Skip to main content

၂၀၂၁-၀၇-၁၇

 ရန်ကုန်တွင် ကိုဗစ်ကြောင့် လူသေနှုန်းမြင့်တက်လာပြီး တစ်နေ့ အလောင်း ၈၀၀ ဝန်းကျင်အထိ ရှိလာ၊ 


အောက်စီဂျင် ပြတ်လပ်မှု အခြေအနေဆိုးဝါးလာဟုဆို


------------------------

ရန်ကုန်၊ ဇူလိုင် ၁၇ 


ရန်ကုန်တွင် ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် လူသေနှုန်းမြင့်တက်လာပြီး တစ်နေ့လျှင် အလောင်း ၈၀၀ ဝန်းကျင်ရှိလာကြောင်း၊ ယင်းအပြင်  အောက်စီဂျင် ပြတ်လပ်မှု အခြေအနေဆိုးဝါးလာကြောင်း ရန်ကုန်အခြေစိုက် ပရဟိတ  နာရေးကူညီမှုအသင်းတာဝန်ရှိသူတချို့က ပြောဆိုသည်။ 


"အခုဖြစ်နေတာက လူသေတဲ့နှုန်းကလည်း ကျနော်တို့ လက်ခံရရှိနေတဲ့ ဖုန်းအရေအတွက်က တစ်နေ့ကို ၁၀၀ ကျော်အထိ ဖြစ်လာတယ်။ အလောင်းတွေ သယ်ဖို့ မနိုင်တော့ဘူး။ သုဿာန်တွေဘက်ကလည်း တစ်နေ့လုံး တစ်ညလုံး သူတို့မီးရှို့ ပေးတာရှိပေမယ့် မနိုင်ဘူး။ လွန်ခဲ့တဲ့ ၂ ရက်က ၆၀၀ ကျော်လောက် ရှိရာကနေ အခုတော့ ၈၀၀ လောက်အထိ ရောက်လာပြီ။ သေတာကလည်း တဖြုတ်ဖြုတ်ပဲ။ တချို့နာရေးရှင်တွေကို တစ်မြို့နယ်တည်းဖြစ်တယ်၊ ရပ်ကွက်ချင်းက  နီးရင် နှစ်လောင်း ၊ ၃ လောင်း ထပ်သယ်မယ် အဲဒါကိုလက်ခံလား၊ လက်ခံရင် ကျနော်တို့ အဲဒီလိုကို အလောင်းတွေ ထပ်ပြီး သယ်နေရပြီ" ဟု ရန်ကုန်အခြေစိုက် ပရဟိတ နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။ 


လက်ရှိတွင် စစ်ကောင်စီက အလောင်းများကို ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင် သုဿာန်များတွင် မြို့နယ်အလိုက် သဂြိုလ်ရန် သတ်မှတ်ထားကြောင်း၊ သုဿာန်များတွင် အလောင်းများ ပုံနေဆဲဖြစ်ကြောင်း ပရဟိတ အသင်းတာဝန်ရှိသူက ဆိုသည်။ 


"အလောင်းကတော့ ပုံနေဆဲပဲ။ ရေဝေးမှာလည်းပုံနေတာပဲ။ အလောင်းတွေကိုတော့ အောက်ကိုတော့ ပေးမချဘူး။ ရေဝေးက ကားပေါ်မှာပဲ ထားခိုင်းတယ်။ အလှည့်ကျ ခေါ်တယ်။ ပြီးရင် မီးသဂြိုလ်စက်ထဲမှာ ပုံထား။ ထပ်ခေါ် အဲဒီလိုနဲ့ သွားတယ်။ လူမြင်ကွင်းမှာတော့ မပုံတော့ဘူး။ ကျီစုကတော့ လူမြင်ကွင်းမှာ အလောင်းတွေ ပုံနေတယ်။ ထိန်ပင်လည်း  ပုံနေတယ်။ အရေးကြီးဆုံးကတော့ အလောင်းသယ်တဲ့ အိတ်တွေ မရှိတော့ဘူး။ ဝယ်လို့လည်း မရဘူး။ ပလတ်စတစ်၊ စောင်၊ ဖျာ၊ တာပေါ်လင်စတွေနဲ့ ပတ်ပြီး ဖြစ်သလို အလောင်းတွေ ချနေရတယ်" ဟု အခြားနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကဆိုသည်။ 


လက်ရှိတွင် ပြည်တွင်းသို့ အောက်စီဂျင်များ တင်သွင်းမှုရှိလာသော်လည်း အောက်စီဂျင်လိုအပ်၍ ဖုန်းခေါ်သော အရေးပေါ် ဖုန်းခေါ်ဆိုမှု တစ်နေ့လျှင် ၅၀၀ နီးပါး ရှိလာနေသည်ဟု အောက်စီဂျင် ကူညီရေး ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက ဆိုသည်။ 


"အရေးပေါ် အောက်စီဂျင် ဖြည့်ချင်တယ်။ အောက်စီဂျင်အိုးလိုချင်တယ်။ Flow Meter ဘယ်မှာရမလဲ။ မျိုးစုံပဲ ။ ခေါ်တဲ့ ဖုန်းတွေက အသည်းအသန် အောက်စီဂျင် ကျနေလို့ ခေါ်တာကများတယ်။ မနေ့ကဆိုရင် ကျနော်တို့ အောက်စီဂျင်လိုလို့ ခေါ်တဲ့ ဖုန်းတွေ အရမ်းများလို့ နောက်ဖုန်းတစ်လုံး ထပ်စီစဉ်ရတယ်။ နိုင်သလောက် ကူပေးပေမယ့် တကယ် မနိုင်တော့ဘူး။ အောက်စီဂျင် တင်သွင်းတာတွေရှိပေမယ့် လူနာ အရေအတွက် များလာတာ။ တစ်နေ့ တစ်ခြား လူနာများလာတဲ့သဘောလို့ ပြောလို့ရတယ်" ဟု တောင်ဒဂုံမှ အောက်စီဂျင် ကူညီရေးပေးအဖွဲ့ တာဝန်ရှိသူကဆိုသည်။ 


လက်ရှိတွင် အလောင်းသယ်ပေးနေသည့် ပရဟိတ အသင်းသားများ၊ လူနာများကို ဆေးရုံသို့ သယ်ပို့ လုပ်ဆောင်ပေးနေသည့် စေတနာ့ဝန်ထမ်းများ အပါ အဝင် ပရဟိတ စေတနာ့ဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရပြီး လုပ်ငန်းများ ရပ် ဆိုင်းရမှု ရှိလာကြောင်း သိရှိရသည်။ 


"ဒီလို အခြေအနေမျိုးကြီးနဲ့ နောက်ထပ် ၁ လလောက်ဆိုရင် ကျနော်တို့ စေ တနာ့ဝန်ထမ်းတွေလည်း လဲကုန်မယ့် အခြေအနေရှိတယ်။ တစ်နေ့ တစ်နေ့မှာ လုပ် ရတာက ပိုများလာတယ်။ ဝန်ပိလာတယ်။ အဲဒီဝန်ပိတဲ့ဒဏ်နဲ့ ရောဂါကူးစက်မှု တွေကြောင့် ကျနော်တို့ ဒီ ကူညီပေးနေတဲ့ အသိုင်းအ၀ိုင်းကြီးပါ ပြိုလဲနိုင်တဲ့အခြေအနေ မြင်နေရတယ်" ဟု ရန်ကုန်ပရဟိတ တာဝန်ရှိသူက ဆိုသည်။ 


ဓာတ်ပုံ- ဒဂုံဆိပ်ကမ်းမြို့နယ်၊ကျီစုသုဿာန် တွင် ဇူလိုင်လ ၁၆ ရက်နေ့ မြင်တွေ့ရသည့် မြင်ကွင်း။  Photo Credit- NKM / Burma VJ

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...