Skip to main content

၂၀၂၁-၀၇-၂၄

 မြောက်ဥက္ကာပဆေးရုံကြီးမှာ ညက ရုတ်တရက် Oxygen ပြတ်လပ်သွားပြီး Ventilator တင်ထား တဲ့သူတွေ အကုန်သေဆုံးသွားပါတယ်လို့ သတင်းပေးပို့လာပါတယ်။


Iso 2 တွင် ၃ယောက်သေဆုံးပြီး ကျန် ward တွေမှာတော့ မသိရသေးဘူးလို့ပြောပါတယ်။


O2 ကားနောက်ကျမှ ရောက်ခဲ့လို့ ICU နဲ့ isolation ward တွေထဲ တော်တော်သေဆုံးကြတဲ့အပြင် ဒီမနက်ထိ အောက်စီဂျင် ပြန်တက်မလာပဲ သေဆုံးတဲ့ သူတွေရှိနေတုန်းလို့ဆိုပါတယ်။


ဆေးရုံကြီးတစ်ခုအနေနဲ့ အောက်ဆီဂျင်ဆိုတာ လိုမှပြေးဝယ်ရတဲ့အရာမဟုတ်ပါဘူး။ အသက်ပေါင်းများစွာမှီခိုနေတဲ့ ဆေးရုံလိုနေရာကြီးမှာ မနေ့ကတော့ ငရဲခန်းအလားသေကြေမှုတွေများခဲ့ပါတယ်။


ကိုဗစ်ကြောင့်သေတဲ့လူနာ စာရင်းတောင်လိမ်တဲ့ဒီလိုလူယုတ်မာတွေက မနေ့ကဆေးရုံမှာ O2 ကားအဝင်နောက်ကျပြီး ၃နာရီထိအောက်ဆီဂျင်ပြတ်လပ်ခဲ့တဲ့ ဒီသတင်းကိုလည်းဖုံးဖို့ O2 pipe လိုင်းဖျက်စီးခံရတယ်လို့ သတင်းကြို လွှင့်ထားကြကြောင်းပြောပါတယ်။


သူတို့ရဲ့ အာဏာငတ်ပြတ်မှုတွေကြောင့် လူ့အသက်တွေဟာ လွယ်လွယ်နဲ့ သေကြေပျက်စီးနေကြရပြီ…

Popular posts from this blog

D Day

 (၁) အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှည်း​နေ​​လှေအောင်း မြင်း​စောင်းမကျန် တွန်းလှန်တိုက်ဖျက်ရန်၊ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်​ကောင်စီခန့် အဆင့်ဆင့်​သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်း များကို တသ‌ဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံ‌ရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအ​နေဖြင့် ယ​နေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှု ကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊​ ဆေးဝါး စသည်တို့ကို စု​ဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်​ရေးတပ်မ​တော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီ​စောင့်​ရှော...

မြသွဲ့သွဲ့ခိုင်

မမြသွဲ့သွဲ့ခိုင် (၁၁ ဖေဖော်ဝါရီ ၂၀၀၁–၁၉ ဖေဖော်ဝါရီb ၂၀၂၁) သည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုအတွင်းဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ကျည်အစစ်ထိမှန်ခံရသော အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဦးခေါင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးလုနီးပါး ဖြစ်နေခဲ့ကာ ထိုနေ့ညတွင်ပင် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးနှောက်သေဆုံးသွားခဲ့သည်။ သူမမှာ အသက်ရှူစက်ဖြင့် အသက်ဆက်နေခဲ့ပြီး မိသားစုဝင်များက နောက်ရက်များ၌ အသက်ရှူစက်ဖြုတ်ခဲ့ရန် သဘောတူခဲ့သည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့၏။ သူမသည် ၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှု၏ ပထမဆုံး ကျဆုံးသူဖြစ်လာခဲ့သည်။