဲ့ဒီအချိန်ကနေ ခုချိန်ထိ ပြေးရတော့တာပေါ့” ဟုလည်း အခြား PDF အဖွဲ့ဝင်နှင့် အဆက်အသွယ်ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ဆပ်ပြာကျင်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းမြောင်းပစ်ခတ်ခံရခြင်းကြောင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း စစ်ကောင်စီက ဇူလိုင် ၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

နှစ်ဘက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးကို  စစ်တပ်က အနီးကပ်ပစ်သတ်သွားပြီး ဘုန်းကြီးကျောင်းဝန်းအနီး စုပုံထားသည်ကို ယမန်နေ့ (ဇူလိုင် ၃) ညနေပိုင်းတွင် တွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။  

“မသေသေးဘဲနဲ့ ခြေထောက်ကို ပထမ သေနတ်မှန်တယ်၊ မပြေးနိုင်မလွှားနိုင် ဖြစ်သွားတဲ့သူကို သူတို့က အလုံးအရင်းနဲ့ဖမ်း၊ ဖမ်းပြီးတော့မှ အဲ့လိုမျိုးသူတွေကို စုပြီးတော့ ခေါင်းမှာချည်းပဲ တေ့ပစ်သွားတာ တစ်ချို့ဆိုရင် ခေါင်းတွေနောက်စေ့မှာ ပွင့်ထွက်သွားတာတွေတို့ အစုလိုက်အပြုံလိုက် အဲ့လိုမျိုးပဲ ဖမ်းပြီးတော့မှ ပစ်သွားတာ”ဟု ဒေသခံတစ်ဦးက Myanmar Now ကိုပြောသည်။ 

တိုက်ပွဲဖြစ်ပွားအပြီး ဆုတ်ခွာသွားသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် တောနင်းကာ လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီရန်ကြောင့် ဆပ်ပြာကျင်းရွာအပါအဝင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ပေကျင်းတော၊ ဆပ်လူးအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။ 

“တောထဲတဲတွေလည်း အကုန်လုံးတရစပ်လိုက်ပြီး ရှာနေတော့ ထွက်ပြေးနေရတာပေါ့။ တွေ့ရင်လည်း ပစ်သတ်ခံရမှာကြောက်တာနဲ့ အဖိုးကြီးအို၊ အမယ်ကြီးအိုတွေ တအားဒုက္ခရောက်နေတာ။ လှည်းနဲ့ တိုက်ပြေးရ။ လှည်းမရှိတဲ့သူက ကျောပိုးထမ်းပြေးရ။ ထမင်းချက်စားမယ်ဆိုတော့လည်း လာပဟဲ့ဆိုရင် ပြေးရပြန်ရော” ဟု ဆပ်ပြာကျင်းရွာဒေသခံက ပြောသည်။ 



Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...