Skip to main content

၂၀၂၁-၀၇-၁၂ အောက်စီဂျင် ကန့်သတ်

အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဟု ဇော်မင်းထွန်း ဝန်ခံ၊ မလိုအပ်ဘဲ ပြည်သူများ အောက်စီဂျင်ဝယ်နေ၍ ကန့်သတ်ဟုဆို


ရန်ကုန်၊ ဇူလိုင် ၁၂ 


စစ်ကောင်စီအနေဖြင့် အောက်စီဂျင်စီစက်ရုံများမှ ပြည်သူများ၏ တစ်ဦးချင်း အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုလိုက်သည်။ 


ရန်ကုန်အပါအဝင် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများတွင် ပြည်သူများသို့ အောက်စီဂျင်ရောင်းချမှု ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ကန့်သတ်မှုများဖြစ်ပေါ်လာပြီး လက်ရှိတွင် စက်ရုံအများစုမှာ စစ်ကောင်စီ၏ ညွှန် ကြားချက်ကြောင့် ပြည်သူများကို​ အောက်စီဂျင်ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။  


" အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ လိမ်လည်မှုတွေရှိနေကာ ပြည်သူတွေကလည်း မလိုဘပ်ဘဲ အောက်ဆီဂျင်ဖြည့်နေတဲ့အတွက် ကန့်သတ်လိုက်ရတာဖြစ်တယ်" ဟု အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုသည်။ 


အောက်စီဂျင်ဖြည့်ဆည်းခွင့်ကို ကန့်သတ်ရုံမကဘဲ အများပြည်သူသို့  အောက်စီဂျင်အိုး ရောင်းချမှုများကိုလည်း ရပ်ဆိုင်းထားရန် စစ်ကောင်စီက တောင်ဒဂုံအတွင်းရှိ အောက်စီဂျင်ဆလင်ဒါအိုးအရောင်းဆိုင်များကို ယနေ့   လိုက်လံ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။


အလားတူ မွန်ပြည်နယ် မော်လမြိုင်တွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျောက်တန်းစက်မှုဇုန် သံလွင် အောင်စီဂျင်စက်ရုံတွင် အောက်စီဂျင် လာဖြည့်ရန် ပြည်သူများ တန်းစီနေစဉ် နယ်မြေခံ ရဲစခန်းမှ စခန်းမှူးက လာရောက်ပြီး ချက်ချင်းစက်ရုံပိတ်ရန်နှင့်အောက်စီဂျင် ထည့်ပေးသူများကို ပစ်ခတ်မည်ဟု ခြိမ်းခြောက် စက်ရုံပိတ်ခိုင်းကြောင်း မော်လမြိုင်သတင်းရင်းမြစ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်း ။ Photo Credit - ဆင်ဟွာ။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...