Skip to main content

Posts

Showing posts from July, 2021

မင်းကင်း ပန်းဆက်ရွာ - တောင်ဖြူရွာ တိုက်ပွဲ

Source: BBC Burmese နစကကြီးနဲ့ နမခတိုင်းမှူးခင်ဗျာ အစချီပြီး "ဒီနေ့မနက် ၅ နာရီကစပြီး PDF ၂၀၀ ကျော်က ပန်းဆက်ရွာကိုတိုက်ခိုက်နေပါတယ်။ တိုင်းမှူးကိုသတင်းပို့ထားပါပြီ။ စစ်ကူအချိန်မီမလွှတ်နိုင်ရင် ရွာကို သူတို့ဝင်စီးနိုင်တော့မှာပါ။" ဆိုတဲ့ facebook post တခု မင်းကင်းကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မြင့်ရဲ့ Account ကနေ ဇူလိုင်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့မနက်မှာတက်လာပါတယ်။   နေ့ခင်းပိုင်းမှာတော့ ပျူစောထီးတွေရဲ့ facebook account လို့ဆိုတဲ့နေရာတွေကနေ ရွာသားတချို့ကို သတ်ဖြတ်ထားတဲ့ပုံတွေတက်လာပါတယ်။ အနီးကပ်ပစ်ခတ်ထားတယ်လို့ ယူဆဖွယ်ဖြစ်တဲ့ ပွင့်ထွက်ဒဏ်ရာတချို့ကိုတွေ့ရပါတယ်။ မျက်နှာမှာ အညိုအမည်းတွေ တွေ့ရသလို သေဆုံးသူတယောက်မှာ မျက်လုံးတဖက်ပိတ်လောက်အောင် ဖူးယောင်နေတာကိုလည်း တွေ့ရတဲ့အတွက် မသေခင်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလိမ့်မယ်လို့ တချို့က ယူဆကြပါတယ်။  ပန်းဆက်ရွာကို ဘာ့ကြောင့်တိုက်သလဲ ပန်းဆက်ရွာဟာ လူဦးရေ ၄၀၀၀ ကျော်ရှိတဲ့ ရွာကြီးတရွာပါ။ မင်းကင်းမြို့နယ်ထဲမှာ ဒုတိယအကြီးဆုံးရွာဖြစ်ပြီး ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတဲ့လူဦးရေကတောင် ၂၈၀၀ ကျော် ရှိပါတယ်။  "ပန်းဆက်ရွာက ပန်းဆက်နေတာကတော့ ပြည်...

၂၀၂၁-၀၇-၃၀ ဆလုံကျွန်း

 စစ်ကောင်စီတပ်သားများက ဆလုံကျွန်းပေါ်တက်ပြီး ရွာသားများကို ဖမ်းဆီးမှုများပြုလုပ်နေ တနင်္သာရီ။ ဇူလိုင် ၂၈ ဆလုံနှင့် အခြားဌာနေ တိုင်းရင်းသားများနေထိုင်သည့် မကြုံကလက်ကျေးရွာသို့ ရေတပ်မှ သင်္ဘောတစ်စီး ရောက်လာပြီး ဖုန်းထဲက ဓါတ်ပုံများနှင့် လူများကို တိုက်ဆိုင်စစ်ဆေးကာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံရွာသားများက BAP ကို ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၏ အနောက်ဘက် လန်ပိကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်အနီး က မကြုံကလက်ကျေးရွာတွင် နေထိုင်သူများသည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက် ပါဝင်ခဲ့သူများဖြစ်သည်။ ပြီးခဲ့သည် ဇူလိုင် ၂၄ ရက်ညပိုင်းကလည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အဆိုပါကျေးရွာ၏ ရွာသားအချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဆန္ဒပြပြီးနောက်မူ သတင်းဌာနအချို့က ၎င်းတို့၏မျက်နှာများပါဝင်သည့်ဓါတ်ပုံများကို ထင်ထင်ရှားရှားဖော်ပြခဲ့သဖြင့် စစ်တပ်က ကျေးရွာသို့လာရောက်ကာ ဓါတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးနေခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။ “ပြီးခဲ့တဲ့ တစ်နာရီလောက်က ရ...

၂၀၂၀-၀၇-၂၇

 မန္တလေး သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်း၍ ကျည်ထိ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား ဧရာဝတီ၊ ဇူလိုင် ၂၇၊ ၂၀၂၁ မန္တလေးမြတောင် သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး အဆိုပါ ဒဏ်ရာရ လူငယ် ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူ များထံက သိရသည်။ ပစ်ခတ်မှုတွင် လူငယ်တဦးသည် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရ ၃ ဦးစလုံးကို ချက်ချင်းခေါ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ဒဏ်ရာအခြေအနေနှင့် အသက်ရှင်မှု အေနအထားကို မသိရှိသေးကြောင်း သပိတ်စစ် ကြောင်းနှင့် နီးစပ်သူ ဒေသခံတဦးက ဧရာဝတီသို့ ပြော သည်။ "ထိတဲ့လူတွေ အကုန်လုံးကို သူတို့ ဆွဲသွားတာ သေလား၊ ရှင်လားကတော့ ဘယ်လိုမှ ပြောလို့မရဘူး။ ပစ်တော့ ထိပြီး ကျသွားတယ်။ အကုန်လုံးပြေးတဲ့အချိန်မှာ ဘယ်သူမှလည်း ဆွဲလို့ မရတော့ Body တွေက သူတို့လက်ထဲတော့ ပါသွားတယ်။ သေလား ရှင်လားကတော့ ကွန်ဖမ်း လုပ်ပေးလို့ မရဘူး။ ခေါင်းထိကတော့ ကျိန်းသေတယ်။ ဆက်တိုက် ပစ်တာ" ဟု ၎င်းက ပြောသည်။ ယနေ့ (ဇူလိုင် ၂၇) နေ့လယ်ပိုင်းတွင် မန္တလေး ဘုရားကြီးအနီး၌ သပိတ်စစ်ကြောင်း ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် အရပ်ဝတ်ဖြင့် လူတဦးမှ စ...

ကိုဗစ်ကြောင့် သေဆုံးမှု့

 “ မြန်မာနိုင်ငံမှာ Covid-19 ကြောင့် လူဘယ်လောက် သေခဲ့ပြီလဲ။” စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၂ ရက်နေ့ည ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇၂၅၃ ခုကို စစ်ဆေးရာမှာ ကိုဗစ် ကူးစက်ခံရသူ ၆၇၀၁ ယောက်၊ သေဆုံးသူ ၃၁၉ ယောက်ရှိခဲ့တယ်၊ ဒါကြောင့် အဲဒီအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်ခံရသူ စုစုပေါင်း ၂၅၃၃၆၄၊ သေဆုံးသူ စုစုပေါင်း ၆၁၃၃ ယောက် ရှိပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သတင်းဌာန အများစုကြီးကတော့ အဲဒီ ကူးစက်ခံလူနာ အရေအတွက်၊ သေဆုံး အရေအတွက်တွေကို မယုံကြည်ကြပါဘူး။ ကိုဗစ်ကြောင့် သေဆုံးသူတွေကို မီးသင်္ဂြိုဟ်ဖို့ သုသာန်တွေကို ကူညီပြီး ပို့ဆောင်ပေးနေတဲ့ ပရဟိတ လုပ်နေသူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး သေဆုံးသူ အရေအတွက် အဲဒီထက် အများကြီး များနိုင်တယ် ဆိုတာမျိုး ပြောဆို ထုတ်လွှင့်ကြရပါတယ်။ ဒါပေမယ့် စာရင်းအချက်အလက် တိတိကျကျ မရကြတာကြောင့် သေဆုံးသူ အရေအတွက် တိတိကျကျ ဒါမှမဟုတ် အနီးစပ်ဆုံး ခန့်မှန်းပြောဆိုဖို့တောင် ခက်ခဲနေတာ တွေ့နိုင်ပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမလား၊ ရန်ကုန်က သေဆုံးမှု၊ အဲဒါနဲ့ တဆက်တစပ်တည်း မြန်မာနိုင်ငံက သေဆုံးမှုတွေကို အကြမ်းဖျဉ်း တွက်ချက် ခန့်မှန်းလို့ ရ...

၂၀၂၁-၀၇-၂၄

 မြောက်ဥက္ကာပဆေးရုံကြီးမှာ ညက ရုတ်တရက် Oxygen ပြတ်လပ်သွားပြီး Ventilator တင်ထား တဲ့သူတွေ အကုန်သေဆုံးသွားပါတယ်လို့ သတင်းပေးပို့လာပါတယ်။ Iso 2 တွင် ၃ယောက်သေဆုံးပြီး ကျန် ward တွေမှာတော့ မသိရသေးဘူးလို့ပြောပါတယ်။ O2 ကားနောက်ကျမှ ရောက်ခဲ့လို့ ICU နဲ့ isolation ward တွေထဲ တော်တော်သေဆုံးကြတဲ့အပြင် ဒီမနက်ထိ အောက်စီဂျင် ပြန်တက်မလာပဲ သေဆုံးတဲ့ သူတွေရှိနေတုန်းလို့ဆိုပါတယ်။ ဆေးရုံကြီးတစ်ခုအနေနဲ့ အောက်ဆီဂျင်ဆိုတာ လိုမှပြေးဝယ်ရတဲ့အရာမဟုတ်ပါဘူး။ အသက်ပေါင်းများစွာမှီခိုနေတဲ့ ဆေးရုံလိုနေရာကြီးမှာ မနေ့ကတော့ ငရဲခန်းအလားသေကြေမှုတွေများခဲ့ပါတယ်။ ကိုဗစ်ကြောင့်သေတဲ့လူနာ စာရင်းတောင်လိမ်တဲ့ဒီလိုလူယုတ်မာတွေက မနေ့ကဆေးရုံမှာ O2 ကားအဝင်နောက်ကျပြီး ၃နာရီထိအောက်ဆီဂျင်ပြတ်လပ်ခဲ့တဲ့ ဒီသတင်းကိုလည်းဖုံးဖို့ O2 pipe လိုင်းဖျက်စီးခံရတယ်လို့ သတင်းကြို လွှင့်ထားကြကြောင်းပြောပါတယ်။ သူတို့ရဲ့ အာဏာငတ်ပြတ်မှုတွေကြောင့် လူ့အသက်တွေဟာ လွယ်လွယ်နဲ့ သေကြေပျက်စီးနေကြရပြီ…

၂၀၂၀-၀၇-၂၀

 ဦးဉာဏ်ဝင်း ကွယ်လွန်ရှာပြီ ~~~~~~~~~~~~~~~~ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရပြီး အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။

၂၀၂၁-၀၇-၁၉

 မြောက်ဒဂုံတွင် စစ်ကောင်စီက ကိုဗစ် လူနာ ဟန်ဆောင်ကာ စေတနာ့ဆရာဝန် ၅  ဦးကို ဆက်သွယ်ခေါ်ယူပြီး ပရဟိတကျန်းမာရေးရုံးခန်းကို ဝင်စီးနင်းဖမ်းဆီး ၊ အောက်စီဂျင်အိုးနှင့် ဆေးပစ္စည်းများကိုလည်း လုယူသွား ရန်ကုန်၊ ဇူလိုင် ၁၉  ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပြည်သူများကို ကိုဗစ် ၁၉ရောဂါ ကုသပေးနေသည့် ဆရာဝန် ၅ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လူနာ ဟန်ဆောင်ကာ ခေါ်ဆောင်ပြီး ဖမ်းဆီးကာ ၎င်းတို့ တည်နေရာကို မေးမြန်းပြီး ဝင်ရောက် စီးနင်းမှု လုပ်ဆောင်ခဲ့ကြောင်း မြောက်ဒဂုံတွင် ကိုဗစ် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးနေသည့် ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုချမ်းလေးကပြောဆိုသည်။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးမှုကြောင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ ကိုဗစ်ဖြစ်ပွားနေသည့် ပြည်သူများကို အွန်လိုင်း ကုသရေးလမ်းညွှန်ပေးနေသည့် ဆရာဝန် ၂ဦးနှင့် မြေပြင်ကုသရေး စေတနာ့ဝန်ထမ်း ဆရာဝန် ၃ဦး စုစုပေါင်း ဆရာဝန် ၅ ဦးတို့ကို  ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။  “မနက်က မြောက်ဒဂုံတွင်းမှာ ကိုဗစ်ပြတဲ့ လူနာလမ်းကြောင်းပေါ့။ ၉နာရီကျော်ကျော်လောက်က လူနာပြဖို့ဆိုပြီးတော့ ဆက်သွယ်လာတယ်။ အကူအညီပေးဖ...

၂၀၂၁-၀၇-၁၇

 ရန်ကုန်တွင် ကိုဗစ်ကြောင့် လူသေနှုန်းမြင့်တက်လာပြီး တစ်နေ့ အလောင်း ၈၀၀ ဝန်းကျင်အထိ ရှိလာ၊  အောက်စီဂျင် ပြတ်လပ်မှု အခြေအနေဆိုးဝါးလာဟုဆို ------------------------ ရန်ကုန်၊ ဇူလိုင် ၁၇  ရန်ကုန်တွင် ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုကြောင့် လူသေနှုန်းမြင့်တက်လာပြီး တစ်နေ့လျှင် အလောင်း ၈၀၀ ဝန်းကျင်ရှိလာကြောင်း၊ ယင်းအပြင်  အောက်စီဂျင် ပြတ်လပ်မှု အခြေအနေဆိုးဝါးလာကြောင်း ရန်ကုန်အခြေစိုက် ပရဟိတ  နာရေးကူညီမှုအသင်းတာဝန်ရှိသူတချို့က ပြောဆိုသည်။  "အခုဖြစ်နေတာက လူသေတဲ့နှုန်းကလည်း ကျနော်တို့ လက်ခံရရှိနေတဲ့ ဖုန်းအရေအတွက်က တစ်နေ့ကို ၁၀၀ ကျော်အထိ ဖြစ်လာတယ်။ အလောင်းတွေ သယ်ဖို့ မနိုင်တော့ဘူး။ သုဿာန်တွေဘက်ကလည်း တစ်နေ့လုံး တစ်ညလုံး သူတို့မီးရှို့ ပေးတာရှိပေမယ့် မနိုင်ဘူး။ လွန်ခဲ့တဲ့ ၂ ရက်က ၆၀၀ ကျော်လောက် ရှိရာကနေ အခုတော့ ၈၀၀ လောက်အထိ ရောက်လာပြီ။ သေတာကလည်း တဖြုတ်ဖြုတ်ပဲ။ တချို့နာရေးရှင်တွေကို တစ်မြို့နယ်တည်းဖြစ်တယ်၊ ရပ်ကွက်ချင်းက  နီးရင် နှစ်လောင်း ၊ ၃ လောင်း ထပ်သယ်မယ် အဲဒါကိုလက်ခံလား၊ လက်ခံရင် ကျနော်တို့ အဲဒီလိုကို အလောင်းတွေ ထပ်ပြီး သယ်နေရပြီ" ဟု ရန်ကုန်အခြေစိုက် ပရဟိတ နာရေးကူညီမ...

၂၀၂၁-၀၇-၁၄

 ရေဝေးသုဿာန်တွင် ယနေ့  အလောင်းများ ရာပေါင်းများစွာ ပုံနေ၍ မိသားစုများ ပြန်ခိုင်းပြီး စုပေါင်း သဂြိုလ်ရန်  ကြမ်းပြင်တွင် ချထားရ(ရုပ်/သံ) ရန်ကုန်၊ ဇူလိုင် ၁၄  ရန်ကုန်တိုင်း၊ ရေဝေးသုဿာန်တွင် ယနေ့ ရုပ်အလောင်း ရာပေါင်းများစွာ ပုံနေ၍ မီးသဂြိုလ်စက်က အလျဉ်မီအောင် မသဂြိုလ်နိုင်တော့ဘဲ မိသားစုဝင်များကို ပြန်ခိုင်းပြီး ရုပ်အလောင်းများကို ကြမ်းပြင်တွင် ချထားကာ အစုလိုက် သဂြိုလ်နေရကြောင်း နာရေးကူညီသူများထံမှ သိရှိရသည်။ "ကျနော်က အခု ၄ နာရီခွဲကမှ အသက်ရှုကြပ်ဆုံးသွားတဲ့ အလောင်းကို သွားပို့တာ။ အသက်ရှုကြပ်ပြီး အောက်စီဂျင်မရလို့ ဆုံးတာ။ ကိုဗစ်သံသယလူနာပေါ့။" ဟု ဘိုစိန် ပရဟိတ အဖွဲ့မှ ဦးဘိုစိန်က ပြောသည်။  ဦးဘိုစိန်၏ အဆိုအရ ၎င်း၏ ရှေ့တွင်ပင် စုပုံထားသော အလောင်း တစ်ရာကျော်ရှိသည်ဟုဆိုသည်။ "အလောင်းတွေက ပုံထပ်နေတာပဲ။ ရှေ့မှာလည်း တောက်လျှောက် သဂြိုလ်နေတာကို အလျဉ်မမီတော့တာ" ဟု ဦးဘိုစိန်က ပြောသည်။ ယနေ့ ရေဝေးသုဿာန်တွင် အမေဖြစ်သူ ကိုဗစ်သံသယဖြင့် ကွယ်လွန်၍ သဂြိုလ်ရန် ပရဟိတအဖွဲ့နှင့် သွားပို့ဆောင်ခိုင်းရာတွင် မိသားစုဝင်ပါလာပါက ပြန်ရန် ပြောဆိုပြီး အလောင်းထားခဲ့ရန် သုဿာန်တာဝန်ရှိသူတချို့က ပြောဆိုကြေ...

ကနီ လူသတ်မှုများ

 စစ်တပ်မွှေသည့် ကနီမြို့မှ နှိပ်စက်သတ်ဖြတ်ခံရသူ ၁၅ ဦး၏ ရုပ်အလောင်းတွေ့ရှိ ------------------------------------------------------------- (ကြည့်ရှုသူအတွက် ထိတ်လန့်စရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ထိုမှတ်တမ်းဓာတ်ပုံများကို Myanmar Now ဝက်ဘ်ဆိုက် https://www.myanmar-now.org/mm တွင် ဖော်ပြထားပါသည်။) စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက်တိုက်ဝင်မွှေသွားသည့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းရွာနှင့် တစ်မိုင်ကျော်ခန့်အကွာ တောထဲတွင် ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အလောင်း ၁၅လောင်း ရှာဖွေတွေ့ရှိရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံငါးဦးက အတည်ပြုသည်။  ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာများသို့ ဇူလိုင် ၉၊ ၁၀၌ စစ်တပ်ရောက်လာချိန်တွင် ကြောက်လန့်၍ အနီးရှိတောများအတွင်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်သည့်​ ဒေသခံများအနက် ၂၆ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာတွင် ထိုသို့တွေ့ရခြင်းဖြစ်ကြောင်း Myanmar Now က ဖုန်းဆက်မေးမြန်းရာတွင် ၎င်းတို့က ပြောသည်။ အလောင်းများကို ယင်းရွာ၏ အရှေ့ဘက် ခင်တန်းရှည်တောင်ကုန်းပေါ်မှ ချိုင့်ထဲ ဇွန် ၁၁၊ ၁၂ ရက်နေ့များတွင် ရှာတွေ့ခဲ့ခြင်းဖြစ်...

၂၀၂၁-၀၇-၁၂ အောက်စီဂျင် ကန့်သတ်

အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဟု ဇော်မင်းထွန်း ဝန်ခံ၊ မလိုအပ်ဘဲ ပြည်သူများ အောက်စီဂျင်ဝယ်နေ၍ ကန့်သတ်ဟုဆို ရန်ကုန်၊ ဇူလိုင် ၁၂  စစ်ကောင်စီအနေဖြင့် အောက်စီဂျင်စီစက်ရုံများမှ ပြည်သူများ၏ တစ်ဦးချင်း အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုလိုက်သည်။  ရန်ကုန်အပါအဝင် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများတွင် ပြည်သူများသို့ အောက်စီဂျင်ရောင်းချမှု ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ကန့်သတ်မှုများဖြစ်ပေါ်လာပြီး လက်ရှိတွင် စက်ရုံအများစုမှာ စစ်ကောင်စီ၏ ညွှန် ကြားချက်ကြောင့် ပြည်သူများကို​ အောက်စီဂျင်ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။   " အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ ကန့်သတ်ချက်ရှိတယ်။ တကယ်လိုအပ်သူတွေအနေနဲ့ သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံချက်နဲ့သွားရောက်ဖြည့်ဆည်းနိုင်ပါတယ်၊ အောက်ဆီ...

၂၀၂၁-၀၇-၀၅

 ကသာတွင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်မှု ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ထက်မနည်းသေဆုံး ရန်ကုန်၊ ဇူလိုင် ၁၀  စစ်ကိုင်းတိုင်း၊ကသာမြို့နယ်တွင် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် ၄ ရက်အတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါ အဝင် တပ်ဖွဲ့ဝင် ၁၈၀ ဦး သေဆုံးကြောင်း  စစ်ကိုင်းPDF က ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။  ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် KIA တပ်မဟာ ၈ ၊ တပ်ရင်း ၅ ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များဖြစ်သည့် တပ်မ ၈၈ ၊ ကသာတပ်ရင်း ၃၀၄ နှင့် ၃၀၉ တို့ကို မြို့လှကျေးရွာအနီးတွင် ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။  ဇူလိုင်လ ၅ ရက်နေ့ ည  ၉  နာရီခန့်တွင် PDF နှင့် KIA က ထောင်ထားသောမိုင်း ၂ လုံးမိသဖြင့် စစ်ကောင်စီအဖွဲ့ဝင်  ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကောက်ကွေ့ချောင်းအတိုင်းနယ်ချဲ့လာသော စစ်ကောင်စီအဖွဲ့ဝင် ၁၀၀ ဦးပါစက်လှေ ၃ စီးကို KIA နှင့် PDF က  RPG ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ ၂ စီး နစ်မြုပ်ပျက်စီးကာ စစ်ကောင်စီအဖွဲ့ဝင် ၆၀ ဦး...

၂၀၂၁-၀၇-၀၉

နေပြည်တော် စစ်ကောင်စီလက်အောက်ခံ ရုံးများတွင် ကိုဗစ်ကူးစက်မှု ဆိုးဝါးလာ နေပြည်တော်၊ ဇူလိုင် ၉ ခေတ်သစ် နေပြည်တော်တွင် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အစိုးရရုံးများတွင်ပါ ကိုဗစ် - ၁၉  ပျံ့နှံ့မှုများ အင်မတန် ဆိုးလာသဖြင့် ယနေ့ နံနက်ပိုင်းက စတင်ပြီး နေပြည်တော် ၈ မြို့နယ်အတွင်း တစ်နေရာနှင့် တစ်နေရာ သွားလာမှုများ စတင် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်းများကိုသာ အကန့်အသတ်ဖြင့် ခွင့်ပြုကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ အစိုးရရုံးများ ရှိသော ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀၀ နီးပါး ရှိပြီး ပြည်ထဲရေး၊  နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီရုံး၊ ဗဟိုဘဏ်၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့တွင် ကိုဗစ်ပိုး ကူးစက်ခံရမှုများရှိနေကြောင်း သိရသည်။ နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်မှ အမှတ် ၁၇ ရဲတပ်ရင်းတွင်လည်း ကိုဗစ်ပိုး ကူးစက်ခံရမှုများ ရှိနေသဖြင့် ရဲတင်ရင်းကို Lockdown ချထားကြောင်း၊ ရဲများမှတဆင့် မိသားစုဝင်များပါ ကူးစက်ခံထားရကြောင်း ဝန်ထမ်းမိသားစုဝင်များထံမှ သိရသည်။ "ဘဏ်ဝန်...

၂၀၂၁-၀၆-၀၄ စစ်ရေး

ကောလင်းနယ်မှာ KIA နဲ့ PDF  ပူး​ပေါင်း တိုက်လို့ စစ်ကောင်စီကား ၂စီး မီးလောင် မျက်မှောက်ခေတ် ဇူလိုင်(၄) စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အတွင်းမှာ ဒီကနေ့ ဇူလိုင်(၄)ရက် ညနေပိုင်းက ကောလင်းPDFနဲ့ KIA ပူးပေါင်းအဖွဲ့ရဲ့ ပစ်ခတ်ဖောက်ခွဲမှုကြောင့် စစ်ကောင်စီကား (၂)စီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ တပ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို KPDFနဲ့KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကား(၂)စီး မီးလောင်ခဲ့တာလို့ သိရပါတယ်။ ကား(၂)စီး မီးလောင်မှုနဲ့ တိုက်ပွဲအတွင်း (၂)ဖက် ကျဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီအနေနဲ့လည်း တပ်ကူတွေထမ်မံခေါ်ယူနေသလို KPDFနဲ့ KIAပူးပေါင်းအဖွဲ့ကလည်း အသင့်ပြင်ထားတဲ့ အနေအထားရှိတယ်လို့ ဒေသထံတွေဆီက သိရပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KPDF/KIA ပူးပေါင်းအဖွဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတွေသေဆုံးမှုများနေပါတယ်။ (မျက်မှောက်ခေတ်သတင်းဌာနသည် ရန်ကုန်​ခေတ်သစ် ၏ မဟာမိတ်သတင်းဌာန ဖြစ်သည်) ဒီပဲယင်း “သေဆုံးသူက ၂၆ ယောက်ပါ။ ပိုင်ရှင်ပေါ်တာကတော့ ၂၀ ရှိပါပြီ။ ပြည်သူက တယောက်ပဲ ပါပါတယ်။ သာမန် လမ်းသွားလမ်းလာ ပြည်သူပါပဲ။” သေဆုံးတဲ့သူတွေထဲက ၂၅ ဦးကတော့ ဒေ...

၂၀၂၁-၀၇-၀၂ စစ်ရေး

 ကောလင်းမြို့ပေါ် နေအိမ်တစ်လုံးအတွင်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးကျည် ကျ၍ အမျိုးသမီး နှစ်ဦးဒဏ်ရာရ၊ သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက် (Video) ရန်ကုန်၊ ဇူလိုင် ၂ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးအတွင်း ဇူလိုင်လ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။ အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့ရှိ ထွေအုပ်ရုံးအတွင်းမှနေ၍ လက်နက်ကြီးပစ်ခတ်ကြောင်း၊ ထွန်းဖောင်ဒေးရှင်းဘဏ်အနောက်လမ်းရှိ နေအိမ်တလုံး ခေါင်မိုးပွင့်ထွက်သွားပြီး အနည်းဆုံး အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့တွင် ကောလင်းမြို့ သစ်ဆိမ့်ကုန်းရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး အသတ်ခံရခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် ကောလင်းမြို့ပေါ်၌ လုံခြုံရေးတင်းကြပ်စွာချထားပြီး ယခုလို လက်နက်ကြီးများဖြင့် မြို့ပေါ်တွင် ရမ်းသန်းပစ်ခတ်နေခြင်း ဖြစ်သည်။ ကောလင်း သစ်ဆိမ့်ကုန်းတွင် စစ်ကောင်စီတပ်များကို KIA နင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက...