Skip to main content

၂၀၂၁-၀၇-၀၅

 ကသာတွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်မှု ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ထက်မနည်းသေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၀ 


စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါ အဝင် တပ်ဖွဲ့ဝင် ၁၈၀ ဦး သေဆုံးကြောင်း  စစ်ကိုင်းPDF က ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။ 


ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ ၈ ၊ တပ်ရင်း ၅ ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များဖြစ်သည့် တပ်မ ၈၈ ၊ ကသာတပ်ရင်း ၃၀၄ နှင့် ၃၀၉ တို့ကို မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ 


ဇူလိုင်လ ၅ ရက်နေ့ ည  ၉  နာရီခန့်တွင် PDF နှင့် KIA က ထောင်ထားသောမိုင်း ၂ လုံးမိသဖြင့် စစ်ကောင်စီအဖွဲ့ဝင်  ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကောက်ကွေ့ချောင်းအတိုင်းနယ်ချဲ့လာသော စစ်ကောင်စီအဖွဲ့ဝင် ၁၀၀ ဦးပါစက်လှေ ၃ စီးကို KIA နှင့် PDF က  RPG ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ ၂ စီး နစ်မြုပ်ပျက်စီးကာ စစ်ကောင်စီအဖွဲ့ဝင် ၆၀ ဦးထက်မနည်းသေပြီး (၁) စီးမှာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။


 ဇူလိုင်လ ၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူးဦး ဆောင် ၍ နယ်မြေအတွင်း ကျွံဝင်လာရာ အသင့်ကာကွယ်ထားသည့်မိုင်း ၄  လုံးမိ၍ ဗျူဟာမှူးအပါအဝင်  စစ်ကောင်စီဘက်မှ ၃၀ ထက် မနည်းသေဆုံးကြောင်း သတင်းထုတ်ပြန်သည်။


ဇူလိုင်လ ၉  ရက်နေ့တွင် မြို့လှကျေးရွာသို့ စစ်ကောင်စီတိုက်လေယာဉ် ၄  စီးနှင့် လေကြောင်းပစ်ကူ ခြေလျင်ထိုးစစ်တို့ဖြင့်ဝင်ရောက်လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးကာ ၇၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ဘက်မှ  ၃ ဦးကျဆုံးကာ ၃ ဦး အဆက် အသွယ်ပြတ်နေကြောင်း သတင်းထုတ်ပြန်သည်။ 


ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကသာ ၃၀၉ တပ်ရင်းမှ မြို့လှသို့စစ်ကူလာသော Double Cub ၁  စီးနှင့် ၆ ဘီးကား (၁) စီးတို့ကို ပေါမမြိုင်ကျေးရွာနှင့် ကသာကားကြီးကွင်းကြားတွင် KPDF နှင့် KIA ပူးပေါင်းတပ်မှ ပဒေသာမိုင်းအတွဲဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးတားကြီးအုပ်စု၊ မိုးတားလေးအုပ်စု၊ အုပ်ချေ၊ မြို့လှ၊ မှတ်တိုင်၊ နမ့်စန်း၊ ဆူးပုတ်ကုန်းရွာအနီးတဝိုက်တွင် ၎င်းတို့ တပ်ဖွဲ့ဝင်များ ၏အလောင်းများကို ကျင်းတူးမြုပ်နှံလျက်ရှိပြီး ဒဏ်ရာရနှင့် မသေမရှင်များကို ရေကြောင်းမှ သယ်ယူလျက်ရှိကြောင်း  သတင်းထုတ်ပြန်ထားသည်။

Popular posts from this blog

၂၀၂၁-၀၆-၀၃ အထွေထွေ

မန္တလေးတွင် ချင်းအမျိုးသား ရဲတပ်ကြပ်ကြီး သေနတ်ပစ်ခံရပြီး သေဆုံး မန္တလေးမြို့ အုန်းချောနယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဦးလိန်းဟုန်း(U Ling Hung)ဟာ မနေ့(ဇွန်၃)က ဆိုင်ကယ်နဲ့ အလုပ်သွားစဉ် အမည်မသိလူတစုက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်လို့ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

နေသန်မောင်

Source: Irrawaddy ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို အာဏာသိမ်းစစ်တပ်က မတ်လ ၉ ရက်တွင် ဝင်ရောက်စီးနင်းပြီးနောက် အမှုဆောင် ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် ထုတ်လုပ်သူ ကိုဟံသာညိန်းကို ဖမ်းဆီးနှိပ်စက်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို အင်းစိန်ထောင်တွင် ၃ လနီးပါးချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန်နိုင်ငံသား ဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။ ၎င်းတို့ကို ဖမ်းဆီးစဉ်က စစ်တပ်က မည်ကဲ့သို့ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် မည်ကဲ့သို့ နှိပ်စက်ခဲ့သည်ကို သိရှိနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော ကိုနေသန်မောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်အား ဖော်ပြလိုက်ပါသည်။ မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု သုံးခုလောက်ကို တည်းဖြတ်နေတဲ့အချိန် ပြင်ဆင်နေတဲ့ အချိန်မှာ ကျနော်တို့ပြောဖြစ်ကြတယ်။ ငါတို့ ဒီမနက်ပိုင်း ဒီ Report (သတင်း) တွေ တင်ပြီးသွားရင်တော့ တနေရာကို သွားရင်ကောင်းမယ်ထင်တယ်လို့ ။ ဘာဖြစ်လို့လဲဆိုတော့ ရုံးကိုတော့ ညဘက်မှာ ဝ...

၂၀၂၁-၀၆-၁၂ စစ်ရေး

စစ်ကောင်စီက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းဒေသကို ယမန်နေ့ (ဇွန် ၁၁) တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြည်သူလေးဦးနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူဦးရေတစ်သောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက အတည်ပြုသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှစ၍ စစ်ကောင်စီတပ်နှင့် KNDF တို့ ဒီးမော့ဆိုမြို့ အရှေ့တောင်ဘက်ရှိ ဒေါကူလီရွာအနီးတဝိုက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က Myanmar Now ကို ပြောသည်။ "တိုက်ပွဲစဖြစ်ကတည်းက ညမိုးချုပ်အထိ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ အလုံးရေ ၅၀ နဲ့အထက်ရှိတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ရွာတွင်ပစ္စည်းသယ်ယူရန် ကျန်ရစ်ခဲ့သော အသက် ၄၀ ကျော် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟုလည်း ၎င်းက အတည်ပြုသည်။ ထို့ပြင် ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်၊ ပဒန်းခိုရွာ၌ ရိက္ခာလာသယ်သည့် အသက် ၅၁ နှစ်အရွယ် စစ်ရှောင်ရွာသားတစ်ဦးသည်လည်း ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံတ...