Skip to main content

၂၀၂၁-၀၆-၀၄ စစ်ရေး

ကောလင်းနယ်မှာ KIA နဲ့ PDF  ပူး​ပေါင်း တိုက်လို့ စစ်ကောင်စီကား ၂စီး မီးလောင်

မျက်မှောက်ခေတ် ဇူလိုင်(၄)

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အတွင်းမှာ ဒီကနေ့ ဇူလိုင်(၄)ရက် ညနေပိုင်းက ကောလင်းPDFနဲ့ KIA ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်ဖောက်ခွဲမှုကြောင့် စစ်ကောင်စီကား (၂)စီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တပ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KPDFနဲ့KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကား(၂)စီး မီးလောင်ခဲ့တာလို့ သိရပါတယ်။

ကား(၂)စီး မီးလောင်မှုနဲ့ တိုက်ပွဲအတွင်း (၂)ဖက် ကျဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီအနေနဲ့လည်း တပ်ကူတွေထမ်မံခေါ်ယူနေသလို KPDFနဲ့ KIAပူးပေါင်းအဖွဲ့ကလည်း အသင့်ပြင်ထားတဲ့ အနေအထားရှိတယ်လို့ ဒေသထံတွေဆီက သိရပါတယ်။

ကောလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KPDF/KIA ပူးပေါင်းအဖွဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတွေသေဆုံးမှုများနေပါတယ်။

(မျက်မှောက်ခေတ်သတင်းဌာနသည် ရန်ကုန်​ခေတ်သစ် ၏ မဟာမိတ်သတင်းဌာန ဖြစ်သည်)



ဒီပဲယင်း

“သေဆုံးသူက ၂၆ ယောက်ပါ။ ပိုင်ရှင်ပေါ်တာကတော့ ၂၀ ရှိပါပြီ။ ပြည်သူက တယောက်ပဲ ပါပါတယ်။ သာမန် လမ်းသွားလမ်းလာ ပြည်သူပါပဲ။”

သေဆုံးတဲ့သူတွေထဲက ၂၅ ဦးကတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်တာ သေချာပါတယ်။ RPG နဲ့ပစ်တာ၊ ကျနော်တို့ဆီမှာလည်း RPG ကျည်အခွံတွေ ရထားပါတယ်ခင်ဗျ။ သာမန်ပြည်သူကတော့ တယောက်ပဲ ပါပါတယ်။ ကျန်တာကတော့ ပြည်သူ့ကာကွယ်ရေးတပ်၊ PDF ပေါ့၊ ဒီပဲယင်း PDF က ကျနော်တို့ ရဲဘော်တွေ ကျတာပါ။”

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ နိုင်ငံပိုင်သတင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒေသခံ PDF တွေနဲ့ အရပ်သား သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်တာ မရှိသေးသလို ဗွီအိုအေက သီးခြားအတည်ပြုလို့လည်း မရသေးပါဘူး။

ဒီနေ့မှာတော့ နှစ်ဖက် ပစ်ခတ်မှုတွေ မရှိပေမယ့် ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်းမှာ ဒီနေ့မနက်အစောပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်း ရွာတွေ အပါအဝင် အဲဒီဒေသတဝိုက်မှာတော့ စစ်ကောင်စီဘက်က လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း အဆိုပါ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။

“ဒီနေ့ကတော့ ထူးထူးခြားခြား ပစ်ခတ်မှုအခြေအနေ မရှိပါဘူး။ ဒီနေ့ကတော့ တောနင်းပြီးတော့ ရှာနေတာပဲ။ ဒီပဲယင်း အနောက်ဘက်ခြမ်းက ရွာတွေမှာ ရှာဖွေဖမ်းဆီးတာတွေ ရှိနေပါတယ်။ မြို့ပေါ်မှာတော့ မနက်ခင်း ၁၀ နာရီ ပတ်ဝန်းကျင်က ဗုံးတလုံးကွဲတယ်။ မြို့ပြင် မြို့ချုံစပ်မှာ။”

ဒါ့အပြင် ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ရက်ရက်စက်စက် ကျူးလွန်ထားတာတွေကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

“တော်တော်များများ ကျနော်တို့တွေတဲ့ ရုပ်အလောင်း (Dead Body) တွေမှာ မျက်နှာတွေ မကောင်းဘူး။ မျက်နှာတွေကို တေ့ပစ်ထားတာတွေ ရှိတယ်။ ဦးနှောက်တွေ ဖွာလန်ကျဲနေတာတွေ၊ မေးရိုးတွေ ပြုတ်ကျနေတာတွေ၊ လူနာကို ကျနော်တို့ ကောက်ခွင့်မပေးဘူး၊ လူနာကောက်တဲ့သူတွေကို ကိုယ့်လူနာနဲ့ကိုယ် တည်ထိုင်ပြီးတော့ အဲဒီနေရာကို တည်ကျင်းပြန်ထားတာပေါ့နော်။ ကောက်ခွင့်မရလို့ မကောက်တော့ဘူးဆိုတဲ့ အချိန်ကျပြန်တော့လည်း သူတို့လည်း မကောက်ဘူး။ သုံ့ပန်းအဖြစ်နဲ့လည်း မဖမ်းဘဲနဲ့ တေ့ပစ်တာတွေ ကျနော်တို့ တွေ့ထားရတယ်။”

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...